Main menu

Background

စင်ကာပူမှာ အချိန်တိုကန်ထရိုက်လုပ်သားများ ၅ ရာခိုင်နှုန်းကျော်ရှိ

Tue, 01/19/2010 - 07:46 -- Anonymous (not verified)

    ၂ဝဝ၉ ခုနှစ် ဇွန်လစာရင်းအရ သုံးလမပြည့်တဲ့ အချိန်တိုကန်ထရိုက်လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နေထိုင်ခွင့်ရရှိသူ လုပ်သား ၈၇၄ဝဝ ရှိတဲ့အတွက် လုပ်သားအင်အားစုစုပေါင်းရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းရှိနေပါတယ်။ ဒီအထဲက ၄၇ ဒသမ ၁ ရာခိုင်နှုန်းက အသက် ၄ဝ ကနေ ၅၉ နှစ်ထိရှိပြီး ၇၄ ဒသမ ၇ ရာခိုင်နှုန်းရဲ့ ပညာအရည်အချင်းက အလယ်တန်းနဲ့ အောက်အဆင့်မှာသာ ရှိပါတယ်။ ၆၇ ဒသမ ၂ ရာခိုင်နှုန်းက လစာတစ်လကို စင်ကာပူဒေါ်လာ ၁ဝဝဝ အောက်ရှိပါတယ်။    နောက်ထပ်အချိန်ပိုင်းလုပ်ငန်းမှာ လုပ်ကိုင်နေသူလုပ်သား ၁၅၆ဝဝဝ ရှိပြီး ဒီလုပ်သားဦးရေက နေထိုင်ခွင့်ရသူ အလုပ်သမား ၈ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီအုပ်စုမှာ ၄၈ ဒသမ ၇ ရာခိုင်နှုန်းက အသက် ၄ဝ ကနေ ၅၉ အထိရှိပါတယ်။ ၆၈ ဒသမ ၅ ရာခိုင်နှုန်းရဲ့ပညာရေးဟာ အလယ်တန်းနဲ့ အောက်အဆင့်သာရှိပြီး လစဉ် ဝင်ငွေ စင်ကာပူဒေါ်လာ ၁ဝဝဝ အောက်သာရှိပါတယ်။ ဒီအုပ်စုထဲမှာ အမျိုးသမီးက ၆၄ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်ပြီး အများစုက ဝန်ဆောင်မှုကဏ္ဍမှာ ရှိပါတယ်။  Channelnewsasia.com