Main menu

Background

ဇန်နဝါရီလ တတိယပတ်မှာ ဒုတိယပတ်ထက် လိမ္မော်သီးတန်ချိန် ၆၀၀ကျော် တာချီလိတ်နယ်စပ်မှပိုမိုတင်ပို့

Thu, 01/28/2010 - 04:48 -- Anonymous (not verified)

   မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဘက်ထိုင်းနိုင်ငံသို့ ရာသီသီးနှံ လိမ္မော်သီးများတင်ပို့လျက် ရှိရာ  ဇန်နဝါရီလတတိယပတ်တွင် လိမ္မော်သီး တန်ချိန် ၆၅၀ကျော်ကို တန်ဖိုးအားဖြင့် ဒေါ်လာတစ်သိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့တယ်လို့ တာချီလိတ်နယ်စပ် ကုန်သည်တစ်ဦးထံမှသိရပါတယ်။   ဇန်နဝါရီလဒုတိယပတ်မှာတော့ လိမ္မော်သီး တန်ချိန်၅၀ကျော်ပဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၆၀၀ကျော်ပိုမို ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။Source: နကသ (တာချီလိတ်)(ခင်မြနွယ် - MIRT)