Main menu

Background

ဈေးကွက်နှင့် ဒီမိုကရေစီ

Thu, 01/14/2010 - 07:39 -- Anonymous (not verified)

သူ့ရွှေခောတ်နှင့်သူ ဘောဂဗေဒ ပညာရှင် အကျော်အမော်တို့ အဖို့ အယူအဆလိုက်၍ သူ့ခေတ်နှင့်သူ ရွှေခေတ်ရှိ ကြကုန်သည်။ သူ့ခေတ်နှင့်သူ ရေပန်း စားခဲ့ကြသည်။ အရင်းရှင်စနစ်အကျပ် အတည်းကြီး ဆိုက်ချိန်၌ ကားလ်မတ်(စ်) ၏အရင်းကျမ်းသည် အလွန်ရေပန်းစား ခဲ့သည်။ ဆိုဗီယက် ယူနီယံပေါ်ပေါက်လာသောအခါ ကားလ်မတ်စ်၏အရင်း ကျမ်းသည် အထွတ်အထိပ်ရောက်သွား သည်။ ဒုတိယကမ္ဘာစစ်၌ ဘောဂဗေဒ ပညာရှင်ကြီး ဂျွန်မေနပ်ကိန်း(စ်)၏ ဘောဂဗေဒသီအိုရီက ထိပ်တန်းသို့ထိုး ဖောက်တက်လာသည်။ ၁၉၉၀ ပြည့်နှစ် တွင် ဘောဂဗေဒပညာရှင် မီလ်တန်ဖရိုင်မင်၏ သီအိုရီတို့က အစိုးရတိုင်း အတွက် လက်စွဲဖြစ်ခဲ့သည်။ မီလ်တန်ဖရိုင်မင်က အစိုးရနှင့် ကြီးကြပ်ကွပ်ကဲမှု တို့ထက် ဈေးကွက်ကပိုပြီး ပါဝါနှင့်စွမ်းဆောင် ရည်ပိုအားကောင်း ပုံကို သက်သေထူပြသည်။ဗွန်ဟာရက် မီလ်တန်ဖရိုင်မင် ပေါ်ပြီးနောက် ဖရက်ဒရစ်ဗွန်ဟာရက် ပေါ်လာ ည်။ သူက "မြေကျွန်စနစ်သို့ သွားရာလမ်း"ဆိုသော ကျမ်းဖြင့် အစိုးရ၏ စီးပွားရေးထဲ ဝင်ရောက်စွက်ဖက်မှုကို ဝေဖန် တိုက်ခိုက်သည်။ အစိုးရ ဘဏ္ဍာကို ကြီးထွားအောင် ပြုခြင်းသည် လူတစ်ဦးချင်း လွတ်လပ်မှုတို့ကို ဆုံးရှုံးစေသည်ဟု ထောက်ပြသည်။ လူတို့သည်အစိုးရ၏ ကျေးကျွန်တွေဖြစ်ရ၍ ဈေးကွက်တန်ခိုး လည်း ဆုံးရှုံးသည်။  ဒီမိုကရေစီ ကိုလည်း ဆုံးရှုံး စေသည်ဟု နိမိတ်ဖတ် ဟောခဲ့သည်။ ဟာရက်၏ ဟောကိန်းသည် ဆိုရှယ်လစ်စနစ်ကို ဦးတည်တိုက်ခိုက်ခဲ့ သဖြင့် ဆိုဗီယက် ယူနီယံနှင့်ဆိုရှယ်လစ် နိုင်ငံများ ပြိုကျပုံကိုကြည့်၍ သူ၏ သီအိုရီမှန်ကန်သလိုဖြစ်ခဲ့သည်။ဈေးကွက်နှင့် ဒီမိုကရေစီ ဈေးကွက်နှင့် ဒီမိုကရေစီကို တွဲကြည့်လေ့ရှိကြသည်။ အစိုးရ၏ ကဏ္ဍကိုတိုးချဲ့မှုသည် ဈေးကွက် ကိုယိုင် လဲစေသည်ဆိုသောအချက်၌ စောဒက မတက်ကြသော်လည်း အစိုးရ၏ကဏ္ဍ ကြီးထွားမှု သည် ဒီမိုကရေစီကို လျော့ပါး စေသည်ဟူသော အချက်၌ကား ဝိဝါဒ တွေကွဲပြားကြသည်။ ပုံစံနမူနာထား၍ အငြင်းပွားသော ကိစ္စမှာ အမေရိကန် သမ္မတ အိုဘားမား၏ ပြည်သူ့ကျန်းမာ ရေး စောင့်ရှောက်မှု အစီအစဉ်ဖြစ်သည်။ ဤအစီအစဉ်သည် အစိုးရ၏ကဏ္ဍကို ကြီးထွား စေခြင်းဖြစ်ရာ ပါမောက္ခ ဟာရက်ကျမ်းအဆိုကိုကိုင်ပြောသူတို့က အိုဘားမား၏ ကျန်းမာရေး အစီအစဉ်သည် အစိုးရအရွယ်အစားကိုကြီးမားစေသည်ဖြစ်၍ ဒီမိုကရေစီအတွက် စိုးရိမ်စရာဟု ထောက်ပြလာကြသည်။ ဤတွင် အငြင်းအခုန်သည် အစိုးရအရွယ်အစားကြီးမြင့်ခြင်းသည် ဒီမိုကရေစီကို လျော့ပါး စေခြင်းရှိ မရှိဆို ခြင်းထက်ပိုသွားသည်။ ဟာရက်၏ သီအိုရီသည် ဤခေတ်၌ဆီလျော် မှန်ကန်ပါ သလောဟူ၍အထိ ဖြစ်လာသည်။ အမေရိကန်တွင် အစိုးရအရွယ် အစားကြီးမားလာသည်ကား အမှန်ပင် ဖြစ်သည်။ သို့သော် ဒီမိုကရေစီ မယိုယွင်းပေ။ ဒီမိုကရေစီပိုပြီး အားကောင်းလာသည်။ ထို့ကြောင့် ဗွန်ဟာရက်၏ သီအိုရီ သည် ယခုခေတ်၌ မှားသွားပြီဟု ကောက်ချက်ချလာကြသည်။ သိမ်မွေ့ အစိုးရ အရွယ်အစားကြီးလာ၍ ဖရီးမားကက် အထိုက် အလျောက် ထိခိုက် သွားသော်လည်း ဒီမိုကရေစီ ကမူ အားကောင်းဆဲ ဖြစ်သည်။ အစိုးရ ဝင်ရောက်စွက်ဖက်မှုသည် မားကက်(ဈေးကွက်)ကို လည်း ဖြိုသည်။ ဒီမိုကရေစီကိုလည်း ဖြိုသည် ဟုဆိုသော အယူအဆ ဟောင်းသည် ယိုင်လဲသွားသည်။ အမေရိကန်အစိုးရ ၏ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် ကြောင့် ဈေးကွက်လည်းမယိုင်၊ ဒီမိုက ရေစီလည်း မယိုင်ဟု သုံးသပ်ပြသည်။ အစိုးရက ဈေးကွက်ထဲ ဝင်ရောက်ကျား ကန်ပေးရခြင်းရှိသော်လည်း ဤ သဘောသည် ဆိုရှယ်လစ် လက္ခဏာမ ဟုတ်ပေ။ ဤသို့ဆိုရသည်မှာအစိုးရဝင် လျှင် ဆိုရှယ်လစ်ဆန်သည်ဟု တရားသေ စွဲလမ်းနေသောကြောင့် ဖြစ်သည်။ ဗွန်ဟာရက်၏အမြင်သည် ၂၁ ရာစု နောက်ပိုင်းအတွက် မမှန်ကန်တော့ဟု ဆိုစေကာမူ သူ၏ဆိုစကားတစ်ခုကို နှလုံးမူထားကြသေးသည်။ ဤဆိုစကား မှာ "စီးပွားရေးပျက်စီးဆုံးရှုံးမှုဆိုသည် မှာ သိမ်မွေ့နူးညံ့သည်" The economic demage is subtle ဟူ၍ဖြစ်သည်။အညွှန်း။    bloomberg.comမောင်စူးစမ်း