Main menu

Background

တရုတ်က သံမဏိပြားဈေးနှုန်းမြှင့်တင်

Thu, 01/21/2010 - 09:05 -- Anonymous (not verified)

    တရုတ်သံမဏိထိပ်တန်းကုမ္ပဏီဖြစ်တဲ့ ဘောင်စတီးဟာ ကာလရှည်ကြာငြိမ်သက်နေခဲ့တဲ့ သံပြားဈေးနှုန်းတွေကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလအရောင်းကစပြီး ၅ ရာခိုင်နှုန်း တိုးမြှင့်လိုက် ကြောင်းနဲ့ တရုတ်နိုင်ငံက ဈေးနှုန်းစတင်တိုးမြှင့်မှုကြောင့် ဥရောပနဲ့ အမေရိကန်နိုင်ငံတို့ကလည်း ဈေးနှုန်း တိုးမြင့်လာကြတော့မယ်လို့ ထင်မြင်ယူဆကြောင်း သံမဏိဈေးကွက် သုတေသနအစီရင်ခံစာ တစ်စောင်မှာ ပါရှိပါတယ်။    တရုတ်နိုင်ငံမှာ သံမဏိဝယ်လိုအား ဦးမော့လာသလို ထုတ်လုပ်မှုကုန်ကြမ်းဖြစ်တဲ့ သံရိုင်း ဈေးနှုန်းကလည်း တစ်လျှောက်လုံးမြင့်တက်လာနေခဲ့တာဟာ သံမဏိကုန်ချောဈေးနှုန်းတက်ဖို့ ကို တွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလပစ္စည်းပေးသွင်းမှု အတွက် Cold rolled coil  တစ်တန်ကို ယွမ် ၅၈ဝဝ (ကန်ဒေါ်လာ ၈၄၉ ဒသမ ၅ဝ) Hot rolled coil  တစ်တန်ကို ယွမ် ၄၅၆ဝ (ကန်ဒေါ်လာ ၆၆၇ ဒသမ ၉၄) ထိ ၅ ရာခိုင်နှုန်းစီမြင့်တင်ထားပါတယ်။ မြှင့်တင် လိုက်တဲ့ Cold rolled coil ဈေးဟာ၂ဝဝ၈ ခုနှစ် အောက်တိုဘာနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်ပြီး Hot rolled coil ဈေးကတော့ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်တယ်လို့ သိရပါတယ်။Source: businesspectalor.comစန္ဒာပျို