Main menu

Background

တရုတ်ပြည်ကို သွားတဲ့ လက်ပံပွင့်ခြောက်

Thu, 07/02/2009 - 21:23 -- cjadmin

တစ်ဘက်နိုင်ငံမှာ စားသုံးဖို့ လက်ပံပွင့်ခြောက်တွေ အမှာရှိလာတဲ့ အတွက် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တဆင့် တစ်ဖက်နိုင်ငံသို့ အမယ်သစ်အဖြစ် တင်ပို့ခွင့်ရရှိခဲ့တယ်လို့ လွယ်ဂျယ်နယ်စပ် ကုန်သည် တစ်ဦးထံမှ သိရပါတယ်။ လက်ပံပွင့် ခြောက် တန်ချိန် ၁၆ တန် တန်ဖိုး အားဖြင့် ကျပ် ၄ ဒဿမ ၈ သန်း ဖိုးခန့် ဇွန်လ တတိယပတ်က စတင်တင်ပို့နိုင်ခဲ့တယ်လို့လည်း လွယ်ဂျယ် နယ်စပ်ကုန်သည်အသင်းမှ သတင်းရရှိပါတယ်။ ဆက်လက်ပြီးလည်း တင်ပို့နိုင်မဲ့ အလားအလာ ရှိတယ်လို့ သိရပါတယ်။Source: နကသ(လွယ်ဂျယ်) ကေကေ