Main menu

Background

တာဝန်ပျက်ကွက်တဲ့ ဆရာဝန်တွေအတွက် စင်ကာပူက ပြစ်ဒဏ်တိုးမြှင့်

Tue, 01/19/2010 - 07:51 -- Anonymous (not verified)

    တာဝန်ပျက်ကွက်တဲ့ဆရာဝန်တွေအတွက် ပြစ်ဒဏ်တိုးမြှင့်သတ်မှတ်လိုက်တဲ့ ဆေးဘက်ဆိုင်ရာမှတ်ပုံတင်အက်ဥပဒေကို စင်ကာပူပါလီမန်က အတည်ပြုပေးလိုက်ပါတယ်။ ဆရာဝန်တွေကို တိုင်တန်းတဲ့ အမှုအရေအတွက်ဟာ ၂ဝဝ၃ ခုနှစ်က ၆၂၉၂ ခုရှိခဲ့ရာမှ ၂ဝဝ၉ ခုနှစ်မှ ၉ဝ၃၃ မှုအထိတိုးတက်လာခဲ့ပါတယ်။ ဒီနှုန်းအရဆိုရင် ဆရာဝန် ၁ဝဝဝ မှာ ၁၁ ဦးအတိုင်ခံရတာဖြစ်ပေမဲ့ ထိတ်လန့်စရာကောင်းလောက်အောင်တော့ မဖြစ်သေးပါဘူးလို့ ကျန်းမာရေးဝန်ကြီး ခေါဘွန်ဝန်ကပြောပါတယ်။    ''စင်ကာပူနိုင်ငံသားတွေဟာ ကျန်းမာရေးအဆင့်အတန်းမြင့်မားစွာံစားခွင့်ရနေပြီး ကျွန်တော်တို့ ဆရာဝန်တွေဟာ ကျင့်ဝတ် သိက္ခာမြင့်မားပါတယ်။ လုပ်ငန်းကျွမ်းကျင်ပြီး အရည်သွေးပြည့်ဝပါတယ်။ ဒါပေမဲ့ တခြားအသက်မွေးမြူလုပ်ငန်းတွေမှာလိုပဲ သိုးမည်းတွေတော့ရှိပါတယ်။ ဆေးလောကသားတွေရဲ့ နာမည်ကောင်းကို ထိန်းသိမ်းနိုင်ဖို့အတွက် အရည်သွေးပြည့်ဝ၊ ပွင့်လင်းပြီး တရားမျှတမှုရှိတဲ့ ဆောင်ရွက်မှုရှိဖို့လိုပါတယ်။ အလွဲသုံးစားမှုတွေကို အလျင်အမြန်ဖြေရှင်း ပေးဖို့လိုပါတယ်'' လို့လည်းပြောကြား ပါတယ်။တာဝန်ပျက်ကွက်တဲ့ ဆရာဝန်များအပေါ်ချမှတ်တဲ့ အမြင့်ဆုံးဒဏ်ကြေးကို စင်ကာပူဒေါ်လာတစ်သောင်းကနေ တစ်သိန်း အထိတိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။    အက်ဥပဒေထဲမှာ နောက်ထပ်တိုးလိုက်တဲ့ ပုဒ်မအရ စင်ကာပူဆေးကောင်စီ (အက်စ်အမ်စီ) က ဆရာဝန်တစ်ဦးရဲ့ ဆေးကုသ ခွင့်ကို လက်ရှိသုံးနှစ်ပိတ်ထားခွင့်ရှိရာကနေ ဒီထက်ပိုပြီး ပိတ်ပင်ခွင့်ရတော့မှာဖြစ်ပါတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ အခက်အခဲ တွေ့ကြုံရလာတဲ့ ဆရာဝန်တစ်ဦးကလည်း သူ့ကိုမှတ်တမ်းစာရင်းက ပယ်ဖျက်ဖို့၊ သို့မဟုတ် ရပ်ဆိုင်းထားဖို့ သူ့လုပ်ငန်း ဆောင်ရွက်ချက်အပေါ်မှာ စည်းကမ်းချက်တွေ သတ်မှတ်ပေးဖို့ မိမိဆန္ခအလျောက် ဆေးကောင်စီကို တင်သွင်းခွင့်ရှိပါတယ်။    ယခုလို ပြင်ဆင်မှုဟာ လိုအပ်ရုံမျှမက ဆေးလောကရဲ့တန်ဖိုးကိုလည်း မြှင့်တင်ပေးနိုင်ပါလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။                       CNA