Main menu

Background

ပန်းနှမ်း အရောင်းအဝယ်ကောင်း

Tue, 01/19/2010 - 08:52 -- Anonymous (not verified)

    မန်းဈေးကွက်ကို ပန်းနှမ်း အဓိက ဝင်ရောက်တာကတော့ တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရှမ်းမြောက်၊ သီပေါ၊ ကျောက်မဲ၊ တန့်ယန်းဒေသများ ဧရာဝတီမြစ်ရိုး တစ်လျှောက် ကသာ၊ ထီးခိုျင့်၊ ဗန်းမော်တို့ဘက်က ဝင်ရောက်ပါတယ်။ မန်းဈေး ကွက်ကို ၂ဝဝ၉ ဒီဇင်ဘာ တတိယ ပတ်မှ စတင်ဝင်ရောက်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ အဖွင့် ဈေးကတော့ သုံးတင်းတစ် အိတ်ကို ၄၃ဝဝဝ ကျပ်နဲ့ စဖွင့်ခဲ့ပါ တယ်။ တစ်ပိဿာ ၉၅၅ ကျပ်ဈေးနဲ့ စဖွင့်ခဲ့ပြီး ယခု ၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်မှာ ပန်းနှမ်း သုံး တင်း တစ်အိတ်ထိပ်စ ၅၁၅ဝဝ ကျပ်၊ ၅၁ဝဝဝ ကျပ်၊ အိတ်ဈေးနဲ့ တစ်ပိဿာဈေးနှုန်းကတော့ ၁၁၃၃ ကျပ်၊ ၁၁၄၄ ကျပ်ဈေး ရှိပြီး ပစ္စည်းအဝင်နည်းပေမယ့်ရောင်း အားဝယ်အားကောင်းမွန်ကြောင်း သိရ ပါတယ်။                                                                                                                                            တင်ဇာမိုျး