Main menu

Background

ပြည်တွင်းစားအုန်းဆီဈေး အနည်းငယ်လှုပ်ရှား

Tue, 01/19/2010 - 08:21 -- Anonymous (not verified)

     ပြည်တွင်းစားအုန်းဆီ ဘဏ်သွင်းဈေး အနည်းငယ်ပြောင်းလဲလာသလို ပြည်တွင်းစားအုန်းဆီ ဈေးကွက် အနည်းငယ်လှုပ်ရှားနေကြောင်း ဈေးကွက်အတွင်းမှ သိရပါ တယ်။  ယခင်အပတ်က ဘဏ်သွင်း ဈေးမှာ တစ်ပိဿာ ၁၄၉၇ ကျပ်ဖြစ်ပြီ၊ ယခုတစ်ပတ်မှာ ၁၅၁၄ ကျပ်ကို ပြောင်းလဲလာပါတယ်။ ဒါကြောင့် ဆီကိုယ်စားလှယ်ကြီး တွေရဲ့ အရောင်းဆိုင်တွေကလည်း တစ်ပိဿာ ၁၅၄၄ ကျပ်နဲ့ ရောင်းချနေကြပါတယ်။ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးရှိ ဆီဆိုင်ကြီးများမှာတော့ စားအုန်းဆီ လက်ကားဈေး ယခင်အပတ်ထက် မြင့်တက်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ၁၈၅ဝ ကျပ်မှ ၁၉ဝဝ ကျပ်ကြားမှာ ပြေးနေပါတယ်။ ရပ်ကွက်မြို့နယ် လက်လီအရောင်း ဆိုင်တွေမှာတော့ တစ်ပိဿာ ၂ဝဝဝ ကျပ်မှ ၂၂ဝဝ ကျပ် ကြား ရောင်းချနေကြောင်းသိရပါတယ်။ အကြော်သမားများ၊ မုန့်လုပ်သူများ၊ အခြေခံလူတန်းစားများက အဝယ်များ တဲ့စားအုန်းဆီဟာ ပဲဆီထက် အရောင်း သွက်တာကြောင့် မလေးရှား စားအုန်း ဆီဈေး၊ ငွေလဲနှုန်း၊ FOB ဈေး၊ ဆိပ်ကမ်းအရောက်ဈေးတွေကို အမြဲ လေ့လာနေရတယ်လို့ ဘုရင့်နောင် ဆီကုန်သည် တစ်ဦးကပြောပါတယ်။                                                                                                                 လွင်လွင်မိုး