Main menu

Background

ဗီယက်နမ်က ၂ဝ၁ဝ ပထမသုံးလမှာ ဆန်တန်ချိန် တစ်သန်းခွဲနီးပါ တင်ပို့ဖို့ မျှော်လင့်

Sat, 01/16/2010 - 10:54 -- Anonymous (not verified)

      ဗီယက်နမ်နိုင်ငံက ဒီဇင်ဘာလအတွင်းမှာ ဆန်တန်ချိန်သုံးသိန်းနီးပါး တင်ပို့ပြီးဖြစ်လို့ ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအနေနဲ့ တန်ချိန် အားဖြင့် ၆ သန်း ကျော်ပြီဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၄၃ ဘီလီယံကျော် ရရှိပြီးဖြစ်တယ်လို့ ဗီယက်နမ်စားနပ် ရိက္ခာ အသင်းက ပြောကြားပါတယ်။    ၂ဝ၁ဝ ရဲ့ ဇန်နဝါရီပထမပတ်အတွင်းမှာ ဆန်တင်ပို့တဲ့လုပ်ငန်းရှင်များဟာ တစ်တန်ကို ကန်ဒေါ်လာ ၄၈ဝ မှ ၆၆၄ ဒသမ ၉ အတွင်း ဈေးနဲ့ စုစုပေါင်း ဆန်တန်ချိန် ၂ ဒသမ ၃၈ သန်းရောင်းချဖို့ စာခုျပ်အသစ်တွေ ခုျပ်ဆိုပြီးပြီလို့ဆိုပါတယ်။ ပထမသုံးလ အတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၄၇ သန်း တင်ပို့နိုင် လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောကြားပါတယ်။ Source: riceonline.com