Main menu

Background

မန္တလေးက ပန်းတမော့ ကျောက်ဆစ်လုပ်ငန်း

Sat, 06/27/2009 - 16:47 -- cjadmin

ပန်းတမော့ဟုခေါ်သော ကျောက်ဆစ်လုပ်ငန်းကို မန္တလေးတိုင်း၊ မန္တလေးမြို့၊ ဘုရားကြီးကျောက်ဆစ်တန်း၊ကျွန်းလုံးဥသျှောင်ရပ်ကွက်မှာ အများဆုံးပြုလုပ်ပါတယ်။ ကျောက်ဆစ်လုပ်ငန်းကို မန္တလေးမြို့မှာ မင်းတုန်းမင်းလက်ထက်မှ စတင်ပြီး သမီးတော်ဈေး(ယခုပြည်ကျော်ဈေး) အနီးမှာ ပြုလုပ်ခဲ့ပြီး ဘုရားကြီးကျောက်ဆစ်တန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ကျော်၊ ၉၀ ခန့်က စတင်ပြီး ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပါတယ်။