Main menu

Background

မန်းသစ်သီးဈေးကွက် အရောင်းသွက်

Sun, 01/10/2010 - 08:32 -- Anonymous (not verified)

    မန်းသစ်သီးဈေးကွက်သို့ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ရှမ်းပြည် နယ်၊ အောင်ပန်း၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ ဒေသများနဲ့ တိုင်းတွင်း ကျောက်ဆည်၊ မတ္တရာ၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား စတဲ့ဒေသစုံတို့မှ ဆောင်းရာသီပေါ်သစ်သီးများ ဝင်နေ ပါတယ်။ ကိုင်းတန်းဈေး၊ မင်္ဂလာဈေး၊ မန်းမြို့ဈေးစသည်များမှာ သစ်သီးများ အရောင်းဝယ်သွက်သလို လှည့်လည် ရောင်းချတဲ့ သစ်သီးတွန်းလှည်း များလည်း အရောင်းသွက်တာကို တွေ့ရပါတယ်။ မန်းသစ်သီး ဈေးကွက် မှာ ထောပတ်သီး ၁ဝ လုံးကို ၈ဝဝ ကျပ် မှ ၁ဝဝဝ ကျပ်၊ လိမ္မော်သီး ၁ဝ လုံးကို အကြီး၊ အသေးလိုက်၍ ၇ဝဝ ကျပ်မှ ၁ဝဝဝ ကျပ်၊ ပန်းသီး ၁ဝ လုံးကို  ၁ဝဝဝ ကျပ်မှ ၁၅ဝဝ ကျပ်၊ ပျားလိမ္မော် တစ် ပိဿာကို ၁၈ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်၊ သင်္ဘောသီး တစ်လုံးကို ၂၅ဝ ကျပ်မှ ၃ဝဝ ကျပ်၊ ဖရဲသီး တစ်လုံးကို ၇ဝဝ ကျပ် မှ ၈ဝဝ ကျပ်၊ သခွားမွှေး(ဗမာ) တစ်လုံး ကို ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်၊ သခွားမွှေး (ထိုင်ဝမ်) တစ်လုံးကို ၆ဝဝ ကျပ်မှ ၇ဝဝ ကျပ်၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးကို ၃၅ဝ ကျပ်မှ ၄ဝဝ ကျပ်၊ သီးမွှေးငှက် ပျော တစ်ဖီးကို ၃ဝဝ ကျပ်မှ ၄ဝဝ ကျပ် စသည့်ဈေးနှုန်းများဖြင့် သစ်သီးဆိုင် များ၊ ပွဲရုံများမှာ အရောင်းအဝယ် သွက်နေတာ တွေ့ရပါတယ်။