Main menu

Background

ယင်ဖြူ White Fly Bemisia tabaci

Thu, 01/21/2010 - 08:12 -- Anonymous (not verified)

    ဥရောပ၊ ဂျပန်နှင့် ကမ္ဘာ့နေရာအတော်များများ၌ တွေ့ရသည်။ ဆေးရွက်ကြီး၊ ဝါ၊ ခရမ်းချဉ်၊ ကန်ဇွန်းဥ၊ ပီလောပီနံစသဖြင့် သီးနှံ အများအပြား၌ ကျရောက်တတ်သည်။ ပဲမျိုးရင်း င်အပင်များတွင် အထူးသဖြင့် ပဲစင်းငုံနှင့်ပဲတီစိမ်း၌ ပို၍တွေ့ရသည်။    ဒေသအတော်များများတွင် ခြောက်သွေ့ သောရာသီ၌သာ ဤပိုးကျရောက်တတ်ပြီး၊ မိုးဦးကျသည်နှင့် ပျောက်ကွယ်သွား တတ်သည်။ မန္တလေးတိုင်း အောက်ဘက်ဒေသများရှိ မိုးနှောင်း ပဲတီစိမ်းစိုက်ခင်းများတွင် ပန်းပွင့်ပြီး နောက်ပိုင်း၌ကျရောက် တတ်ပါသည်။ ယင်ဖြူသည် အဝါရောင်မိုစေ့ရောဂါကို အဓိကသယ်ဆောင်သည့် ပိုးဖြစ်ပါသည်။ အရွက်အောက်မျက်နှာပြင်တွင် အဖြူရောင် အကြေးမှုံစက်ကလေးများ အဖြစ်တွေ့ရသည်။ အပင်ကို ခါကြည့်ပါက ဖလံနှင့်တူသော အဖြူရောင်အကောင်ငယ်များ ပံျထွက်လာပြီးမကြာခင်အရွက် အောက်မျက်နှာပြင်တွင်ပြန်လည် တွယ်ကပ်ပြီး ငြိမ်နေတတ်ပါသည်။    ယင်ဖြူအမသည် မိမိ၏သက်တမ်းတစ်ပတ်ခန့် အတွင်းဥပေါင်း ၁ဝဝ အထက်ဥနိုင်သည်။ သေးငယ် ၍လုံးရှည်ပုံရှိသောဥများကို အရွက် အောက်မျက်နှာပြင်တွင် ဥထားလေ့ရှိသည်။ အုခါစ၌ အဖြူရောင်ဖြစ်ပြီး တဖြည်းဖြည်းအညို ရောင်သို့ပြောင်းသွားသည်။ ဥဘဝ၌ ၇ ရက်ခန့်နေပြီး အကောင်ငယ်ပေါက်လာသည်။ ပိုးကောင်ငယ်ဘဝတွင် အနည်းငယ် သာရွေ့လျားပြီးအပင်ကို စုပ်စား ပါသည်။ ပိုးကောင်ငယ်၏သက်တမ်းမှာ အပူချိန်ကိုလိုက်၍ ၂ ပတ်မ ၄ ပတ်အထိ ရှိပါသည်။ ထို့နောက် ၁မီလီမီတာအရွယ်ရှိ တောက်ပသော အဖြူ ရောင်သက်ကြီးကောင်အဖြစ် အသွင်ကူးပြောင်းသည်။မှိုရောဂါနှင့်ပိုးကျရောက်မှုကို ကာကွယ်နှိမ်နင်းနည်း    (၁) အဝါရောင်မှိုစေ့အ ရောဂါဖြစ်သောဒေသတွင် ခံနိုင်ရည်ရှိသောမျိုးစိုက်ပါ။ အလေ့ကျပေါက်သော ပဲပင်များကိုဖျက်ဆီး ပစ်ပါ။ ရောဂါကင်းသော အခင်းမှသာမျိုးယူပါ။ မစိုက်မီလုံးပိန်လုံးညှပ်များ၊ အရောင်စွန်းထင်းနေသော အစေ့များကို ဖယ်ရှားပါ။    (၂) အပင်အသက် ၇၅ ရက်မတိုင်မီ ရောဂါရပါက အထွက်နှုန်းကို ထိခိုက် ပါသည်။ ၇၅ ရက်ကျော်မှ ရောဂါရပါက အထွက်နှုန်း ကိုမထိခိုက်ပါ။ အဝါရောင် မှိုစေ့ရောဂါကျရောက်သော အပင်များကို နှုတ်၍မီးရှို့ပါ၊ စိုက်ခင်းကို တစ်ပတ်တစ် ကြိမ်စစ်ဆေးပါ။ စိုက်ခင်း အသက် ၇၅ ရက်မတိုင်မီ ယင်ဖြူနှင့်အတူ ရောဂါရအပင်တွေ့ပါက ချက်ချင်း ဒိုင်မီသိုအိတ် (dimethoate) ဆေးဖြန်းပါ။