Main menu

Background

ရေထွက်ကုန် ပိုမိုတင်ပို့နိုင်တဲ့ စစ်တွေနယ်စပ်စခန်း

Wed, 01/13/2010 - 08:44 -- Anonymous (not verified)

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလတွင် ရေချိုငါး၊ ငါးသလောက်၊ ငါးစုံကလေး ခြောက်၊ ရေငန်ပုစွန်၊ ငါးနီတူခြောက်စတဲ့ ရေထွက်ကုန်များကို တန်ချိန် ၇ဝဝနီး ပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ဒသမ၄၂ သိန်း ကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။     အနီးစပ်ဆုံးကာလဖြစ်တဲ့ နိုဝင်ဘာလထက် တန်ချိန် ၁၈ဝနီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ ၂၃သိန်းဖိုး၊ ယမန်နှစ်ကာ လတူထက် တန်ချိန် ၅ဝကျော်၊တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ၅၈သိန်းဖိုးပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရပါတယ်။    စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဒီဇင်ဘာလအများဆုံး ပို့ကုန်များကတော့ ရေချိုငါး၊ မန်ကျည်းစေ့၊ ဆီးဖတ်၊ ဆီးယိုထုတ်၊ ငါးသလောက်၊ ငါးစုံကလေးခြောက်၊ ရေငန်ပုစွန်၊ ချင်းအစို၊ နနွင်းတက်၊ ငါးနီတူခြောက်၊ ဝါးသေး၊ ဖွဲနုတို့ ဖြစ်ပြီး ကန်ဒေါ်လာ ဝဒသမ၈သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့တာလို့သိရပါတယ်။ သွင်းကုန်အနေနဲ့ကတော့ဘိလပ်မြေနဲ့ဓါတ်မြေသြဇာ ၅၇တန်သာတင်သွင်းနိုင် ခဲ့ပါတယ်။   အနီးစပ်ဆုံးကာလထက်လည်း ချင်းစို၊နနွင်းတက်၊ရေချိုုငါး၊ ငါးသလောက်၊ ဆီးဖတ်၊ မန်ကျည်းစေ့၊ ဆီးသီးခြောက်၊ စမုံနက်၊ ကျား/မ စီးဖိနပ်များကို ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။  Source: နကသ(စစ်တွေ)MIRT (DOBT)