Main menu

Background

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံစီးပွားကို မြှင့်တင်ပေးမည့် သီးနှံအထူးပြုကုမ္ပဏီများ၏ ၂၀၀၉ခုနှစ် မှတ်တိုင်းများ

Tue, 01/05/2010 - 05:57 -- 2008winmyint

    မြန်မာနိုင်ငံဟာ စိုက်ပိုျး ရေးကိုအခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် လူဦးရေရဲ့ ၇ဝ% ခန့်ဟာ လယ်ယာ ကဏ္ဍနဲ့ ပတ်သက်နေတာကို အားလုံး အသိဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ စီးပွားရေး တိုးတက်ဖို့ဆိုရင် လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဟာ အဓိက အကျဆုံးဖြစ်ပါတယ်။    လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွက် ခေတ်အဆက်ဆက် နည်း အမိုျးမိုျးနဲ့ တာဝန်ရှိသူများက ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပေမယ့် အိမ်နီးချင်း နိုင်ငံအခိုျ့နဲ့ နှိုင်းယှဉ်လျှင် မမှီသေးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်းက ကမ္ဘာကျော် နိုဘယ်ဆုရ စီးပွားရေး ပညာရှင်ပါမောက္ခ ဂိုျးဆက် စတင်းဂလစ်က ကျေးလက်ဒေသတွေ ဆင်းပြီးတော့ လေ့လာတဲ့အခါ တောင် သူတွေမှာအရင်းအနှီး နည်းနေတဲ့ အကြောင်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ဖို့ ထုတ်လုပ်မှုအပိုင်းတိုးတက်အောင် ဆောင်ရွက်ရမယ်လို့ သုံးသပ်သွား တယ်လို့ သိလိုက်ရပါတယ်။ လယ်ယာ ကဏ္ဍမှာ တောင်သူတွေ အရင်းအနှီး နည်းကြလို့ ထုတ်လုပ်မှုမှာ တိုးတက် သင့်သလောက် မတိုးတက်သေးတာကို နိုဘယ်ဆုရ စီးပွားရေးပညာရှင်ကြီး မပြောမီကတဲက တာဝန်ရှိသူတွေက ကြိုတင်တွက်ဆပြီး လက်တွေ့လုပ်ရ မည့်အဆင့်တွေကို ချက်ချင်းအကောင် အထည်ဖော်ဆောင်ရွက်နေတာကို အသိပေးပြောကြားလိုပါတယ်။     လယ်ယာထွက်ကုန်ထဲမှ အဓိကအကျဆုံးဟာ ဆန်စပါးဖြစ်ပြီး မြန်မာလူမိုျးတွေရဲ့ အဓိကစားကုန် လည်းဖြစ်ပါတယ်။ ဆန်ပြီးရင် တောင် သူတွေအများဆုံး စိုက်ပိုျးထုတ်လုပ်တဲ့ သီးနံှကတော့ ပဲမိုျးစုံဖြစ်ပါတယ်။ ဒါ့ကြောင့် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တွေက ပြည်တွင်းမှာရှိတဲ့ ငွေကြေး အမြောက်အမြားရင်းနှီးနိုင်တဲ့ တိုင်းရင်း သားစီးပွားရေးလုပ်ငန်းရှင်ကြီးများကို ခေါ်ယူတွေ့ဆုံပြီး ဆန်နဲ့ပဲမိုျးစုံကဏ္ဍမှာ စတင်စိုက်ပိုျးထုတ်လုပ်သည်မှ ပြည် တွင်းပြည်ပ ဈေးကွက်ရောင်းချ သည်အထိ ှကစစူပ ဃ့ငေည နြခ့ညေငျာ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ဆန်စပါးနှင့် ပဲမိုျးစုံ သီးနံှအထူးပြုကုမ္ပဏီများကို သီးနံှအမြောက်အမြား စိုက်ပိုျးထုတ် လုပ်တဲ့ဒေသများမှာ ဖွဲ့စည်းတည် ထောင်ဖို့ တိုက်တွန်းတာဝန်ပေးခဲ့ပါ တယ်။ ဒီအထူးပြုကုမ္ပဏီကြီးတွေမှာ အရင်းအနှီးတတ်နိုင်တဲ့ ပြည်တွင်း ကုမ္ပဏီကြီးတွေက ဦးဆောင်ကုမ္ပဏီ အဖြစ် ဆောင်ရွက်ပြီး အခြားပူးပေါင်း ဆောင်ရွက်လိုတဲ့ ကုမ္ပဏီများက ပူးပေါင်းကုမ္ပဏီအဖြစ် ပါဝင်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဒေသခံကုန် သည်လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစား များ၊ စက်ပိုင်များ၊ အရင်းအနှီးရှိတဲ့ တောင်သူကြီးများက အစုရှယ်ယာများ ထည့်ဝင်ပြီး အစုရှယ်ယာပါဝင်မှု အလိုက် ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ညှိနှိုင်းရွေးချယ်ဖွဲ့စည်းခဲ့ကြပါတယ်။ အထူးပြုကုမ္ပဏီဖွဲ့စည်းပြီးရင် မူလ ဦးဆောင်ကုမ္ပဏီရဲ့ လုပ်ငန်းတွေနဲ့ ရောထွေးမှုမဖြစ်စေဖို့ ဘဏ်စာရင်း သီးသန့် ဖွင့်တာတွေ၊ ဝန်ထမ်းသီးခြား ခန့်ထားတာတွေ၊ ရုံးခန်းသီးခြား ဖွင့် ထားတာတွေ ဆောင်ရွက်ရပါတယ်။ ဒါ့အပြင်လုပ်ငန်းနယ်ပယ်အလိုက် စိုက် ပိုျးရေးမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ သီးနံှကိုင်တွယ် ကြိတ်ခွဲ သိုလှောင် တင် ပို့ရာမှာ ကျွမ်းကျင်တဲ့သူတွေ၊ ပြည် တွင်း ပြည်ပဈေးကွက်နားလည်တဲ့ သူတွေ၊ စီမံခန့်ခွဲရေးနဲ့ ငွေကြေးပိုင်းမှာ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင် မယ့် ဝန်ထမ်းတွေကို ခန့်ထားတာ ငှားရမ်းသုံးစွဲတာတွေ ဆောင်ရွက်နေကြ ပါတယ်။     တောင်သူတွေကို စိုက်ပိုျးဖို့ အတွက် မိုျးကောင်းမိုျးသန့် ဖြန့်ဝေ ခြင်း၊ သွင်းအားစုထုတ်ပေးခြင်း၊ နည်း ပညာနှင့် ငွေကြေးထောက်ပံ့ပေးခြင်း တို့ကိုလည်း စာခုျပ်စာတမ်းနဲ့ စနစ် တကျဆောင်ရွက်နေတာကိုလည်း တွေ့ ရပါတယ်။ အထူးသဖြင့် ငွေကြေးနဲ့ ပတ်သက်ရင် နှစ်ဦးနှစ်ဘက်အငြင်း ပွားမှုတွေ၊ ဆုံးရှုံးမှုတွေ မရှိအောင် တိကျပြီး စနစ်ကျတဲ့စာခုျပ်စာတမ်း တွေနဲ့ ခုျပ်ဆိုပေးအပ်တဲ့အပြင် အတိုး နှုန်းကိုလည်း ၂ ရာခိုင်နှုန်းသာ ယူကြပါ တယ်။ ဒီနေရာမှာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ဆောင်ရွက် ရတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက် တဲ့အခါ ကုမ္ပဏီရဲ့အကိုျးစီးပွားလည်း ပါတဲ့အတွက် မိမိစိတ်ချယုံကြည်ရတဲ့ တောင်သူများကို ငွေကြေးထုတ်ပေး ခြင်း၊ မိုျး၊ သွင်းအားစုများ ထုတ်ပေး ခြင်းကို ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ ဒါ့အပြင် တောင်သူများ စိုက် ပိုျးထုတ်လုပ် စဉ်ကာလမှာလည်း တတ် ကျွမ်းနားလည်သူတွေကို ကွင်းထဲ အရောက်စေလွှတ်ပြီး လိုအပ်တဲ့အခက် အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေး နေပါတယ်။ ငွေကြေးစိုက်ထုတ်ပေးတဲ့ သူအနေနဲ့ ဒီငွေကြေးပြန်လည်ရရှိ ဖို့ဟာ ငွေယူထားတဲ့ သူတွေရဲ့ လုပ် ငန်းအောင်မြင်မှုပေါ်မှာ အဓိကကျတဲ့ အချက်ကို ဆောင်ရွက်ခြင်းဖြစ်လို့ တခြားငွေချေးတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့ မတူတာကို သတိထားမိပါတယ်။     ငွေနဲ့သွင်းအားစုတွေထုတ် ပေးရာမှာလည်း တစ်ခါတည်းပေး တာမိုျးမဟုတ်ဘဲ လုပ်ငန်းအဆင့် အလိုက် ချိန်ဆထုတ်ပေးတာမို့ တခြား ကိစ္စတွေမှာ မသုံးမိခင် ထိန်းပြီးသား ဖြစ်ပါတယ်။ ပထမသီးနံှ ရိတ်သိမ်းပြီး နောက်သီးနံှစိုက်ပိုျးတဲ့အခါ နောက် သီးနံှအချိန်မီစိုက်ပိုျးနိုင်ရေးအတွက် လိုအပ်တဲ့ ရိတ်သိမ်းေြွခလှေ့ခြင်း လုပ် ငန်းတွေမှာ အချိန်မီဆောင်ရွက်နိုင် ဖို့အတွက် လိုအပ်တဲ့ယန္တရားများကို ပြည်တွင်းပြည်ပက မှာယူ တင်သွင်းပြီး ပံ့ပိုးဆောင်ရွက်ပေးနေကြတာ တွေ့ရပါ တယ်။    တောင်သူတွေထံက ဝယ်ယူ ရာမှာလည်း အလေးတင်းတောင်း မှန်မှန်ကန်ကန်နဲ့ ပေါက်ဈေးနဲ့ ဝယ်ယူ တဲ့အပြင် အရည်အသွေးပေါ်မူတည်ပြီး ဈေးပေးတဲ့စနစ်ကို ကျင့်သုံးတဲ့အတွက် အရည်အသွေးကောင်း ထုတ်လုပ်တဲ့ တောင်သူတွေအတွက် အားတက်စရာ ဖြစ်တာတွေ့ရပါတယ်။ သီးနံှတွေကို သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲ ခြင်းကဏ္ဍတွေမှာလည်း ခေတ်မီသည့် ယာဉ်များ၊ သိုလှောင်ရုံများ၊ စက်ကိရိ ယာများကို ရင်းနှီးမြှုပ်နံှထားကြ တယ်လို့သိရပါတယ်။ ဒါတွေဟာ လယ်ယာကဏ္ဍမှာ အထူးပြုကုမ္ပဏီ များက ှကစစူပ ဃ့ငေည နြခ့ညေငျာ တစ်ခုလုံးတိုးတက်အောင် ဆောင်ရွက် နေတဲ့ လုပ်ငန်းစဉ်တွေပဲ ဖြစ်ပါတယ်။    ဧရာဝတီတိုင်းမှာဆိုရင် အဓိပတိဆန်စပါးအထူးပြုကုမ္ပဏီ အနေနဲ့ တောင်သူတွေကို သန်းပေါင်း ၆ဝဝဝ ကျော်အထိ ပံ့ပိုးပေးထားတယ် လို့ သိရပါတယ်။ ဓနုဖြူမြို့နယ်မှာ ဖွဲ့စည်းထားတဲ့ ကဉ္စနကျွန်းသာ ဆန် စပါးအထူးပြု ကုမ္ပဏီကလည်း မိုးစပါး တစ်ခုတည်းမှာ သန်းပေါင်း ၆ဝဝ ကျော် ကို ထုတ်ပေးထားတာ ဇန်နဝါရီလ ကုန်မှ ပြန်ဆပ်ဖို့ ဖြစ်ပေမယ့် တောင် သူတွေက ဒီဇင်ဘာလကုန်မှာ ချေးငွေရဲ့ ၉ဝ% ကို ပြန်လည်ပေးဆပ်ထားပြီးလို့ သိရပါတယ်။ ဒါ့အပြင်ဓနုဖြူမှာ ဖွဲ့ ထားတဲ့ ဒေါင်းတံခွန်ပဲအထူးပြု ကုမ္ပဏီ က ပဲစိုက်တောင်သူတွေကို သန်းပေါင်း ၁၂ဝဝ ကျော်ထုတ်ပေးထားပြီး မိုး စပါးနဲ့ပဲကြားမှာ အချိန်မီဆောင် ရွက်နိုင်ဖို့ ရိတ်သိမ်းချွေလှေ့စက်တွေ (ဃသာဘငညန ံမေလနျအနမ)၊ ထွန်စက်တွေ ကိုလည်း နိုင်ငံခြားက တင်သွင်းပြီး တောင်သူများအတွက် ဆောင်ရွက်ပေး နေပါတယ်။     ဒီလိုလယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်အောင် ဖွဲ့စည်းထားတဲ့ အထူး ပြုကုမ္ပဏီများရဲ့ အခြေအနေကို သက် ဆိုင်ရာဌာနမှာ စုံစမ်းကြည့်တဲ့အခါ မှာတော့ ဆန်စပါးအထူးပြုကုမ္ပဏီ အနေနဲ့ ဆန်ပိုလံျှတိုင်းနဲ့ပြည်နယ် ၄ခုမှာ ဆန်စပါးအထူးပြုကုမ္ပဏီ ၂၉ခုနဲ့  ဖွဲ့စည်းဆောင်ရွက်ပြီး ကုမ္ပဏီများက ရင်းနှီးမြှုပ်နံှမှုကတော့ ကျပ်သန်းပေါင်း ၆ဝဝဝဝ ကျော်ရှိရာ တောင်သူများကို ပံ့ပိုးထားမှုကတော့ ကျပ်သန်း ၁ဝဝဝဝ ကျော်လို့ သိရပါတယ်။ ပဲမိုျးစုံအထူး ပြုကုမ္ပဏီအနေနဲ့ ပြည်နယ်တိုင်း ၅ခု မှာ ကုမ္ပဏီ ၂၄ခု ဖွဲ့စည်းထားပြီး တောင်သူများသို့ ကျပ်သန်း ၂၅ဝဝ ကျော် ပံ့ပိုးထားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ၂ဝဝ၉ ခုနှစ်အတွင်းမှာ ဆန် စပါးနဲ့ပဲမိုျးစုံ အထူးပြုကုမ္ပဏီ ၅၃ခု ဖွဲ့စည်းဆောင်ရွက်နိုင်ပြီး တောင်သူ တွေအတွက် ကျပ်သန်းပေါင်း ၁၂၅ဝဝ ကျော် ပံ့ပိုးထားတဲ့အပြင် ှကစစူပ ဃ့ငေည နြခ့ညေငျာ  တစ်ခုလုံးမှာပါတဲ့ အဆင့်တိုင်းအတွက် လိုအပ်တဲ့ ရင်းနှီး မြှုပ်နံှမှုတွေလည်း အထူးပြုကုမ္ပဏီ အလိုက် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။    ဒီလိုဆောင်ရွက်နေမှုတွေ ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (ၤဗဥ) ပညာရှင်တွေကတောင် အလေးအနက် ထားမေးမြန်းလေ့လာစုံစမ်းလာတယ်လို့ြၤဃဃှု က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒါ့ကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ပြီး ၂ဝဝ၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ သီးနံှ အထူးပြုကုမ္ပဏီများရဲ့ ဆောင်ရွက်ချက် တွေကို ၂ဝ၁ဝ ခုနှစ်မှာ အသီးအပွင့် များအဖြစ် မြင်တွေ့ရမှာမို့ လယ်ယာ ကဏ္ဍကို အခြေပြုပြီး အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာတော့မယ့် နိုင်ငံ့ စီးပွားရေး အလားအလာကောင်းများကို နှစ်သစ်လက်ဆောင်အဖြစ် ရေးသား ဖော်ပြလိုက်ပါတယ