Main menu

Background

လယ်ယာထွက်ကုန်နဲ့ ရေထွက်ကုန်တင်ပို့မှုတက်လာတဲ့ မြဝတီနယ်စပ်

Thu, 01/28/2010 - 04:24 -- Anonymous (not verified)

   မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းက ဇန်နဝါရီလ တတိယပတ်မှာ ဒုတိယပတ်ထက် ရေထွက်ကုန်ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊လယ်ယာထွက်ကုန်ပြောင်းနဲ့ နနွင်းတက်များပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ မြဝတီနယ်စပ်ကုန်သည်တစ်ဦးထံမှ သတင်း ရရှိပါတယ်။   မြဝတီနယ်စပ်မှ ဇန်နဝါရီလတတိယပတ်တွင် ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးမျိုးစုံ၊ ရေချိုငါးပိ၊ လယ်ယာထွက် ကုန်ပြောင်းဖူးစေ့၊ နနွင်း တက်၊ ထန်း လျက်၊ အခြားစက်မှုကုန်ချော ခေါက်ဆွဲ ခြောက်၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ သနပ်ခါးရည်၊တောင်ကြီးမောက်မယ်တို့ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။   ယခင်အပတ်ကထက် ရေထွက်ကုန် တန်ချိန်၉၀ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာဝဒသမ၁၅သန်းနဲ့ လယ်ယာထွက်ကုန်နှင့် စက်မှုကုန်ချောတင်ပို့မှုမှာ တန်ချိန်၂၀၀ ကျော်၊ တန်ဖိုးအားဖြင့် ကျပ်သန်း ၁၄၀ကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့လည်း ထိုနယ်စပ် ကုန်သည်ကဆိုပါတယ်။Source: နကသ(မြဝတီ)MIRT(DOBT)