Main menu

Background

လောင်စာဆီအခက်အခဲကြောင့် မြှုံးရေယာဉ်များ ပြောင်းလဲအသုံးပြုမှုများလာ

Tue, 01/19/2010 - 08:00 -- Anonymous (not verified)

   မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီးရန်အတွက် ယခင်ကဒရွတ်ဆွဲရေယာဉ်များ အသုံးများခဲ့သော်လည်း၊ ယခုအခါ လောင်စာဆီ  အခက်အခဲကြောင့် မြံှုးရေယာဉ်များ ပြောင်း လဲအသုံးပြုလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှသိရသည်။   ''ပင်လယ်ကို ၂ လကြာ ငါး ဖမ်းထွက်ဖို့ ဒရွတ်ဆွဲ ငါးဖမ်းလုပ်ငန်း ဆိုရင် ၁ ခေါက်ကို လောင်စာဆီပီပါ အလုံး ၅၀ လောက်သုံးရတယ်။ မြံှုးရေ ယာဉ်တွေဆို ပီပါ ၁၅ လုံး-အလုံး ၂၀ လောက်ပဲသုံးရတယ်။ ဒါ့ကြောင့် ၉၉ ခုနှစ်က မြံှုးရေယာဉ် ၂၉ စီးပဲ ရှိရာ ကနေ ၁၀ နှစ်အတွင်းမှာ အစင်း ၁၀၀ ကျော်အထိ ပြောင်းလဲတိုးတက်အသုံးပြုလာတာတွေ့ရတယ်'' ဟု MFF မှ ဒုတိယဥက္ကဌ ဦးဟန်ထွန်းကပြောကြားသည်။ခင်မျိုးသွယ်