Main menu

Background

အထွက်ကောင်း အရောင်းသွက်တဲ့ မုံရွာ ဆီထွက်သီးနံှ

Tue, 01/19/2010 - 08:48 -- Anonymous (not verified)

    ယခင်နှစ်တွေက မုံရွာကုန် စည်ဒိုင်ဈေးကွက်မှာ  ၂ဝဝ၉ တစ်နှစ် တာ ကာလအတွင်း ဆီထွက်သီးနံှတွေ ဈေးကွက်ထဲ ပိုမိုဝင်ရောက်ခဲ့သလို ဈေးလည်းရခဲ့ကြတာ တွေ့ရပါတယ်။ ဆီထွက်သီးနံှ တစ်မိုျးခြင်းရဲ့ တစ်တင်း အနိမ့်ဆုံးနဲ့ အမြင့်ဆုံးဈေးတွေကို ကြည့်ရင် မြေပဲ (လုံးဆံ) ၁၆ဝဝဝ ကျပ်မှ ၂၈ဝဝဝ ကျပ်၊ နှမ်းညို ၁၈ဝဝဝ ကျပ်မှ ၂၃၇ဝဝ ကျပ်၊ နှမ်းဝါ ၁၈ဝဝဝ ကျပ်မှ ၂၆ဝဝဝ ကျပ်၊ နှမ်းနီ ၁၈ဝဝဝ ကျပ်မှ ၂၃၅ဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၂ဝဝဝ ကျပ်မှ ၃၂ဝဝဝ ကျပ် အသီးသီးဖြစ် ပေါ်ခဲ့ပြီး ၂ဝ၁ဝ ဇန်နဝါရီ ပထမပတ်မှာ မြေပဲလုံးဆံ ၂၆၅ဝဝ ကျပ်၊ နှမ်းညို ၂၂၅ဝဝ ကျပ်၊ နှမ်းနီ ၂၃ဝဝဝ ကျပ်နဲ့ နှမ်းဖြူ ၂၇ဝဝဝ ကျပ်ထိ ဆက်လက် ဈေးမာနေတာတွေ့ရပါတယ်။    ၂ဝဝ၉ ခုနှစ် တစ်နှစ်တာ အတွင်း မုံရွာကနေ မန္တလေးကို ပြည်ပတင်ပို့ရန်အတွက် နှမ်းတင်း ၂ ဒသမ ၇ သိန်းခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မုံရွာဒေသဝန်း ကျင်မှာ နှမ်းကို သုံးရာသီလုံးစိုက်ပိုျးနိုင်တဲ့အတွက် ယခုလို ဈေးကွက်ခိုင်မာ ကောင်းမွန်နေတယ်ဆိုရင် ၂ဝ၁ဝ စိုက်ပိုျးရာသီမှာ နှမ်းတောင်သူတွေ စိုက်ဧကတိုးခဲျ့ လာကြ လိမ့်မယ်လို့ လေ့လာခန့်မှန်းရရှိပါတယ်။                                                                                                                                           ထွန်းလှိုင်