Main menu

Background

၂ဝဝ၉ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ အာရှဆန်ဈေးနှုန်း အပြောင်းအလဲများ

Tue, 01/05/2010 - 10:30 -- Anonymous (not verified)

          ၂ဝဝ၉ ခုနှစ် အစောပိုင်းကာလများမှာ အာဖရိကပေါင်းဆန်အဝယ်ရှိပြီး၊ အာရှအခိုျ့နိုင်ငံတွေက အဆင့်မြင့်ဆန်မွှေးအဝယ်ရှိလို့ အာရှဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အိန္ဒိယအစိုးရရဲ့ ဘာစမာတီ ဆန်တင်ပို့မှု အနိမ့်ဆုံးဈေးနှုန်း လျှော့ချလိုက်ပြီးနောက် ယူအေအီးရဲ့ ဆန်ဈေးဟာ ၃၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ပါတယ်။ ပထမ သုံးလနှောင်းပိုင်းမှာ အာဖရိကနဲ့ ဖိလစ်ပိုင်တို့ရဲ့ ဆန်ဝယ်လိုအားကောင်းလာတာရယ်၊ ထိုင်း အစိုးရရဲ့ ကြားဖြတ်အစီအစဉ်တွေရယ်အပြင်      အိန္ဒိယပြည်တွင်းအဓိကဈေးကွက်တွေမှာ လှောင်လက်တွေ ဆန်ဝယ်လိုအားကောင်းခဲ့လို့ အိန္ဒိယဘာစမာတီဆန်ဈေးဟာ တစ်တန်ကိုကန်ဒေါ်လာ ၃ ဒသမ ၉၃ မြင့်တက်ခဲ့ သလို ထိုင်းဆန်ဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်း၊ ဗီယက်နမ်ဆန်ဈေးက ၆ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ ပါတယ်။    ဒုတိယသုံးလအတွင်းမှာတော့ ဗီယက်နမ်နိုင်ငံအနေနဲ့ ဆန်စပါးရိတ်သိမ်းပြီးချိန် ရောင်းလိုအားမြင့်မား တာရယ်၊ ထိုင်းနိုင်ငံကလည်း သိုလှောင်ဆန်ထုတ်ရောင်းဖို့ ကြေငြာခဲ့တာမို့ အာရှဆန်ဈေး ဆက်လက်ကျဆင်းခဲ့ ပါတယ်။ ဒါပေမဲ့ ပထမ ၆ လနှောင်းပိုင်းမှာ ထိုင်းအရန်ဆန်ထုတ်ရောင်းမှု နှောင့်နှေးတာရယ်၊ ဗီယက်နမ်ရဲ့ ပြည်နယ် အလိုက် ဆန်တင်ပို့ရမယ့် ခွဲတမ်းစနစ်ဖျက်သိမ်းလိုက်တာရယ်ကြောင့် ဆန်ဈေးပြန်လည်ခိုင်မာလာခဲ့ပါတယ်။      ဇူလိုင်၊ သြဂုတ်လတွေမှာ ဆန်ဝယ်လိုအား နည်ပါးခဲ့လို့ ဆန်ဈေးနှုန်းကျဆင်းခဲ့ရာ မနှစ်က ကာလ တူထက် ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ ဆန်ဝယ်လိုအား ဆက်လက် နည်းပါးနေပေမဲ့ အစိုးရတွေရဲ့ ကြားဖြတ်မူဝါဒတွေက အာရှဆန်ဈေးနှုန်းမကျအောင် အထောက်အပံ့ ဖြစ်စေခဲ့ ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ထိုင်းနိုင်ငံရဲ့ ကြားဖြတ်အစီအစဉ် ကာလကို စက်တင်ဘာလကုန်ထိ သက်တမ်း တိုးလိုက်သလို ဗီယက်နမ်ကလည်း ပြည်တွင်းဈေးနှုန်းကျဆင်းမှုကိုထိန်းခုျပ်ဖို့ လယ်သမားတွေဆီက ဆန်ဝယ်ယူဖို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။     ကမ္ဘာ့ဆန်တင်သွင်းမှုအများဆုံး ဖိလစ်ပိုင်မှာ မုန်တိုင်းဒဏ်များကြောင့် ကောက်ပဲသီးနံှတွေ ပျက်စီးခဲ့တာရယ်၊ ဆန်ထုတ်လုပ်မှု အများဆုံး အိန္ဒိယမှာ မိုးခေါင်တာရော၊ ရေကြီးတာပါဖြစ်ပွားခဲ့လို့ ဆန်အထွက် လျော့ကျပြီး ဆန်တင်သွင်းရမယ့် အခြေအနေတေ ွရယ်ကြောင့် အာရှဆန်ဈေးနှုန်းဟာ အောက်တိုဘာပထမလဝက်အတွင်း ခုန်တက်ခဲ့ပြီး လနှောင်းပိုင်းမှာတော့ ဈေးပြန်ငြိမ်ခဲ့ ပါတယ်။     နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဖိလစ်ပိုင်က ဆန်အဝယ်တင်ဒါတွေ ဆက်တိုက်ခေါ်ယူလာတာအပြင် အိန္ဒိယရဲ့ ဆန်တင်သွင်း မယ့် အစီအစဉ်တွေကြောင့် အာရှဆန်ဈေးနှုန်း ဆက်လက်ခိုင်မာခဲ့ကာ ဒီဇင်ဘာလ အတွင်းမှာ ဗီယက်နမ်ဆန်ဈေး ဟာ ၁ဝ ရာခိုင်နှုန်းခန့် ထပ်မံမြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်းမှာတော့ အိန္ဒိယရဲ့ ဆန်တင်သွင်းဖို့ ဆိုင်းငံ့တာရယ်၊ အင်ဒိုနီးရှားက ဆန်အထွက်ပိုမယ့် ခန့်မှန်းချက်တွေရယ်အပြင် ဆန်ဝယ်နိုင်ငံတွေက အဝယ်ပါးသွားတာတွေကြောင့် ဗီယက်နမ်၊ ပါကစ္စတန် ဆန်ဈေးမပြောင်းလဲပေမဲ့ ထိုင်းဆန်ဈေး အနည်းငယ်ကျဆင်းခဲ့ပါတယ်။      ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးကို ခြုံငုံသုံးသပ်မယ်ဆိုရင် နှစ်စပိုင်းမှာ အာရှဆန်ဈေးတည်ငြိမ်နေရာမှ ဆန်ထုတ်လုပ်တဲ့ နိုင်ငံအများ စုမှာ ရာသီဥတုဆိုးဝါးတာရယ်၊ သဘာဝဘေးအန္တရာယ်ကျရောက်တာတွေရယ် ကြောင့် ဆန်အထွက်လျော့ကျမယ့် အခြေအနေ၊ ဆန်ပိုတင်သွင်းရမယ့် ခန့်မှန်းချက်တွေက ဆန်ဈေးနှုန်းမြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့တာမို့ စက်တင်ဘာလမှစပြီး ဆန်ဈေး မြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။