Main menu

Background

၂ဝဝ၉ ခုနှစ် မှာပြောင်းတန်ချိန် ၃ သိန်းကျော် နယ်စပ်စခန်းများမှ တင်ပို့

Fri, 01/15/2010 - 18:20 -- Anonymous (not verified)

     အိမ်နီးချင်းနိုင်ငံများသို့ ၂ဝဝ၉ခုနှစ်တစ်နှစ်တာကာလအတွင်း နယ်စပ်စခန်းများမှ ပြောင်းတန်ချိန် ၃သိန်းကျော်တင်ပို့နိုင်ခဲ့ တယ်လို့ သိရှိ ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်နဲ့ချင်းရွှေဟော်စခန်းများမှ ပြောင်းတန်ချိန်၃ဒသမ ၄၁၄ သိန်း တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၁ သန်းကျော်ဖိုး ရှိခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနယ် စပ်ကုန်သွယ်ရေး စခန်းများမှ တန်ချိန် ၆ဝဝဝနီးပါး တင်ပို့ခဲ့ကာ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ဒသမ၃၆သန်းဖိုး ရရှိခဲ့ တာကြောင့် စုစုပေါင်း ပြောင်း တင်ပို့ မှုအနေနဲ့ ကန်ဒေါ်လာ ၇၂ သန်းကျော် ဖိုးရရှိခဲ့ပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာကာလများဟာ ပြောင်းတင်ပို့မှု များတဲ့ ကာလများ ဖြစ်ပါတယ်။ ပျမ်းမျှတစ်လပြောင်း တင်ပို့နိုင်မှုမှာ တန်ချိန် ၅၁ဝဝဝကျော် ခန့်ရှိပါတယ်။ တစ်နှစ်လုံးမှာ ရရှိခဲ့တဲ့ အနိမ့်ဆုံးပြောင်းဈေးက ၁တန်လျှင် ၁၉၄ဒေါ်လာရှိပြီး အမြင့်ဆုံးကတော့ ဇွန်၊ဇူလိုင်၊သြဂုတ်လများမှာ ၁တန်လျှင် ဒေါ်လာ၂၃ဝ နှုန်း ခန့်ထိ ဈေးရခဲ့တယ် လို့ မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ သတင်းရရှိပါတယ်။