Main menu

Background

၂ဝ၁ဝ ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းပေါင်း ၁၂ သင်း ရှိလာမည်

Wed, 01/20/2010 - 07:53 -- Anonymous (not verified)

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်မတ်လအတွင်း ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲမှာနောက်ထပ် အသင်း ၄ သင်းထပ်တိုး ပြီး အသင်းပေါင်း ၁၂ သင်းနဲ့ကျင်းပ မှာဖြစ်ကြောင်း သိရပါတယ်။       နောက်ထပ်တိုးလာမယ့်အသင်းတွေကတော့ အေစီအီးအက်ဖ်စီ၊ ဇွဲကပင် ယူနိုက်တက်အက်ဖ်စီ၊မနောမြေအက်ဖ်စီတို့ဖြစ်ပြီး ကျန်အသင်းတစ်သင်းရဲ့အမည်ကို ရွေးချယ်ဆဲဖြစ်ကြောင်းသိရှိရပါတယ်။ အေစီအီးအက်ဖ်စီ အသင်းဟာ အေစီအီး ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ထောင်ထားတဲ့ အသင်း တစ်သင်းဖြစ်ပြီး မနောမြေအက်ဖ်စီ အသင်းမှာမူ ကချင်အထူးဒေသ(၁)က ဦးဆောင်ပြီး ဆန်းလင်း(သွင်းကုန်/ ထုတ်ကုန်)ကုမ္ပဏီမှ တည်ထောင် ထားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ဇွဲကပင် ယူနိုက်တက်အသင်းမှာ ဌေးမိသားစု တည်ထောင်ထားခြင်းဖြစ်ပြီးယခင်ပထမတန်း ကလပ်အသင်းပြိုင်ပွဲဝင် ဆာရာ အက်ဖ်စီအသင်းကို အခြေခံထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။မနောမြေ အက်ဖ်စီမှာ ကချင် ပြည်နယ်ကို ကိုယ်စားပြုပြီး ဇွဲကပင်ယူနိုက်တက်အသင်းမှာ ကရင်ပြည်နယ်ကို ကိုယ်စားပြုမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။