ကမ္ဘာ့စီးပွားရေး ရစေီးကြောင်းသစ်နှင့်အတူ ပြောင်းလဲလာသော ကုန်သွယ်ရေးအခင်းအကျင်း
ရှေ့ဆက်ရမည့် စီးပွားရေးအခန်းကဏ္ဍသစ်
၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် အမေရိကန် ကွန်ကရက်လွှတ်တော်၌ ပြောကြားခဲ့သည့် ဗြိတိန်ဘုရင် ချားလ်စ်(၃)၏ သမိုင်းဝင်မိန့်ခွန်းသည် နိုင်ငံရေးနှင့် သံတမန်ရေးရာကိစ္စရပ်များသာမက ပြောင်း လဲလာနေသည့် "ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းသစ်" ကိုပါ ထည့် သွင်း မီးမောင်းထိုးပြခဲ့သည်။ အဆိုပါမိန့်ခွန်းတွင် အနာဂတ်ကုန် သွယ်ရေးကဏ္ဍ၌ အရေးပါလာမည့်အချက်များနှင့် ကြိုတင်သတိပြု ပြင်ဆင်ထားရမည့် မဟာဗျူဟာမြောက် အယူအဆများ ပါဝင်နေ သည့်အတွက် စီးပွားရေးရှုထောင့်မှ လေ့လာသင့်သော မိန့်ခွန်းတစ် ရပ်ဖြစ်သည်။
