Main menu

Background

ကုန်သွယ်ရေးသတင်း

လာမည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့်တင်ပို့မည်

Mon, 04/01/2024 - 11:17 -- journal_editor

လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် တိုးမြှင့် တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ အသင်းအနေဖြင့် ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ပြည်ပ သို့ ရော်ဘာ တန်ချိန် တစ်သိန်းခွဲကျော် တင်ပို့ထားပြီး လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် သုံးသိန်းခွဲခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။  ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာ တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကတစ်ဆင့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။  မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ စင်ကာပူ၊ အင်ဒိုနီး

ကော်ဖီတန်ချိန်၂၀ဝ၀ ခန့် ပြည်ပတင်ပို့နိုင်ရန် မျှော်မှန်းထား

Mon, 04/01/2024 - 11:15 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း ပြည်ပသို့ ကော်ဖီတန်ချိန် ၂၀ဝ၀ ခန့် တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ သိရသည်။ အဆိုပါ မျှော်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ရန် အတွက် အသင်းအနေဖြင့် လက်ရှိ၌ လိုအပ်သည့် ပြင်ဆင်မှု များကို လုပ်ဆောင်နေကြောင်း သိရသည်။  အခုက ကော်ဖီခူးဆွတ်တဲ့ ရာသီဆိုတော့ တော်တော် များများမှာလည်း ခူးပြီးနေပြီ။ ပုံမှန်ဆိုရင် ဧပြီ၊ မေ၊ ဇွန်လမှာ ပြည်ပကိုတင်ပို့ပါတယ်။ ပြည်ပဈေးကွက ် ရရှိထားတာက တော့ အာရေဗီးကားကော်ဖီပါ။ ရိုဘတ်စတာကော်ဖီ အမျိုး အစားကတော့ ပြည်တွင်းဈေးကွက်မှာ သုံးစွဲမှုများပါတယ် ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၂၇ ရက်တွင် ပြောသည်။ မြန်

မတ်လအတွင်း ပဲတန်ချိန် တစ်သိန်းငါးသောင်းကျော်တင်ပို့

Mon, 04/01/2024 - 10:41 -- journal_editor

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်လ ၁ ရက်မှ ၂၂ ရက်ထိကာလအတွင်း မတ်ပဲ ၊  ပဲတီစိမ်း၊  ပဲစင်းငုံ တင်ပို့မှု များမှာ တန်ချိန်  ၁၅၆၇၀ဝ နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂၈ ဒသမ ၄၄၈  သန်းဖိုးဖြစ်သည်။
မတ်ပဲ

မတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု အခြေအနေ

Mon, 04/01/2024 - 10:39 -- journal_editor

ရော်ဘာ
မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန်ကုန် သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၆၇၂  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ဝ  ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန်၁၆၀၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၅၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၂၂၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  တန်ချိန် ၅၆၀၊ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၉၈၇ တန်၊ ဂျပန်နိုင်ငံသို့  တန်ချိန် ၃၆၀၊ သိရိလင်္ကာနိုင်ငံသို တန်ချိန် ၂၀ဝကျော်၊ ကိုရီးယား နိုင်ငံသို့ တန်ချိန် ၁၀ဝ ကျော်နှင့် ထိုင်ဝမ်သို့လည်း တန်ချိန် ၁၀ဝ ကျော်တင်ပို့ခဲ့သည်။ 

ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပဲတင်ပို့မှု တန်ချိန် ၃၉၀ဝ၀ ကျော်ရှိ

Mon, 03/04/2024 - 12:12 -- journal_editor

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဖေဖော်ဝါရီလ၁၆ ရက်မှ ၂၃ ရက်အတွင်း မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံ တန်ချိန် ၃၉၃၇၀ ကျော် တင်ပို့ခဲ့သည်။
မတ်ပဲ
မတ်ပဲ တင်ပို့မှုမှာ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁ ဒသမ ၄၉၃ သန်းဖိုး တန်ချိန် ၁၂၀ဝ၀ ခန့်ဖြစ်သည်။ ပင်လယ်ရေကြောင်း  ကုန်သွယ်မှုဖြင့်  မတ်ပဲကို အိန္ဒိယနိုင်ငံသို့  တန်ချိန် ၁၀၆၀ဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၆၈၀ ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၃၃၀ တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံ၊ အင်ဒို နီးရှားနိုင်ငံနှင့် ယူအေအီးနိုင်ငံများသို့ပါ တင်ပို့ခဲ့သည်။
ပဲတီစိမ်း

ငှက်ပျောလျှော် တန်ဖိုးမြှင့်ထုတ်ကုန် ပြည်ပကမ်းလှမ်းမှု များလာ

Mon, 03/04/2024 - 11:15 -- journal_editor

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်နေသည့်  ငှက်ပျောလျှော် တန်ဖိုး မြှင့်ထုတ်ကုန်များကို ပြည်ပနိုင်ငံအချို့သို့ တင်ပို့နေရပြီး ဈေးကွက်သစ် နိုင်ငံအချို့ကလည်း ဝယ်ယူရန် ကမ်းလှမ်းမှုများရှိလာကြောင်း လုပ်ငန်း ရှင်များဆီက သိရသည်။

တရုတ်နိုင်ငံသို့ မြန်မာ့တစ်သျှူးငှက်ပျော တန်ချိန် လေးသိန်းနီးပါး တင်ပို့ထား

Mon, 03/04/2024 - 11:13 -- journal_editor

ကချင်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့်  မြန်မာ့တစ်သျှူး ငှက်ပျောများကို တရုတ်နိုင်ငံသို့ တန်ချိန်  လေးသိန်းနီးပါး တင်ပို့ ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ကာလတူနှင့်နှိုင်းယှဉ်ပါက  ယခု နှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်  ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိကြောင်း သိရသည်။တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧက ခြောက် သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး  ကချင်ပြည်နယ်ရှိ  မိုးမောက် မြို့နယ်၊ မံစီမြို့နယ်၊  ရွှေကူမြို့နယ်နှင့်  စစ်ကို

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာ့ဆား တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန် လျာထား

Mon, 03/04/2024 - 11:12 -- journal_editor

ယခု ၂၀၂၄ ခုနှစ်အတွင်း တောင်ကိုရီး ယားနိုင်ငံသို့ မြန်မာ့ဆား  တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန်   လျာထားကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းမှ သိရသည်။လက်ရှိတွင်  တောင်ကိုရီးယားနိုင်ငံသို့ မွန်ပြည်နယ်မှထွက်ရှိသည့် ဆားကို အဓိက တင်ပို့နေပြီး နောက်ပိုင်းတွင် ဧရာဝတီတိုင်း မှထွက်ရှိသည့် ဆားကိုလည်း  တင်ပို့ရန် စီစဉ် ထားကြောင်း သိရသည်။အဆိုပါ တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့ သည့် ဇန်နဝါရီလအတွင်း  ဆားတန်ချိန် ၅၀ဝ ခန့် တင်ပို့ထားပြီး ယင်းနိုင်ငံတွင် မြန်မာ့ဆား ဈေးကွက်ရှိသည့်အတွက်   ဈေးကောင်းရနေ ကြောင်း သိရသည်။ထို့ကြောင့် ထပ်မံ၍  တန်ချိန် ၃၀ဝ၀ဝ ခန့် တင်ပို့ခွင့်ရရှိပါက  ဧရာဝတီတို

မြဝတီကုန်သွယ်ရေးဇုန်၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 03/04/2024 - 10:57 -- journal_editor

မြဝတီကုန်သွယ်ရေးဇုန်၏  ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၃ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၀၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၃၀ သန်း ဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၃၆  သန်းဖြစ်သည်။ အနီးစပ်ဆုံးကာလဖြစ်သော ယခင်တစ်ပတ် လုပ်ငန်းဆောင်ရွက်မှု နှင့်နှိုင်းယှဉ်ပါက  ပို့ကုန်ပိုင်းတွင် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၈၃ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၀ သန်း ပိုမိုခဲ့သောကြောင့်  ကုန်သွယ်မှုပမာဏအနေဖြင့် တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၃ သန်းပိုမိုခဲ့သည်။  ယခုတစ်ပတ် ပို့ကုန်ပိုင်းတွင်ပိုမိုခြင်းမှာ  သတ္တုတ

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ တစ်ပတ်အတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 03/04/2024 - 10:55 -- journal_editor

တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ဖေဖော်ဝါရီ  ၁၇  ရက်မှ ၂၃ ရက်ထိ လုပ်ငန်းဆောင်ရွက်မှုမှာ  ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၂၀ သန်း၊ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၀၄ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၂၄  သန်းဖြစ်သည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း