ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာ့ကြက်သွန်နီ တင်ပို့ခွင့်ရရှိရေး စီစဉ်ဆောင်ရွက်နေ
မြန်မာနိုင်ငံမှထွက်ရှိသည့် ကြက်သွန်နီကို ဖိလစ် ပိုင်နိုင်ငံသို့ တင်ပို့ခွင့်ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ မီးဖိုချောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်တို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ကြက်သွန်နီကို ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင် တင်ပို့ ရောင်းချနိုင်ရန် အစိုးရချင်း သဘောတူညီမှုစာချုပ် G to G) သဘောတူညီချက်ရရှိရေးအတွက် ကြက်သွန်နီ နှင့် အရည်အသွေးကို အကဲဖြတ်ရန် အစမ်းတင်ပို့မှုကို ကနဦး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
