ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
ဓာတ်မြေသြဇာ
နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၃၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၆၀ဝ၀ ကျော်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ ဂျာမနီနိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၂၀ဝ၀ဝ ကျော် လျော့နည်းတင်သွင်း ခဲ့ကြောင်း သိရသည်။

