သရက်သီးအနှစ်များ ပြည်ပဈေးကွက်သို့ ဦးစားပေး တင်ပို့ရန် စီစဉ်
ဈေးကောင်းရရှိလျက်ရှိသည့် သရက်သီး အနှစ်များကို ပြည်ပနိုင်ငံ များသို့ ဦးစားပေးတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့သရက် ဈေးကွက် နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။ လက်ရှိတွင် သရက်သီးအလုံးထက် အနှစ်များ အေးခဲ၍ ပြည်ပဈေး ကွက်သို့ စမ်းသပ်တင်ပို့ခဲ့ရာတွင် ဈေးကောင်းရရှိသည့်အတွက် ပြည်ပဈေး ကွက်အသစ်ရှာဖွေကာ တင်ပို့သွားမည်ဖြစ်သည်။ပြည်ပဈေးကွက်တွင် ဝယ်လိုအားရှိသည့် စိန်တစ်လုံး၊ မချစ်စုနှင့် ပတ္တမြားမောက် သရက်မျိုးများကို ရုရှားနှင့် စင်ကာပူနိုင်ငံ အပါအဝင် နိုင်ငံအချို့ကို အလုံးလိုက် နှစ်စဉ်တင်ပို့လျက်ရှိသည်။ပြီးခဲ့သည့် သရက်သီးရာသီတွင် လမ်းကြောင်း အခက်အခဲများကြောင့် အနည်းင
