ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနစ်သောင်းကျော်တင်ပို့
ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက် သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန်တစ်သောင်းကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၄၈၀ဝ နီးပါး၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၆၀ဝ နီးပါး၊ ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ တန်ချိန် ၃၁၀ဝ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၁၅၀ဝ တင်ပို့ခဲ့သည်။ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ် ပါက တန်ချိန် ၆၀ဝ နီးပါးပိုမိ










