ဖရဲ၊ သခွားမွှေး သစ်သီးကုန်များ စျေးကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း တရုတ်ဘက်က ဝယ်လိုအား ကျဆင်း
မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည် နှစ်စဉ်ပုံမှန










