အကောက်ခွန် ကင်းလွတ်ခွင့်ခံစားနိုင်သည့် FORM-Dကို အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်တော့မည်
လက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက် ခွန် ကင်းလွတ်ခွင့်များအား ခံစားနိုင်ရန် အတွက် အာဆီယံပင်ရင်းနိုင်ငံ သက် သေခံလက်မှတ် (Form-D) လဲလှယ်ခြင်း ကို အီလက်ထရောနစ်နည်းဖြင့် လာမည့် နိုဝင် ဘာလတွင် စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာန၊ MACCS ဌာနခွဲ၏ ညွှန်ကြားရေး မှူးဖြစ်သူ ဦးဝင်းသန့်က ပြောသည်။ အောက်တိုဘာ ၁၇ ရက်က မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြု လုပ်သည့် ASEAN Single Window တွင် ဝင်ရောက် ချိတ်ဆက်၍ ATIGA e-Form Ds လဲလှယ်ခြင်းဆိုင်ရာ ကိစ္စ ရပ်များအား အများပြည်သူသို့ အသိပေး ကြေညာခြင်း (Public Awareness)










