မူဆယ်ဈေးကွက်၌ ကြက်သွန်နီ ဈေးငြိမ်လျက်ရှိ
မူဆယ်မှ တရုတ်နယ်စပ်သို့ ကြက်သွန်နီ တင်ပို့မှုမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကြက်သွန် နီတင်ပို့တန်ချိန်မှာ ၁၈၆၄ ဒသမ ၇၅ တန်၊ တစ်တန်ဈေးမှာယွမ် ၁၈၆၀ ဖြစ်ပြီး မြန်မာကျပ်ငွေအနေဖြင့် ကျပ် ၄၀၀၀၀၀၊ တစ်ပိဿာဈေး အနေဖြင့် ၂ ဒသမ ၉ ယွမ်၊ မြန်မာငွေကျပ် ၆၄၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့သည်။









