ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ရေထွက်ကုန်တင်ပို့ မှုကျဆင်း
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ မတ် ၁၀ ရက်မှ ၁၆ ရက်ထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၃၁ တန်ကို တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်က ၃၄၄ တန်တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၃ တန်တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ပိုမိုခဲ့သော်လည်း မောင်တော ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်တင်ပို့မှု ကျဆင်းခဲ့တဲ့အတွက် ယခုလို ကျဆင်းခြင်းဖြစ်ပါတယ်။တင်ပို့ မှုကိုကြည့်ပါက စစ်တွေကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ၂၆၈ သန်းတန်ဖိုးမှ ရေထွက်ကုန် ငါးမြစ်ချင်း၊ ငါးခေါင်းပွတို့ကို ၂၈၁ တန်နဲ့ မောင်တော ကုန်သွယ်ရေးစခန်းရ










