ချင်းရွှေဟော်မှ သကြားပိုမိုတင်ပို့သော်လည်း မူဆယ်မှ လျော့နည်းတင်ပို့
အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အတွင်း ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၈၃၁၁၂ တန်ဖိုးရှိ သကြား ၅၁၄ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ သကြား ၂၂၃ တန်နဲ့ နှိုင်းယှဉ်ရင် တန် သုံးရာနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၆၅ သန်း တန်ဖိုးရှိ သကြား ၁၉၈၄၁ တန် တင်ပို့ခဲ့ ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ တန် ၃၇၃၃၀ နဲ့ နှိုင်းယှဉ်ရင် တန် ၁၇၀ဝ ကျော်ခန့် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းကလည်း ၂၅၃၂၇၅ တန်ဖိုးရှိ သကြားတန် ၄၆၀ ကျော် တင်ပို့ ခဲ့ပါတယ်။ ယခုတစ်ပတ်တွင် ပြည်တွင်းသကြားေ ဈးမှာ








