ထိုင်းနယ်စပ်မှဇူလိုင် ဒုတိယပတ်အတွင်း ရေထွက်ကုန် ပစ္စည်းတန်ချိန် ၂၀၀၀ ကျော်တင်ပို့
မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံ ရဲ့ဝယ်လိုအားရှိတဲ့ ရေထွက်ကုန်ပစ္စည်းများကို မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေ ရိကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၇ သန်းတန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၇ သန်း တန်ဖိုး ရှိ ပုစွ