နို့ဆီတန်ချိန် ၂၀၀ နီးပါးနဲ့ နို့မှုန့်တန်ချိန် ၃၀၀ နီပါးဝင်
ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ၅၃၁၆၄၈ တန်ဖိုးရှိ နို့ဆီ ၁၉၅ ဒသမ ၆၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ် သြစတြေးလျမှ ၆၄ ဒသမ ၆၆၃တန်၊ မလေးရှား မှ ၅၃ ဒသမ ၂၈၉ တန်နဲ့ စင်ကာပူမှ ၇၇ ဒသမ ၆၆၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင်မှာ တန် ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၉၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။










