Main menu

Background

Myanmar Golf Tour (2009-2010)အိုင်ဘီတီစီအိုးပင်းချန်ပီယံရှစ်ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမည်

Fri, 01/08/2010 - 08:01 -- Anonymous (not verified)

   မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နဲ့ မြန်မာပီဂျီအေတို့ကြီးမှူး၍ Intermational Beverages Trading Co,Ltdမှ အဓိက ကူညီ ပံ့ပိုးတဲ့ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(Myanmar  Golf Tour 2009-2010)ဆဌမပွဲစဉ်အဖြစ် BTC Open Golf Championship  (တောင်ကြီး) ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်မှ ၁ဝ ရက်အထိ တောင်ကြီးမြို့ အေးသာယာ Golf Resort မှာစည်ကားသိုက်မြိုက်စွာကျင်းပ မှာဖြစ်ပါတယ်။    ပြိုင်ပွဲမှာကြေးစားအဆင့်နဲ့အပျော်တမ်းအဆင့်(Handicapo-12)အဆင့်ရှိ သူများသာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမှာဖြစ်ပါတယ်။ အဆို ပါပြိုင်ပွဲမှာ ပါဝင်ယှဉ် ပြိုင်လိုကြတဲ့ဂေါက်သီးရိုက်ကစားသမား များဟာဇန်နဝါရီလ ၅ ရက်မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ ဖုန်း  ဝ၉-၅ဝ၁၇ဝ၄၉၊ဝ၉-၂ဝ၃၇၆၇၁နဲ့အေးသာယာ Golf Resort ၌စာရင်းပေးသွင်းနိုင်ကြပါတယ်။   အဆိုပါပြိုင်ပွဲကို စိန့်အင်ဒရူးဥပဒေသအတိုင်းနဲ့ ဒေသန္တရစည်းမျဉ်းများအတိုင်း ကျင်းပမှာဖြစ်ပြီးပြိုင်ပွဲမှာ Hole in one ဆုရရှိတဲ့ ကစားသမားများကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။