Main menu

Background

ထိုင်းအစိုးရအနေဖြင့် ၂၀၂၀ ပြည့် နှစ်တွင် ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်လျက်ရှိ

Thu, 10/24/2019 - 14:01 -- journal_editor

       ထိုင်းနိုင်ငံအစိုးရအနေဖြင့် အစိုးရ ဌာနများအားလုံးကို   သုံးနှစ်အတွင်း ဒီဂျစ်တယ်စနစ် အပြည့်အဝ ဖြစ်ပေါ် လာစေရေး ပြောင်းလဲဆောင်ရွက်သွား ရန် ရည်ရွယ်ထားသည်။ ဒုတိယဝန်ကြီးချုပ်ဆုန်ကစ်က အစိုးရဌာနအားလုံး အားဒီဂျစ်တယ် စနစ် အပြည့်အဝဖြစ်လာစေရန်အတွက် ဒီဂျစ်တယ်အစိုးရဖွံ့ဖြိုးတိုးတက်မှု လမ်းပြ မြေပုံ Digital Government develop-ment Roadmap (၂၀၂၀-၂၀၂၂)အတွက် Time Frame ကို ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါလမ်းပြမြေပုံ အား တရားဝင်ဖြစ်စေရန် အစိုးရအဖွဲ့ သို့ တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။ Mr.Somkid က ၎င်းအနေဖြင့် ဒီဂျစ်တယ်အစိုးရဖွံ့ဖြိုးတိုးတက်ရေး ဌာန Digital Government develop-ment Agency (DGA)အား နောက်လ တွင် လမ်းပြမြေပုံအား ပြီးစီးစေရန် အမိန့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရှင်းလင်းပြတ်သား သော လမ်းပြမြေပုံနှင့်အတူ အစိုးရဌာန များအနေဖြင့် ၎င်းတို့၏ ဒီဂျစ်တယ်ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုတကြွ်ကစွာ ပါဝင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

           DGA အား ၂၀၁၈ ခုနှစ်တွင် ဒီဂျစ်တယ်အစိုးရအဖြစ် အသွင်ကူး ပြောင်းနိုင်ရေးအတွက် အစိုးရဌာန ဆိုင်ရာအားလုံးတို့အား ကူညီပေးရန်နှင့် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဝန်ကြီး ချုပ်ရုံးလက်အောက်၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အစိုးရဌာနများအနေဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အများပြည်သူတို့အား အစိုးရဌာန အသီးသီး၏ ဝန်ဆောင်မှုများကို ရရှိနိုင် စေရေး အကူအညီပေးရန်အတွက် သတင်းအချက်အလက်   ဗဟိုအဖြစ် ကူညီဆောင်ရွက်ပေးရန် www.e-go.th ဒီဂျစ်တယ်ပေါ်တယ်အား စတင်မိတ် ဆက် လွှင့်တင်ပေးခဲ့ကြောင်း၊ ယခုနှစ် အစောပိုင်းတွင်   နိုင်ငံသားများအား တစ်နိုင်ငံလုံးရှိ အစိုးရဌာနများ၏တည် နေရာ Location ပေါင်း ၈၀ဝ၀ ကျော် ကို ရှာဖွေနိုင်ရေးနှင့် ပြည်သူများအနေ ဖြင့် အစိုးရဌာနများနှင့် မတွေ့ဆုံမီ လိုအပ်သော အချက်အလက်များအတွက် ဝန်ဆောင်မှုပေးသည့် Citizen info Application အား မိတ်ဆက်ဆောင် ရွက်ပေးခဲ့ခြင်းဖြင့် တိုးတက်အောင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            Digital ID  ပရိုဂရမ်ဖြင့် နိုင်ငံ သားများအနေနှင့် ၎င်းတို့၏ Data အချက်အလက်များနှင့် မွေးစာရင်း ကဲ့သို့သော သတင်းအချက်အလက်ဆိုင်ရာ မိတ္တူများအား Self-Service-Portal  မှ တစ်ဆင့် ရရှိနိုင်မည်ဖြစ်ပါသည်။ ငါးနှစ် အတွင်း နိုင်ငံသားများအတွက် အနည်း ဆုံး  ဝန်ဆောင်မှုလုပ်ငန်း ၁၂၀ နှင့် စီးပွားရေးနှင့် ဆိုင်သော လိုင်စင်ပေါင်း ၃၀ဝခန့်ကိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။ Mr. Somkid   က ဒီဂျစ်တယ် အစိုးရအက်ဥပဒေ  Digital Gover-nment Act အား မေလက အတည်ပြုခဲ့ ပြီးဖြစ်ကြောင်းနှင့် ဆက်လက်ပြီး ဝန် ဆောင်မှု အရည်အသွေး တိုးတက်စေ ရန်နှင့် စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် များ တိုးတက်စေခြင်းတို့ဖြင့်  Digital Government  စနစ်အား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ အက် ဥပဒေအရ အစိုးရဌာနပေါင်း ၁၀ဝ၀ဝ၀၊  အစိုးရဆေးရုံများ၊ ကျောင်းများနှင့် ခရိုင် အုပ်ချုပ်ရေးရုံးခွဲများအားလုံး ဥပဒေကို လိုက်နာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အဓိကမှာ အစိုးရဌာနတစ်ခုခြင်းအနေ ဖြင့် မိမိတို့ဌာနအလိုက် ဒီဂျစ်တယ် ဆိုင်ရာ အသွင်ကူးပြောင်းခြင်း၊ အချက် အလက်များ စုဆောင်းပြုလုပ်ခြင်းနှင့် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက် များနှင့်ပတ်သက်၍ အချင်းချင်း ဖလှယ် ဆောင်ရွက်နိုင်ရန်နှင့် တစ်နေရာတည်း တွင် ဝန်ဆောင်မှုပေးနိုင်သော One-Stop-Service များအဖြစ် ပေါင်းစည်း  ဆောင်ရွက်ရေးတို့မှာ အဓိကဖြစ်ကြောင်း သိရှိရသည်။                    

 

လွင်မျိုးဇော်

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)