Main menu

Background

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း

Wed, 11/27/2019 - 11:32 -- journal_editor

        လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသား များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်။ ထိုသို့ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ် ခေါ်ရာတွင် ဂျပန်၊ တောင်ကိုရီးယား စသည့်အာရှနိုင်ငံများက မြန်မာ နိုင်ငံတွင် တိုးတက်ရင်းနှီးမြှုပ်နှံမှုများ  ပြုလုပ်လာသည်သာမကဘဲ ဥရောပနိုင်ငံများနှင့် အမေရိကန်ကဲ့သို့  နိုင်ငံမျိုးကပင် မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာခဲ့သည်။ လတ်တလောကာလတွင်   ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၇ ဒသမ ၈၅သန်းနှင့် ပြည်တွင်းလုပ်သား ၂၀ဝ၀ နီးပါးကို အလုပ်အကိုင်  အခွင့်အလမ်းများ  ဖော်ဆောင်ဖန်တီးပေးနိုင်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခုနစ်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီက အောက်တိုဘာ ၃၀ ရက်တွင် ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ပြောရမည်ဆိုလျှင် နိုင်ငံပေါင်း ၅၀ ကျော်သည် မြန်မာနိုင်ငံ တွင် လာရောက် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ အဆိုပါ နိုင်ငံပေါင်း ၅၀ ကျော်မှ ရင်းနှီးမြှုပ်နှံမှုများမှာ  အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ကျော်အထိပင် ရှိနေကြောင်း သိရသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အသစ်ထပ်မံခွင့်ပြုလိုက်သည့် လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ၊ အိမ်ရာအဆောက်အအုံကဏ္ဍနှင့်  အခြားဝန်ဆောင်မှုကဏ္ဍများပါဝင်သည်။ ထိုကဏ္ဍများ ထပ်မံအကောင်အထည်ဖော်လာနိုင် မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း များစွာဖန်တီး ပေးလာနိုင်မည်  ဖြစ်သည်။
         ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်အထိ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံထားမှု အနေအထားကို ကြည့် မည်ဆိုလျှင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၁၈၇၄ ဒသမ ၂၆၅ သန်းခန့်ရှိကြောင်း သိရသည်။ အဆိုပါ ရင်းနှီး မြှုပ်နှံမှုများထဲမှ ကဏ္ဍတစ်ခုချင်းစီကို ခွဲကြည့်မည်ဆိုလျှင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၂၄၂၀ ဒသမ ၅၇၂ သန်းရှိခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၇ ဒသမ ၃၈ ရာခိုင် နှုန်းအထိရှိနေပြီး ထိပ်ဆုံးတွင် ရှိနေသည်။ အလားတူ လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု၏ ဒုတိယအများဆုံးဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၈၇ ရာခိုင်နှုန်းအထိ ရှိနေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အခြားကဏ္ဍများကို ဆက်လက်လေ့ လာကြည့်မည်ဆိုလျှင်  ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၁၄ ဒသမ ဝ၈ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၁၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ အိမ် ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၆ ဒသမ ၆၈ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃ ဒသမ ၈၁ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃ ဒသမ ၅၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ဝ ဒသမ ၉၄ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ဝ ဒသမ ၅၁ ရာခိုင်နှုန်း၊ Industrial Estate ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ဝ ဒသမ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ဝ ဒသမ ဝ၅ ရာခိုင်နှုန်းနှင့် အခြား ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၃ ဒသမ ၄၃ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ အခွန်လျှော့ချမှုများကို သိသိသာသာ ပြုလုပ်ထားခြင်းကြောင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ တစ်ခေတ် ပြန်လည်ဦးမော့လာနိုင် သလို   ပြည်ပနိုင်ငံများ၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅၄၆၇ ဒသမ ၂၈၀ သန်းရှိနေရာမှ ထပ်မံတိုး တက်လာဖွယ်ရှိနေသည်။
          မြန်မာနိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်စေရေးအတွက် အစိုးရပိုင်းက စီမံကိန်းများ ချမှတ်ဆောင် ရွက်လျက်ရှိသည်။  ထိုသို့ စီမံကိန်းများ ချမှတ်ဆောင်ရွက်ရာတွင် ကာလတို၊ ကာလလတ်နှင့် ကာလရှည် စသည်ဖြင့် အသီးသီးချမှတ်ပြီး ဆောင်ရွက်ခဲ့၊  ဆောင်ရွက်ဆဲနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီ အမံများလည်း ရှိနေသည်။ ထိုသို့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းများ ချမှတ်ဆောင် ရွက်ရာတွင် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀- ၂၀၂၁ ခုနှစ်အထိ ကာလ တို ငါးနှစ်စီမံကိန်း၊ ၂၀၂၁- ၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ကာလလတ် ငါးနှစ်စီမံကိန်းနှင့် ၂၀၂၆-၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ ခုနှစ်အထိ ကာလရှည် ၁၀ နှစ်စီမံကိန်း စသည်ဖြင့် အသီးသီး ချမှတ် ဆောင်ရွက်နေခြင်းဖြစ်သည်။ တစ်နှစ်ထက်တစ်နှစ် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ပိုမို တိုးတက်လာရန်လည်း မျှော်မှန်းထားသည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်နှီးမြှုပ်နှံမှု အမေ ရိကန်ဒေါ်လာ ငါးဘီလီယံကျော် ဝင်ရောက်လာရန်လည်း လျာထား လျက်ရှိကြောင်း သိရသည်။
ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွား ရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက် လာပြီး တချို့ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများပင် လည်ပတ်လုပ် ကိုင်နေကြပြီဖြစ်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည်နှင့်အမျှ  စက်ရုံ များ၊ စက်မှုလက်မှုလုပ်ငန်းများ တိုးတက်လာပြီး တိုင်းပြည်စီးပွားရေး လည်း ဖွံ့ဖြိုးလာမည်ဖြစ်သလို တစ်ဖက်တစ်လမ်းမှလည်း နိုင်ငံသား များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို များစွာ ဖော်ဆောင် ပေးလာနိုင်မည်ဖြစ်ပါသည်။ စက်ရုံအလုပ်ရုံများ တိုးပွားပြီး ကောင်း မွန်စွာ လည်ပတ်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေး တိုးတက်ကောင်း မွန်လာမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးမှု ပြဿနာကိုလည်း အတော်အသင့် ဖြေရှင်းလာနိုင်ဖွယ် ရှိနေသည်။ သို့သော် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် စီးပွားရေးလုပ် ငန်းများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိရန် များစွာ လိုအပ်မည် ဖြစ်ပါသည်။ သို့မှသာ ပြည်တွင်းလုပ်သားများအတွက်လည်း အာမခံ မှု ရှိလာနိုင်မည်ဖြစ် သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိ နိုင်မှုတို့မှာ တိုက်ရိုက်ဆက်စပ်မှုများ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု အတွက် ကာလလတ် ငါးနှစ်စီမံကိန်းဖြစ်သည့် ၂၀၂၁- ၂၀၂၂ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ အချိန်ကာလများတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ သိသိသာသာ တိုးတက်လာဖွယ်ရှိနေသလို မြန်မာနိုင်ငံ သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို များစွာ ဖန်တီးပေးနိုင်လိမ့်မည်ကို ယုံကြည်မိပါကြောင်း ရေးသားလိုက်ရပါ သည်။

 

စိန်သံ