Main menu

Background

Ease of Doing Business Ranking တိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးDoing Business ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြ

Thu, 07/30/2020 - 14:45 -- journal_editor

 

ဇူလိုင်၂၄ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌  Zoom Application  ဖြင့်ကျင်းပပြုလုပ်သော Doing Business  ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့်  ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ Ease of  Doing Business Ranking  တိုးတက်ရေး  လုပ်ငန်းအဖွဲ့ ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး  ဦးအောင်ထူး တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက အမှာစကား ပြောကြားရာ တွင်IFC ဃ က ရေးဆွဲပေးပို့လာသည့် မြန်မာ့စီးပွား ရေးလုပ်ငန်းများ  လုပ်ကိုင်ရန်လွယ်ကူမှု  လုပ်ငန်း စီမံချက်Myanmar Doing Business Action Plan 2020/2021လုပ်ငန်းစဉ်များနှင့်ပတ်သက်၍  သက် ဆိုင်ရာ  အညွှန်းကိန်းများမှ ဆောင်ရွက်နိုင်မည့် အခြေအနေများ၊  ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရမည့်  ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍  တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေးအတွက် ယခင်နှစ်  အတွေ့အကြုံများအပေါ် အခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်  အဖွဲ့အစည်းများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ အချိန်နှင့်တစ်ပြေး ညီ ချိတ်ဆက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊Labour Market Regulations အညွှန်းကိန်းဆိုင် ရာ အထောက်အကူပြုအဖွဲ့က အချက်အလက်များ ကိုလည်း အများပြည်သူသိရှိရန်  Website   တွင် ဖော်ပြသွားရန်ဖြစ်ကြောင်း၊Government Procur- ement    (သို့မဟုတ်) Contracting Governance အညွှန်းကိန်း  ဖွဲ့စည်းရေးကိုလည်း     ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊Communi- cation Plan  အတိုင်း အကောင်အထည်ဖော်ဆောင် ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အဆိုပါအစည်းအဝေးသို့ အညွှန်း ကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်  ညွှန်ကြားရေးမှူးချုပ်များ၊  ကမ္ဘာ့ဘဏ်၊  nter- national Finance Corporation (IFC) မှ ကိုယ်စား လှယ်များ၊ Ease of Doing Business Task Force (UMFCCI)  တို့မှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး အကြံပြုဆွေးနွေးချက်များအပေါ် Ease of Doing Business Ranking တိုးတက်ရေး  လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးက လိုအပ်သည်များ ကို ဖြည့်စွက်ပြောကြားပြီး အစည်းအဝေးကို ရုပ် သိမ်းလိုက်သည်။                   

           MOC(IR)