Main menu

Background

Wednesday, 16 Dec 2020

ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနရုံးခန်းမ၌ ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွှဲ  (၁၄းဝ၀)နာရီ အချိန်တွင် စီးပွားရေးလုပ်ငန်းရှင်(ဆေးဆိုင်များ) ၂၂ ဦးအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း (၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ရှင်းလင်းခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ COVID-19 ဆိုင်ရာကျန်းမာရေးသုံးကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း(သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ပြုလုပ်ပါက အရေးကြီးကုန်စည်ပုဒ်မ(၅)အရ အရေးယူမည်ဖြစ်ကြောင်

Wednesday, 15 Jul 2015

အုန်းရည်ဟာ လူတို့ရဲ့ကျန်းမာရေး အတွက် ဆန်းကျယ်စွာ အထောက်အကူ ပြုတယ်လို့ပြောနေကြပါတယ်။အုန်းရည်နဲ့  လူ့ခန္ဓာကိုယ်ထဲ ရှိ သွေးရည်ကြည်ဟာ  အတော်လေးဆင် တူပါတယ်။ ရှေးယခင်တုန်းက အုန်းရည် ကို သွေးအစားထိုးအဖြစ် အသုံးပြုခဲ့ကြ ပြီး လူတွေရဲ့ အသက်ပေါင်းများစွာ ရှင် သန်စေရေး ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။ အုန်းရည်ရဲ့ အရသာဟာ သိပ်ကောင်း မွန်ခြင်းမရှိသော်လည်း အဆိပ်အတောက် များကို ဖယ်ရှားခြင်း/လျှော့ချခြင်းစတဲ့detoxification  အာနိသင်ရှိတဲ့အပြင် မေးခွန်းထုတ်စရာမလိုတဲ့ အခြား ကျန်း မာရေးဆိုင်ရာ အကျိုးကျေးဇူးများလည်း ပေးစွမ်းနိုင်ပါတယ်။

Wednesday, 17 Jun 2015

ကမ္ဘာ့မျက်နှာပြင်ကိုကြည့်မယ်ဆိုရင် အဓိကအားဖြင့်ကုန်းမြေ ဧရိယာနဲ့ရေပြင်ဧရိယာဆိုပြီး နှစ်မျိုးရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဧရိယာနှစ်ခုအနက် ရေပြင်ဧရိယာမှာ  အကျယ်ဆုံးဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာပြီဟု  လူပြောသူပြောများနေတဲ့  ယခုလိုကာလ မျိုးမှာ ပူလွယ်အေးလွယ်ပြီး ကမ္ဘာ့ရာသီဥတုကို ပြုပြင်ပြောင်းလဲရာ မှာ ပင်လယ်သမုဒ္ဒရာရေပြင်ရဲ့ ရာသီဥတုအပေါ်အကျိုးသက်ရောက် မှုကလည်းအရေးပါလာပါတယ်။ ပင်လယ်ရေပြင်ရဲ့ ပြုပြင်ပြောင်းလဲ မှုများအကျိုးဆက်များပြင်းထန်ဆိုးဝါးမှုမရှိအောင် ခုခံကာကွယ်ရာ တွင် ဒီရေလမုတောများက အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လျက် ရှိတာကို တွေ့ရပါတယ်။

Tuesday, 7 Apr 2015

အတွဲ(၁၅)၊ အမှတ်(၁၄)

Thursday, 19 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၁)

Myrtle မျိုးရင်းဝင်မာလကာသီး(Guava) ဟာ အပူပိုင်းဒေသ သီးနှံတစ်ခုဖြစ်ပါတယ်။ သူရဲ့ မူရင်းဒေသဟာ အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်၊ တောင်အမေရိကတိုက်ရဲ့ မြောက်ပိုင်းဒေသ ဖြစ်သော်လည်း ယခုအခါ စူပါမားကက်များမှာ အများအပြားရရှိနိုင် ပြီဖြစ်ပါတယ်။
မာလကာသီးမှာ ဗိုက်တာမင်စီ အရင်းအမြစ်အများဆုံးပါရှိပါ တယ်။ တစ်နေ့ကို မာလကာသီး တစ်လုံးစားသုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်စီ ၃ ဆခန့်ထိ ဖြည့် ဆည်းပေး နိုင်ပါတယ်။ သစ်သီးမှာတင်အာဟာရဓါတ်များပါရှိနေရုံ မကဘဲ အရွက်နဲ့ အခေါက်များမှာ လည်းကျန်းမာရေးအတွက် အကျိုး ရှိစေတဲ့ အာနိသင်များပါရှိနေပါတယ်။

Thursday, 19 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၁)

Pages