Background
အိန္ဒိယနှင့်ခရိုအေးရှား နှစ်နိုင်ငံအနေဖြင့် အပြန်အလှန် ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများဖြင့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုပိုမို အားကောင်းလာစေရန် ဆန္ဒရှိနေကြောင်း၊ အထူးသဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု တိုးတက်လိုကြောင်း ခရိုအေးရှား နိုင်ငံ၏ Place2Go ခရီးသွားမဂ္ဂဇင်းအရ သိရှိရသည်။ ခရိုအေးရှားနိုင်ငံတွင် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများစွာရှိနေကြောင်း၊ နှစ်နိုင်ငံအကြား ခရီးသွား ပူးပေါင်းဆောင်ရွက်မှုအစီအမံများချမှတ်နိုင်ရေးအတွက် ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့် ယခု ကာလသည် အချိန်အခါကောင်းဖြစ်သည်ဟု ခရိုအေးရှား
နည်းပညာပိုင်းနှင့်ပတ်သက်၍ တရုတ်၊ အမေရိကန်တို့ကို လိုက်မီနိုင်စေရေးအတွက် အီးယူ အဖွဲ့ဝင်နိုင်ငံများ၏ start-ups လုပ်ငန်းများဆိုင်ရာ စံချိန်စံညွှန်းအသစ်များကို ဥရောပကော်မရှင်က အဆိုပြုခဲ့ကြောင်း သိရသည်။ အီးယူ၏ Start-up Nations Standard သည် ကမ္ဘာ့အနှံ့အပြားမှ နည်းပညာဆိုင်ရာပါရမီရှိသူများကို ဆွဲဆောင်နိုင်ရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စတော့ခ် ဝယ်ယူခွင့်ပုံစံ (stock options) နှင့် လူဝင်မှုကြီးကြပ်ရေး၊ ဗီဇာ ဆိုင်ရာ ဥပဒေများကို ပြောင်းလဲရန် တောင်းဆိုထားသည်။ လက်ရှိအချိန်ထိ ဥရောပတစ်ဝန်းရှိ (၂၅) နိုင်ငံက ယင်းစံချိန်စံညွှန်းမူဘောင် ကို သဘောတူလက်မှတ်ရေးထိုးထားကြောင်းသိရသ
ဝန်ကြီးချုပ် Mr. YoshihideSuga သည် မတ်လ ၂၂ ရက်၌ ကျင်းပခဲ့သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာအစည်းအဝေး၌ တစ်နိုင်ငံလုံးတွင် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ရေး ဆောင်ရွက်ရန်၊အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်၊ ပုံမှန် လုပ်သားမဟုတ်သော လုပ်သားများအကျိုးအတွက် ပြန်လည်ကုစားပေးနိုင်ရန်ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ အနိမ့်ဆုံးလုပ်အားခကို တစ်နိုင်ငံလုံး အနေဖြင့် တစ်နာရီလျှင် ပျမ်းမျှယန်း ၁၀၀၀ ရရှိစေရေး အလျင်အမြန်အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။
မကြာသေးမီကကြေညာခဲ့သောစစ်တမ်းအရပြည်ပစီးပွားရေးများကိုလုပ်ကိုင်ဆောင်ရွက်ရန် စိတ်အားထက်သန်ကြသည့်ဂျပန်ကုမ္ပဏီများ၏ ၇၀% သည် ကမ္ဘာတစ်ဝှမ်းလုံးကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေမှုကြောင့် ၎င်းတို့၏ စီးပွားရေးမဟာဗျူဟာများကို ပြန်လည်စဉ်းစား သုံးသပ်နေပါသည်။
ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အစိုးရရုံးအဖွဲ့တို့၏ မတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိကော်ပိုရိတ်စီးပွားရေးခန့်မှန်းချက် စစ်တမ်းအရအကြီးစားစီးပွားရေးလုပ်ငန်းများအားလုံး၏ စီးပွားရေးအခြေအနေပြ အညွှန်းကိန်းသည် အနုတ် ၄.၅ ဖြစ်ကြောင်းသိရပါသည်။
တိရစ္ဆာန်အစာထုတ်လုပ်ရာတွင် ပြောင်းနှင့်ပဲပုတ်စေ့ကုန်ကြမ်းအသုံးပြုမှုကို လျှော့ချနိုင်ရေးအတွက်တရုတ်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာနက ဦးဆောင်လှုံ့ဆော်လျက်ရှိကြောင်း၊ အဆိုပါလှုံ့ဆော်မှုသည် ကမ္ဘာ့ကောက်ပဲသီးနှံကုန်သွယ်မှုအပေါ်တွင် ကြီးမားသောဆိုးကျိုးများရိုက်ခတ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၌ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ (Pigeon Pea, HS Code 0713 60 00) အား တန်ချိန် ၄ သိန်းနှင့် ပဲတီစိမ်း [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] ကို တန်ချိန် ၁ဒသမ၅ သိန်းအထိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အသီးသီးတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များထံသို့ ခွဲတမ်းချထားပေး မည်ဖြစ်ကြောင်းနှင့် အ
တရုတ်-အာဆီယံ သတင်းအချက်အလက် လက်ခံသည့်နေရာ(China-ASEAN Information Harbor) တည်ဆောက်ရေးမြှင့်တင်ရန်နှင့် အာဆီယံသို့ ရှုမျှော်သည့် ဒစ်ဂျစ် တယ်ပိုးလမ်းမတည်ထောင်ရန်တို့အားကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့တွင် Guangxi 5G Industrial Associationအား မတ်လ (၈)ရက်နေ့တွင် စတင်တည်ထောင်လိုက်ပြီဖြစ်ပါသည်။
ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာ ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဆင့်မြင့်နေရာသစ်တစ်ရပ်ဖြစ်လာစေရန် အားထုတ် ကြိုးပမ်းမှုများပြုလုပ်ဆောင်ရွက်နေကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများက မတ်လ (၁၂)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါ သည်။
ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ ပို့ကုန်သွင်းကုန်ပမာဏမှာ ယွမ်ငွေ (၈၅.၈၈) ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၃.၂၃ ဘီလီယံ)ရှိခဲ့ကာ ယခင်နှစ်ကထက် (၆၈.၈)ရာခိုင်နှုန်း တိုးတက်လာခဲ့သည် ဟု နန်နင်းအကောက်ခွန်ဌာန၏ မတ်လ (၁၆)ရက်နေ့တွင် ကြေညာချက်အရ သိရှိရပါသည်။
အာဆီယံမှာ ကွမ်ရှီး၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကာ အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ ယွမ်ငွေ (၄၄.၅၇)ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကထက် (၉၈.၂)ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပါသည်။
