Main menu

Background

Wednesday, 24 Mar 2021

(၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းစင်္ကြံအသစ်နှင့် ပေပုပင်လယ်ကွေ့အပြည်ပြည် ဆိုင်ရာ  ဆိပ်ကမ်းတို့အား အလေးထားသည့်ပြခန်းအား ဆက်လက်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံးက မတ်လ (၉)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

Wednesday, 24 Mar 2021

အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီး (ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အား ဆက်သွယ်ပေးထားသည့် သစ်သီးဝလံ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတစ်ရပ်အား တရားဝင်စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။ 

Tuesday, 23 Mar 2021

             ဘရာဇီးလ်နိုင်ငံတွင် ယခုနှစ်၏ပထမလအတွင်း အလုပ်အကိုင်နေရာပေါင်း ၂၆၀,၃၅၃ နေရာဖြစ်ပေါ်ခဲ့ကြောင်း၊ ဇန်နဝါရီလအတွင်းခန့်အပ်ခဲ့သည့် အလုပ်နေရာပေါင်း ၁,၅၂၇,၀၈၃ နေရာနှင့် လုပ်ငန်းပိတ်သိမ်း၍ ဆုံးရှုံးခဲ့သည့်အလုပ်နေရာပေါင်း ၁,၂၆၆,၇၃၀ နေရာ ရှိခဲ့ကြောင်း New General Register of Employees and Unemployed (Novo Caged)က ထုတ်ပြန်သောစာရင်းများတွင် ဖော်ပြထားသည်။ အဆိုပါစာရင်းများအရ အလုပ် အကိုင်ရရှိမှုသည် ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် အများဆုံးအခြေအနေဖြစ် သတ်မှတ်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

Tuesday, 23 Mar 2021

            ကိုရီးယားသမ္မတနိုင်ငံရှိ သင်္ဘောတည်ဆောက်သူများသည် ရေနံစျေးနှုန်းများကျဆင်းမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သော ရေနံတူးဖော်ရေးစင်တည်ဆောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ပြဿနာများ ရင်ဆိုင်ရ လျက်ရှိပြီး၊ ယင်းကြောင့် ထိုကမ်းလွန်ရေယာဉ်များဆောက်လုပ်ခြင်းအပေါ် အဓိက မှီခိုနေသည့် ကုမ္ပဏီများအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့ပါသည်။

Tuesday, 23 Mar 2021

           ဆိုးလ်မြို့တွင်ပြုလုပ်ခဲ့သော POSCO ကုမ္ပဏီ၏နှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် လက်ရှိဥက္ကဌဖြစ်သူ Mr. Choi Jeong-woo အား ၎င်း၏ ဒုတိယသက်တမ်းအတွက် အစုရှယ်ယာရှင်များ အားလုံးက သဘောတူ အတည်ပြုခဲ့သည့်အတွက် Mr. Choi Jeong-woo သည် POSCO နှင့်၎င်း၏ မိတ်ဖက်ကုမ္ပဏီများကို ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဥက္ကဌအဖြစ် ဆက်လက်ဦးဆောင်သွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

Tuesday, 23 Mar 2021

             တောင်ကိုရီးယားနိုင်ငံသည်  COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှုကြောင့် ဆုံးရှုံးမှု အပြင်း  အထန် ထိခိုက်ခံစားရသော လေကြောင်းလိုင်းများအား အကျပ်အတည်းကာလအတွင်း ဆက်လက် ရှင်သန်နိုင်စေရန် ကူညီပံ့ပိုး ပေးမည့်အခြားအစီအစဉ်များကို(၃-၃-၂၀၂၁) ရက်နေ့ကထုတ်ဖော်ပြောကြား ခဲ့ပါသည်။ လေကြောင်းလိုင်းများအတွက် လေယာဉ်ကွင်းအသုံးပြုခကို ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အစိုးရ ကဆက်လက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း အခွန်ကို ကိုရီးယားဝမ် ၄၅ဒသမ၇ ဘီလီယံ အမေရိကန် ဒေါ်လာ ၄၀ဒသမ၆ သန်း လျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လေကြောင်းခရီးသွားဝယ်လိုအား အခြေ အနေကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် အခွန်လျှော့ချခြင်း

Tuesday, 23 Mar 2021

       ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့်အစိုးရ၏စီးပွားရေးအပေါ်လှုံ့ဆော်သည့်အစီအစဉ်များဆက်လက်လုပ်ဆောင်မှုကြောင့် GDPတိုးတက်မှုရရှိသော်လည်း ပြည်တွင်းဝယ်လိုအားမှာပြန်လည်နာလန်ထူလာရန် နှေးကွေးလျက်ရှိ နေလိမ့် မည်ဖြစ်ကြောင်း၊အကြောင်းမှာ နိုင်ငံခြားဧည့်သည်များဝင်ရောက်မှုဝင်ငွေကျဆင်းခြင်းနှင့်လုပ်ငန်းများပျက်စီးခြင်းတို့ကြောင့်ဖြစ်ကြောင်းစီးပွားရေးအတွေးအမြင်အဖွဲ့(Economic Think Tank)ကပြောကြားလိုက်ကြောင်း သိရှိရ သည်။

Monday, 22 Mar 2021

             တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (Regional Comprehensive Economics Partnership- RCEP) သာမက RCEP တွင်ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများနှင့်လည်း လွတ်လပ်သော ကုန်သွယ်မှုဒေသများ သီးခြားချုပ်ဆို၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် နယူးဇီလန်နိုင်ငံနှင့် နှစ်နိုင်ငံဘက်စုံလွတ်လပ်သော ကုန်သွယ်မှု ဒေသသဘောတူညီချက်အား ၂၀၀၈ ခုနှစ်တွင် စတင်ချုပ်ဆို၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်သည် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံနှင့် ပထမဆုံး ချုပ်ဆိုနိုင်ခဲ့သည့် လွတ်လပ်သောကုန်သွယ်မှုဒေသ သဘောတူစာခ

Monday, 22 Mar 2021

         ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP)သဘောတူစာချုပ်အား အာဆီယံ အဖွဲ့ဝင်နိုင်ငံပေါင်း (၆) နိုင်ငံနှင့် အာဆီယံအဖွဲ့ ဝင်မဟုတ်သည့်စာချုပ်အဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံမှ အတည်ပြု ပြီးမှသာ စတင်အသက်ဝင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များအား တတ်နိုင်သမျှဆောလျင်စွာ ပြီးစီးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုစာချုပ် RCEP သည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အတွက် အောင်မြင်မှု တစ်ရပ်ဖြစ်ပြီး စာချုပ်အသက်ဝင်နိုင်ရေးသတ်မှတ်ချက်အား

Monday, 22 Mar 2021

     အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်နှင့် နယူးဇီလန် တို့အကြား ၂၀၁၄ ခုနှစ်မှ စတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် ဒေသတွင်းဘက်စုံစီးပွားရေး သဘောတူညီချက် (RCEP) အပေါ် တရုတ် နိုင်ငံအနေဖြင့် အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါသဘောတူစာချုပ်အား (၆)လအတွင်း အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်လုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Gao Fengမှ ၂၀၂

Pages