Main menu

Background

Thursday, 12 Mar 2015

အတွဲ(၁၅)၊ အမှတ်(၁၀)

အေးရှားဝေါလ်တိုးဂိတ်အနီးမှာ ယာယီအခြေပြု၍ စားသုံးသူအကာ အကွယ်ပေးရေးနဲ့ တရားမဝင် ကုန်
သွယ်မှုတားဆီးထိန်းချုပ်ရေးတာဝန် ထမ်းဆောင်နေသော လရ-၁ အဖွဲ့ဟာ ပရိုဘောက်စ်   EE/xxxx   နဲ့4F/xxxx  နှစ်စီးပေါ်မှ ကျပ်  ၅၄ ဒသမ ၇၉၀ သိန်းတန်ဖိုးရှိ အလှကုန်ပစ္စည်းမျိုးစုံ
(  L'oreal  မျက်တောင်ကော့ဆေး၊ Heng Feng Brand Lipstick ? Shampoo?  Nutrition Hair Dressing ၊  ဆံပင်ဆိုးဆေး၊ Makeup Kit ? Cosmetic  powder) ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါ တယ်။                                   DCCA

Thursday, 12 Mar 2015

အျတွဲ(၁၅၊ အမှတ်(၁၀)

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကMobile Team  လရ-၁ အဖွဲ့ဟာ ရှောင်ကွင်းလမ်းအား လှည့်လည်စစ်ဆေးစဉ် ရှောင်ကွင်းလမ်းဘေး တစ်နေရာမှာ စုပုံထားတဲ့ ကျွန်းသစ်နဲ့ ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ တံခါးချပ်ကြီး ၆ ချပ်၊ အသေး ၉ ချပ်၊ သစ်ပြားအတို/အရှည် ၁၈ ချပ်၊ ပွတ်လုံးတိုင် ၂ တိုင်တို့ကို  သိမ်းဆည်းရမိခဲ့တဲ့အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်ပြီး မြို့နယ်သစ်တော ဦးစီးဌာနသို့ အပ်နှံသွားမယ်လို့ ရှေ့ပြေးသတင်းများရရှိထားပါတယ်။
DCCA

 

Thursday, 26 Feb 2015

အတွဲ(၁၅)၊ အမှတ်(၈)

တာချီလိတ်နယ်စပ် ကုန်သွယ် ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေး ဂိတ်မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိစစ်မှုထမ်းဟောင်း ကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ်စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။

 

 

Thursday, 26 Feb 2015

အတွဲ(၁၅)၊ အမှတ်(၈)

 မြဝတီမှ ရန်ကုန်သို့ ထွက်ခွာလာ တဲ့သွင်းကုန်ဂျူတီယာဉ် ၁၂ ဘီးအမျိုး အစားသည့် စစ်တောင်း တံတားဟောင်း နဲ့ အသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ အခြေပြု၍  စစ်ဆေးရေးဆောင်ရွက် နေသော Mobile Team  အဖွဲ့ (၂) ထံ ဝင်ရောက်စစ်ဆေးခံခဲ့ရာမှာ IDမှာ ကြေညာသည်ထက် ပိုမိုတင်ဆောင်လာ သောDog Food ၁၅ အိတ် (၃၁၀ ကီလိုဂရမ်) အား   စစ်ဆေးတွေ့ရှိတဲ့ အတွက်      လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန် အမှုတွဲဖွင့် သိမ်းဆည်းခဲ့ တယ်လို့ သိရပါတယ်။

 

Pages