Main menu

Background

Thursday, 2 Dec 2010

ဟင်္သာတမှာ မတ်ပဲ ပုံမှန်အရောင်းအဝယ်ဖြစ်         မတ်ပဲ (ကုန်ကြမ်း) ကိုရန်ကုန်အတွက်ဝယ်ယူနေတဲ့ ကုန်သည် များက ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် နေ့စဉ်ဖြစ်ပေါ်နေသော မတ်ပဲ(RC) ရောင်းဈေးအတက်အကျပေါ်မူတည်ပြီး ဝယ်ယူမှုတွေရှိသလို ရောင်းသူကုန်သည်များကလည်း ပုံမှန်အရောင်းရှိတာကြောင့် တစ်ပိဿာကို အနိမ့်ဆုံး ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်) မှအမြင့်ဆုံးတစ်ပိဿာကို ၁၃၂ဝ ကျပ်(တစ်တန်ကို ၈ဝ၈၃၅၄ကျပ်) အတွင်းနေ့စဉ်အိတ် ၆ဝဝ မှ ၁ဝဝဝ ကြားပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်များက ဆိုပါတယ်။

Thursday, 25 Nov 2010

ဟင်္သာတမှာ ရန်ကုန်ဝယ်လက်ဈေးချအဝယ်ရှိလို့ မတ်ပဲဈေးကျလာ         ဒီတစ်ပတ်မှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် မတ်ပဲ (RC) ရောင်း ဈေးကျလာတအဲ့ ပေါ် ဟင်္သာတ ဈေးကွက်ရှိ မတ်ပဲ (ကုန်ကြမ်း) ကိုအဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က လက်ရှိပေါက်ဈေးထက် ဈေးလျော့ဝယ်ယူမှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် မတ်ပဲ ဈေးကျလာပြီး တစ်ပိဿာကို ၁၃ဝဝ ကျပ်(တစ်တန်ကို ၇၉၆၁ဝ၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ မတ်ပဲရောင်းဝယ်နေတဲ့ကုန်သည်များက ဆိုပါတယ်။

Tuesday, 16 Nov 2010

ဟင်္သာတမှာ ရန်ကုန်ဝယ်လက်ဝယ်အားပုံမှန်ရှိလို့ မတ်ပဲဈေးသိသာစွာမြင့်လာ          ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC)  ရောင်းဈေးမြင့် လာမှုအပေါ်  ဟင်္သာ တဈေးကွက်တွင် မတ်ပဲ(ကုန်ကြမ်း) ကိုရန်ကုန် အတွက်ဝယ်ယူနေတဲ့ကုန်သည်များက ဈေးပေးအဝယ်ရှိသလို ဝယ် အားပါ များလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိသာစွာ မြင့်လာပြီး တစ်ပိဿာကို ၁၃၁ဝကျပ ် (တစ်တန်ကို ၈ဝ၂၂၃ဝ ကျပ)် နဲ့ နေ့စဉ်အိတ် ၆ဝဝ မှ ၁ဝဝဝ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။

Monday, 20 Sep 2010

ဟင်္သာတမှာ မတ်ပဲဈေး အနည်းငယ်မြင့်ပေမယ့် အရောင်းပါးနေ    မတ်ပ်ပဲ(ဲ(ကုန်ကြမ်း)ကို ဝယ်ယူနေတ ဲ့ ရန်ကုန်ဝယ်လက်နဲ့ဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီးများက ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာမတ်ပဲ  (RC)ရောင်းဈေးအတက်အကျအပေါ်မူတည်ပြီး တစ်ပိဿာကို ၁၃၁၅ကျပ် (တစ်တန်ကို ၈ဝ၅၂၉၂ ကျပ်)နဲ့ ဈေးပေးအဝယ်ရှိခဲ့ပေမယ့် ရောင်းသူကုန်သည်များက အရောင်းနည်းနေကြောင်း သိရပါတယ်

Wednesday, 1 Sep 2010

    စဉ်    အမိုျးအမည်    ရေတွက်ပုံ        ဈေးနှုန်း(ကျပ်)              ပြောင်းလဲမှု                                            ယခင်အပတ်    ယခုအပတ်    ၁            မတ်ပဲ      ၁ ပိဿာ            ၁၃၈၅    ၁၃၁ဝ    ဆက်သွယ်ရန် ဖုန်း -၀၄၄-၂၁၇၂၁ဟင်္သာတဈေးကွက်     မတ်ပဲကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံဝယ်ရောင်းကုန်သည်ကြီး များကဝယ်အားပုံမှန်ရှိပေမယ့်လှောင်လက်ကုန်သည်ကြီးများက ဈေးအမြင့်မှန်းနေတာကြောင့် အရောင်းအဝယ်နည်းနေတယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တော့ မတ်ပဲက တစ်ပိဿာကိုအနိမ့်ဆုံး ၁၃၁ဝ ကျပ် (တစ်တန်ကို ၈ဝ၂၂၃ဝ ကျပ်)မှ အမြင့်ဆုံး ၁၃၈ဝ ကျပ် (တစ်တန်ကို ၈၄၅ဝ၉၈ ကျပ်)အတွင်း နေ့စဉ်အိတ် ၁၅ဝဝခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

Thursday, 2 Jul 2009

ရန်ကုန်အတွက်တင်ပို့မည့်ကုန်သည် များမတ်ပဲ ကို အဝယ်အားကောင်းလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးမြင့်လာပြီး နေ့စဉ်အိတ် ၂၀၀၀ နဲ့ ၂၅၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်များက ပြောပါတယ်။

Pages