Background
ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များက ဈေးမေး စုံစမ်းဝယ်ယူမှုများလာခြင်းကြောင့် ပဲစင်းငုံနီ ဈေး သိသာစွာမြင့်တက်လာပြီး မတ်ပဲဈေးလည်း မြင့်တက်လာခဲ့ပါတယ်။ ချန်နိုင်း ဈေးကွက်မှာလည်း အဝယ်လိုက်လို့ မတ်ပဲ၊ ပဲစင်းငုံနီ ဈေးခိုင်နေပါတယ်။ ဒေလီဈေး ကွက်မှာတော့ သီးနှံအသစ် ပေါ်နေတဲ့အပြင် အဝယ်ထိုင်းလို့ ကုလားပဲဈေးကျနေပါ တယ်။
အိန္ဒိယနနွင်းစိုက်ပျိုးသူများဟာ ဈေးနှုန်းပိုမိုမြင့်တက်မယ့်အလားအလာကြောင့် အရည်အသွေးကောင်း နနွင်းများကို ပြန်လည်သိုလှောင် လာကြတယ်လို့သိရပါတယ်။ ဒါပေမဲ့ အရည်အသွေးအသင့်အတင့်ကောင်းတဲ့ နနွင်းများကိုသာ ဈေးကွက် ယူဆောင်လာတဲ့အတွက် မေ ၂၂ ရက်မှာ ဈေးကျဆင်းခဲ့ကြောင်းသိရပါတယ်။
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၅-၁-၂၀၁၂ (ဒေါ်လာ/တန်) ၂၉-၁၂-၂၀၁၁ ၅-၁-၂၀၁၂ ပြောင်းလဲမှု မတ်ပဲ ၆၂၄ ၆၃၇ ပဲတီစိမ်းရိုးရိုး ၇၇၃ ၇၉၃ - ပဲတီရွှေဝါ ၈၄၈ ၈၆၈ ပဲစင်းငုံ ၆၁၇ ၆၄၆ ကုလားပဲဖြူလုံးကြီး ၆၄၆ ၆၃၅
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၉-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ၂၂-၁၂-၂၀၁၀ ၂၉-၁၂-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၀၈ ၆၂၄ ပဲတီစိမ်းရိုးရိုး ၇၇၂ ၇၇၃ - ပဲတီရွှေဝါ ၈၄၈ ၈၄၈ ပဲစင်းငုံ ၆၁၀ ၆၁၇ ကုလားပဲဖြူလုံးကြီး ၆၇၂ ၆၄၆
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၂-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၂၈ ၆၀၈ ပဲတီစိမ်းရိုးရိုး ၇၆၃ ၇၇၂ - ပဲတီရွှေဝါ ၈၂၈ ၈၄၈ ပဲစင်းငုံ ၆၂၈ ၆၁၀ ကုလားပဲဖြူလုံးကြီး ၆၀၁ ၆၇၂
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၁၅-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၂၀ ၆၂၈ ပဲတီစိမ်းရိုးရိုး ၇၇၂ ၇၆၃ - ပဲတီရွှေဝါ - ၈၂၈ ပဲစင်းငုံ ၆၁၉ ၆၂၈ ကုလားပဲဖြူလုံးကြီး ၆၂၃ ၆၀၁
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၈-၁၂-၂၀၁၁ (ဒေါ်လာ/တန်) ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၀၁ ၆၂၀ ပဲတီစိမ်းရိုးရိုး ၇၈၄ ၇၇၂ - ပဲစင်းငုံ ၅၉၁ ၆၁၉ ကုလားပဲဖြူလုံးကြီး ၆၁၃ ၆၂၃
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၃၀-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ၂၄-၁၁-၂၀၁၀ ၃၀-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၄၂ ၆၀၁ ပဲတီစိမ်းရိုးရိုး ၇၈၄ ၇၈၄ - ပဲစင်းငုံ ၆၂၃ ၅၉၁ ကုလားပဲဖြူလုံးကြီး ၆၄၅ ၆၁၃
အိန္ဒိယမွန်ဘိုင်းဈေးကွက် ၂၄-၁၁-၂၀၁၁ (ဒေါ်လာ/တန်) ၁၇-၁၁-၂၀၁၀ ၂၄-၁၁-၂၀၁၀ ပြောင်းလဲမှု မတ်ပဲ ၆၈၂ ၆၄၂ ပဲတီစိမ်းရိုးရိုး ၇၉၁ ၇၈၄ - ပဲစင်းငုံ ၆၄၇ ၆၂၃ ကုလားပဲဖြူလုံးကြီး ၆၆၂ ၆၄၅
ပြောင်းအပြင် ပဲနဲ့နှမ်းများကိုလည်း ဖောက်စစ်ပေးစေလိုတဲ့ဆန္ဒ မူဆယ်ကုန်သည်များမှာ ရှိနေတယ်လို့ ကုန်စည်ဒိုင်မှူး ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ယင်းကိစ္စနဲ့ပက်သက်ပြီး မူဆယ်စခန်း တာဝန်ခံက ပဲပြောင်းနှမ်း ကုန်စည်ဒိုင်မှာ ပြောင်းအပြင် အခြားပဲနဲ့ နှမ်းများပါ ဈေးကွက်ဖြစ်ပေါ်အောင်ကြိုးစားဖို့လိုအပ်ကြောင်း၊ ပြောင်းဈေးကွက် မိမိဘက်ဖြစ်ပေါ်ရေး ကုန်သည်များကုမ္ပဏီများ စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်ကြောင်း၊ နိုင်ငံတော်မှ NGO များကို မြေတောင်မြှောက်ပေးနေချိန်မှာ ဌာနဆိုင်ရာက မူဘောင်နဲ့အညီ ကူညီပံ့ပိုး ပေးနေသလို အသင်းအဖွဲ့များက ကြိုးပမ်းအားထုတ်ကြဖို့လိုကြောင်း ပြော ကြားပါတယ်။ ပဲနှမ်းဈေးများမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ဈေးများဖြစ်နေ တဲ့အတွက် နေ့စဉ်တစ်ဘက် ကုန်သည်နဲ့ အမှန်တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းအတိုင်း ဈေးဖွင့်ရန်လိုအပ်ကြောင်း၊ ဝယ်ယူတဲ့ နိုင်ငံမတူလျှင် ဈေးနှုန်းလည်း မတူနိုင်ကြောင်း၊ ဒါပေမဲ့ အမှန်တကယ်ဈေးကွက် မဖြစ်သေးတာကြောင့် ဈေးနှုန်းလည်း မဖွင့်နိုင်သေးဘဲ ဖြစ်နေတာလို့ စခန်းတာဝန်ခံ ဦးရန်နိုင်ထွန်းက ဆိုပါတယ်။ ပဲနဲ့နှမ်းကို မိမိဘက်ဈေးကွက်ဖြစ်ပေါ်ရေးအတွက် ကုန်သည်များက ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ ပဲနဲ့နှမ်းကို ပြောင်းကဲ့သို့ ဈေးကွက်ဖြစ်ပေါ်ရေး၊ မိမိအကျိုးစီးပွား တစ်ခုတည်းကို မကြည့်ဘဲ အမျိုးသားအကျိုးစီးပွားကို ကြည့်ရှုရန် လိုအပ်ကြောင်း၊ စည်းလုံးညီညွတ်မှုမရှိဘဲ တစ်ဦးကောင်းမလုပ် ကြရန်နဲ့ တစ်ဖက်ကုန်သည် လာရောက်ဝယ်ယူတဲ့အဆင့်သို့ရောက်ရှိရေး ကုန်စည်ဒိုင်နဲ့ ပူးပေါင်းဆောင် ရွက်ရန်လိုကြောင်းလို့ စခန်းတာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ MIRT(DOBT)