Main menu

Background

Tuesday, 23 Feb 2016

                      နိုင်ငံခြားငွေများ ပြည်ပသို့ အလုံးအရင်းဖြင့် စီးထွက်မှုကြောင့် တောင်ကိုရီး ယားရှိနိုင်ငံခြားဘဏ်များတွင် နိုင်ငံခြားငွေသားဖြင့် အပ်နှံမှုမှာ ဇန်နဝါရီလတွင် လနှစ်ဆယ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တောင်ကိုရီးယားဗဟိုဘဏ်မှ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ တောင်ကို ရီးယားဗဟိုဘဏ်(Bank of Korea) မှ ထုတ်ပြန်တဲ့ ဇန်နဝါရီလကုန် စာရင်းများရ ပြည်တွင်းမှာ အခြေချနေထိုင်သူ (Local Resident) တွေ လက်ဝယ်ရှိနေတဲ့ နိုင်ငံခြားဘဏ်အပ်ငွေလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၆ ဘီလီယံရှိခဲ့ရာယခင်လနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဒသမ ၉၅ ဘီလီယံကျ

Thursday, 18 Feb 2016

                         အမေရိကန် ပြည်ထောင်စုမှာ ရေနံဈေးနှုန်းတွေအဆက်မပြတ် ကျဆင်းပြီး ငွေကြေးစီးဆင်းမှုတွေ အခြေအနေပျက်ယွင်းလျက်ရှိတဲ့အတွက်နုန်းကျောက်မှရေနံထုတ်လုပ်တဲ့ အမေရိကန်တွေက လက်ရှိနှစ် လ တာကာလ အတွင်း ၂၀၁၆ ခုနှစ်အသုံးစရိတ်ကိုဒုတိယအကြိမ်မြောက်လျှော့ချခဲ့ကြောင်း နဲ့ ရေနံဈေးနှုန်းက တစ်စည်ကို အမေရိ ကန်ဒေါ်လာ ၃၀ အောက်ထိ ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်သူတွေက လုပ်ငန်းစီမံကိန်း အသစ်များအတွက် အသုံးစရိတ်ကိုဆိုင်းငံ့ထားကြောင်းရိုက်တာသတင်းမှာဖော်ပြထားပါတယ်။''ကုမ္ပဏီများက လက်ကျန်ရှင်း တမ်းများနဲ့ငွေသားတွေကို ထိန်းထိန်း သိမ်းသိမ်းကိုင်တွယ်ဆောင်ရွက်နေပြီး ဝင်ငွေနဲ့လောက်ငှရုံ သာ ဆောင်ရွက်လျက်ရှိကြတဲ့အတွ

Wednesday, 10 Feb 2016

ဇန်နဝါရီလအတွင်းမှာ တရုတ် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် နှုန်းက  နှစ်နှစ်ခွဲကာလအတွင်း အလျင်မြန်ဆုံးနှုန်းနဲ့ ကျဆင်းခဲ့ကြောင်း၊ ယခုလိုကျဆင်းမှုက ဈေးကွက်ရဲ့ ကြို တင်ခန့်မှန်းချက်နဲ့ ကိုက်ညီမှုမရှိသေး ကြောင်း ဖေဖော်ဝါရီ ၁ ရက်က တရားဝင်ထုတ်ပြန်တဲ့  စစ်တမ်းအရသိရပါတယ်။တရားဝင်ထုတ်ပြန်တဲ့ ဝယ်ယူသူ မန်နေဂျာများ အညွှန်းကိန်းPurc- hasing Manager's Index-PMI) ကဇန်နဝါရီမှာ ၄၉ ဒသမ ၄ ရာခိုင် နှုန်း ရှိခဲ့တဲ့ အတွက် ယခင်လက ရှိခဲ့တဲ့ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင်နိမ့်ကျ နေတဲ့အပြင် တိုးတက်နှုန်းနဲ့ကျဆင်းမှုကိုသတ်မှတ်ထားတဲ့ ၅၀ ရာခိုင်နှုန်း အောက်ကိုကျဆင်းနေတာကိုတွေ့ရပြီး ၂၀၁၂ ခုနှစ်သြဂုတ်လ

Thursday, 28 Jan 2016

ယခင်ကသီးနှံများတင်ပို့နေတဲ့ တောင်အာဖရိကနိုင်ငံဟာ ဆိုးရွားတဲ့ရာသီဥတု ဒဏ်ကြောင့် ပြည်ပမှပြောင်းဆန် အဖြူရောအဝါပါ ငါးသန်းမှ ခြောက်သန်းအထိ တင်သွင်းရမယ်လို့ စိုက်ပျိုးရေး၊ သစ်တောနှင့်  ရေလုပ်ငန်းဝန်ကြီး ဌာနဝန်ကြီး ဇိုကွာနာက  ဇန်နဝါရီ ၁၅ ရက်က ပြောကြားလိုက်ပါတယ်။ ဇင်ဘာဘွေ လီဆိုသို၊ နမီးဘီးယား၊ ဘော့စ်ဆွာနာနဲ့ ဆွာဇီလန် စတဲ့ဒေသတွင်းနိုင်ငံများရဲ့ လိုအပ်ချက် စုပေါင်းလိုက်ရင် ပြောင်းအပြင် ပဲပုပ်စေ့နဲ့ ဂျုံအပါ အဝင် တန်ချိန် ၁၀ ဒသမ ၉ သန်း ခန့်ရှိနိုင်တယ်လို့  ပရီတိုးရီးယားမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး ဇိုကွာနာကပြောပါတယ်။စားနပ်ရိက္ခာဖူလုံရေးအတွက် တောင်အာဖရိကအနေနဲ့ ပြည်ပမှပြောင်းတင် သွင်းမှသာ

Friday, 15 Jan 2016

လွန်ခဲ့တဲ့ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအများစုက ကုန် သွယ်မှု အတားအဆီးများကို ဖယ်ရှားထားပြီးဖြစ်သဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(အေအီးစီ)တည်ထောင်မှုကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းအတွက် ပြုပြင်ပြောင်းလဲမှုတွေ ကြီးကြီးမား မား ဖြစ်လာမှာမဟုတ်ကြောင်း အင်ဒိုနီးရှားအစားအစာနဲ့ အဖျော်ယမကာ အသင်:(Gapmmi)  ဥက္ကဋ္ဌ အက်ဒီအက်စ်လုခမန်းရဲ့ ပြောကြားချက်ကို ကိုးကား ပြီး အန်တာရာသတင်းမှာ ဖော်ပြပါတယ်။ဒါပေမဲ့အရှေ့တောင်အာရှဒေသကို မဟာအင်ဒိုနီးရှားအဖြစ် သဘော ထားပြီး အနာဂတ် မူဝါဒတွေကို ချမှတ်တဲ့အခါ အာဆီယံကို ဗဟိုပြုတဲ့ စိတ် ဓာတ်နဲ့ ဆောင်ရွက်ဖို့လိုကြောင်း သူကပြောပါတယ်။''အာဆီယံအဖွဲ့ဝ

Thursday, 7 Jan 2016

ဆိုင်နိုကင်မ်ဂရုပ်(Sinochem Group)သည် ထိုင်းရော်ဘာအာဏာပိုင် အဖွဲ့ထံမှ ရော်ဘာစိမ်းတန်ချိန် နှစ်သိန်းဝယ်ယူရန် သဘောတူလက်မှတ်  ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ ဆိုင်နိုကင်မ်ဂရုပ်သည် ၂၀၁၅ ခုနှစ်က လည်း ရော် ဘာ စိမ်းအများဆုံးမှာယူတဲ့ ကုမ္ပဏီကြီးဖြစ်ပြီး တရုတ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းတစ်ခု  ဖြစ်ပါ တယ်။ ရော်ဘာစိမ်း တန်ချိန်နှစ်သိန်းဝယ်ယူမယ့်အကြောင်းကို တရုတ်နဲ့ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှု တိုးမြှင့် ပူးပေါ င်းဆောင် ရွက်ရေး  ဆွေးနွေးပွဲမှာ ဒီဇင်ဘာလ ၁၇ ရက်က ထိုင်းဝန်ကြီးချုပ်နဲ့ တရုတ်ပြည်နယ်ကောင်စစ်ဝန်တို့ တွေ့ဆုံပြီး ထုတ်ပြန်ကြေညာ ပါတယ်။ထိုင်းဝန်ကြီးချုပ် က ထိုင်းနိုင်ငံတောင်ပိုင်း စီးပွားရေး ဧရ

Tuesday, 20 Oct 2015

          ဩစတြေးလျ စီးပွားရေး ပညာရှင်များ၏ ဆောင်ရွက်ချက်ကို လေ့လာ ကြည့်ခြင်းဖြင့် ကိုရီးယားစီးပွားရေး ဖွံ့ဖြိုးမှုနှုန်း နှေးကွေးလေးလံနေခြင်းကို ကုစားရန်နည်းလမ်းများ ရှာဖွေသင့်ကြောင်း စီးပွားရေးပညာရှင်များအဖွဲ့ တစ်ဖွဲ့က အခိုင်အမာပြောကြားခဲ့ကြသည်။ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း တိုးတက်လာစေရန် အစိုးရ၏စီးပွားရေးဖွံ့ဖြိုးမှု လှုံ့ဆော်တွန်းအားပေး အစီအစဉ်ကိုသာ မှီခိုမနေဘဲ ကော်ပိုရေးရှင်းတစ်ခုချင်းစီ၏ တီထွင်ဆန်းသစ်မှု လုပ်ငန်း များကို အာရုံစိုက်သင့်ကြောင်း ယင်း စီးပွားရေးပညာရှင်အုပ်စုက ဆက်လက် ပြောကြားခဲ့သည်။

Tuesday, 20 Oct 2015

      ကိုရီးယားသမ္မတနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Lee Ju-yeol က စီးပွားရေး အခြေအနေမကောင်းသည့်အခိုက် ဝမ်ငွေကျုံ့မှုအန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် ကိုရီးယားငွေစက္ကူတန်ဖိုး ပြန်လည်သတ်မှတ်ရန် (redenomination) လိုအပ်လျက်ရှိသည်ကို သတိပြုမိကြောင်း အမျိုးသား လွှတ်တော်က ဗဟိုဘဏ်အား စာရင်းစစ်ဆေးနေသည့် ကာလအတွင်း ပြောကြားခဲ့သည်။ ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ယင်းသတ်မှတ်ချက်သည် ငွေစက္ကူ တန်ဖိုးပြန်လည် သတ်မှတ် ရန် ပထမဆုံးသော မှတ်ချက်တစ်ခု ဖြစ်ခဲ့သည်။

Tuesday, 20 Oct 2015

          စွမ်းအင်ရောင်းလိုအားနှင့် ဝယ်လိုအား အာမခံချက် တိုးတက်လာစေရန်၊ စွမ်းအင်ကွင်းဆက် (Energy Chain)တစ်ရပ်လုံး၏ စွမ်းဆောင်ရည် အမြင့်ဆုံးသို့ ရောက်ရှိစေရန်၊ စွမ်းအင်ဖူလုံရေးကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ပ တ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ အနည်းဆုံးဖြစ်စေရန် အဓိကရည်ရွယ်သော စွမ်းအင်ဆိုင်ရာ နိုင်ငံစုံသဘောတူညီချက်တစ်ခုဖြစ်သည့် International Energy Charter အား ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ဗီယက်နမ်နိုင် ငံတို့က ၂၀၁၅ ခုနှစ် အတွင်း လက်မှတ်ရေးထိုးသွားရန်ရှိကြောင်း လက်မှတ်ရေးထိုးပြီးပါက အဆိုပါ နိုင်ငံများသည် International Energy Charter ၏  လေ့လာသူ (Observers) အဆင့်နိုင်ငံများ ဖြစ်လာမည်ဖြစ

Pages