Main menu

Background

Tuesday, 18 Oct 2011

                    ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် ( CLMV ) နိုင်ငံတို့မှ စီးပွားရေးပညာရှင်များနဲ့ ကျွမ်းကျင်သူတွေက အောက်တိုဘာ ၁၀ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာတွေ့ဆုံပြီး ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက်အဝန်းဖွဲ့စည်းပြီးနောက်ပိုင်း ( CLMV )  နိုင်ငံတို့ကြုံတွေ့မဲ့ ပြဿနာတွေနဲ့ အလားအလာ တွေကို ဆွေးနွေးကြပါတယ်။ လွန်ခဲ့သောနှစ်များအတွင်း ( CLMV )  နိုင်ငံများရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အတာ်အတန်တိုးတက်ခဲ့ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ပြီး စီးပွားရေး စွမ်း ဆောင်ရည် မြင့်တက် နေဦးမှာဖြစ်ကြောင်း၊ သို့သော် ထိုနိုင်ငံများသည် ဒေသတွင်းရှိ အခြားသော နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် အလွန်နိမ့်ကျ နေသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံဘုရင့် အတိုင်ပင်ခံအဖွဲ့ဝင် မင်းသား နိုဂိုဒွန်ရှီရီဗတ်က ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားမှာ ပြောပါတယ်။                  "ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်က ကျွန်တော်တို့ ဒေသတွင်းစီးပွားရေးပေါင်းစပ်မှုအတွက် ကြီးမားတဲ့ အဟန့် အတားဖြစ်နေပါသေးတယ်။ ဒါကြောင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်းအောင်ဆောင်ရွက်ရာမှာ ( CLMV ) နိုင်ငံတွေကို ဒေသတွင်းမှာရှိတဲ့ ပိုမိုဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံတွေ အထူးသဖြင့် အာဆီယံဆွေးနွေးဘက်နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယားက ကူညီဖို့လိုအပ်ပါတယ်" လို့ သူကပြောပါတယ်။ ( CLMV ) နိုင်ငံတွေဟာ စီးပွားရေးအခြေခံအဆောက်အဦကို တည်ဆောက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးနဲ့ စွမ်းဆောင်ရည် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် အကူအညီတွေ လိုနေတယ်လို့ သူကပြောပါတယ်။                    ဆွေးနွေးပွဲမှာ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ဗန်ကောက်သုတေသနစင်တာတို့မှ စီးပွားရေးပညာရှင် တို့က ၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေးအသိုက်အဝန်း ထူထောင်နိုင်ရေးအတွက် အာဆီယံနိုင်ငံများ အကြား ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဝန်ဆောင်မှုတို့အတွက် ပူးပေါင်း ဆောင် ရွက်ရေးကိစ္စတွေကို တင်ပြကြပါတယ်။ Source.xinhua

Tuesday, 21 Jun 2011

နိုင်ငံခြားသား ကျွမ်းကျင်သူတို့အတွက် စင်ကာပူ ကုမ္ပဏီတို့ အကုန်အကျပိုမိုများ                  ဇူလိုင် ၁ ရက်ကစပြီး နိုင်ငံခြား အလုပ်သမားများကိုယ်စားWork Pass ကိုလျှောက်ထားသောအခါ ကုမ္ပဏီများက အကုန်အကျပိုမို များပြားလာမှာ ဖြစ်တယ်။ ဒါကြောင့် လူသစ်စုဆောင်းရာမှာ အရည် အသွေးနဲ့ ကုန်ထုတ်လုပ်မှုကို ဦးစားပေးဖို့ အရေးကြီးတယ်လို့ စင်ကာပူ အလုပ်ဗီဇာ ကျွမ်းကျင်သူ ရစ်ဗင်က ပြောပါတယ်။ စင်ကာပူ Employment Pass, Entrepreneur Pass နဲ့ SPass ကို လျှောက်ထားတဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ လစာက ယခုနှစ် မတ်လက စင်ကာပူ ဒေါ်လာ ၁ဝဝဝ တိုးမြှင့် သတ်မှတ်ထားပါ တယ်။ ယခုလို တိုးမြှင့်သတ်မှတ်ထားတာဟာ ကုန်ထုတ်လုပ်မှုပိုမို တိုးတက်ပြီး နိုင်ငံရဲ့ စီးပွားရေး အခြေအနေ တိုးတက်လာဖို့အတွက် ပိုမိုအရည် အသွေး ပြည့်ဝတဲ့ နိုင်ငံခြားသားတွေ ရရှိဖို့အတွက် ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စင်ကာပူမှာ သက်မွေးဝမ်းကျောင်း ပညာရှင်၊ မန်နေဂျာသို့မဟုတ် အထူးလုပ်ငန်းတွေနဲ့ အကံျုဝင်သူတွေကို Employment Pass ကို ထုတ်ပေးပါတယ်။ ဒီလက်မှတ်ကိုလည်း P1 ,P2နဲ့ Q1 ဆိုပြီး ထပ်ခွဲ ထားပါတယ်။ ဏ၁ အတွက် စင်ကာပူ ဒေါ်လာ ၇ဝဝဝ မှ ၈ဝဝဝ၊ P2 အတွက် စင်ကာပူ ဒေါ်လာ ၃၅ဝဝ မှ ၄ဝဝဝ နဲ့ Q1 အတွက် စင်ကာပူ ဒေါ်လာ၂၅ဝဝ မှ၂၈ဝဝသို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ အလယ်အလတ် ကျွမ်းကျင်သူတွေ ဖြစ်တဲ့  S-Pass  ယခင် စင်ကာပူ ဒေါ်လာ ၁၈ဝဝ ကနေ ၂ဝဝဝ ထိတိုးပေးပါတယ်။ အလားတူ S-Pass  အတွက် အလုပ်ရှင်က ပေးရမဲ့ စည်းကြပ်ခွန်ကို စင်ကာပူ ဒေါ်လာ ၁၉ဝ နဲ့ ၃ဝဝ အကြား တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ Source: singpr.com

Tuesday, 21 Jun 2011

တရုတ်နိုင်ငံရှိ ဒုတိယမြောက် အရှေ့-အနောက် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေးစီမံကိန်း ပြီးဆုံး                တရုတ်နိုင်ငံရဲ့ ဒုတိယမြောက် အရှေ့-အနောက် သဘာဝဓာတ်ငွေ့ပို့လွှတ်ရေး ပိုက်လိုင်းရဲ့ အခြေခံ အဆောက်အအုံ ဆောက်လုပ်တဲ့လုပ်ငန်းကို အပြီးသတ်ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း ချိုင်းနားနေရှင်နယ် ပက်ထရို လန်းကော်ပိုရေးရှင်း( CNPC ) က ဇွန် ၁၃ ရက်က ကြေညာပါတယ်။ ဇွန်လနှောင်းပိုင်းမှစပြီး လုပ်ငန်းများ စတင်ဆောင်ရွက် တော့မည် ဖြစ်ရာ လုပ်ငန်းများမစတင်မီ စမ်းသပ်မှုများကို အကြိမ်ကြိမ်ဆောင်ရွက်မှာ ဖြစ်တယ်လို့ CNPC ပြောရေးဆိုးခွင့်ရှိသူက ပြောပါတယ်။                         ဒီပိုက်လိုင်းကိုသုံးပြီး တပ်ခမေနီစတန်နဲ့ တရုတ်နိုင်ငံ အနောက်မြောက်ဒေသရှိ စင်ကျန်အူဂါကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေ သဘာဝဓာတ်ငွေ့တွေကို ယန်စီနဲ့ ပုလဲမြစ်ဝကျွန်းပေါ်ဒေသတွေကို ပို့ပေးမှာဖြစ်ပါတယ်။ ဒီနယ်မြေ ဒေသနှစ်ခုဟာ စီးပွားရေးအရ ဖွံ့ဖြိုးတဲ့ ဒေသတွေဖြစ်ပြီး ယခုပိုက်လိုင်းကလည်း ပြည်ပကနေ သဘာဝဓာတ်ငွေ့ ရယူမဲ့ ပထမဆုံး ပိုက်လိုင်းဖြစ်ပါတယ်။ ယခုပိုက်လိုင်းက ကီလိုမီတာ ၈၆၅၃ ကီလိုမီတာ ရှည်ပြီး တရုတ်နိုင်ငံအတွင်း ဒေသကြီး ၁၅ ခုကို ဖြတ်သန်းသွားပါတယ်။ အဓိကလိုင်းခွဲ ၈ ခု ပါဝင်ပြီး အရှည်ဆုံးလိုင်းခွဲက ၄၈၆၅ ကီလိုမီတာရှိ စင်ကျန်နဲ့ ကွေ့ချောင်းကို ဆက်သွယ် ထားတဲ့ လိုင်းခွဲဖြစ်ပါတယ်။ Source: xinhua

Tuesday, 7 Jun 2011

 အစ္စလာမ်မစ် စီးပွားရေးပွဲတော်နှင့် အစားအသောက်ပြပွဲ ၂ဝ၁၁                   အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Jakarta Convention Centre (JCC)  မှာ ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် "Islamic Halal Business Festival & Food Expo (IHBF)2011" ပြပွဲကို မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသဖို့ ဖိတ်ကြားလာပါတယ်။               ၎င်းပြပွဲတွင် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ၊ အားကစားပွဲများ၊ အစ္စလာမ်မစ် ယဉ်ကျေးမှုပွဲတော်နဲ့ ဖက်ရှင် ပြပွဲအစီအစဉ် (၆) မျိုးပါဝင်ကာ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်နဲ့ အသုံး အဆောင်ပစ္စည်းများ၊ ဘဏ်လုပ်ငန်းနဲ့ အာမခံပစ္စည်းများ ပါဝင်ပြသကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပြပွဲကို ပါဝင်ပြသလိုပါက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခုျပ်နဲ့ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ အသေး စိတ်သိရှိလိုပါက www.indonesiahalaexpo.com website  ကိုဝင်ရောက်ကြည့် ရှုနိုင်ပါတယ်။                                                        AMM(IT)

Tuesday, 7 Jun 2011

နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း                  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပေကျင်းမြို့ရှိ အပြည်ပြည်ဆိုင်ရာကုန်စည် ပြပွဲကျင်းပရေး ဗဟိုဌာနတွင် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ မှ ၁ဝ ရက်နေ့အထိနိုင်ငံတကာမော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းပြ ပွဲ-၂ဝ၁၁ (China In't Auto Parts Expo)ကိုကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲသို့ကုမ္ပဏီ (၂ဝ)ကျော်နှင့်အထက် တက်ရောက်မည်ဆိုပါက ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အတွက်အသွား အပြန်လေယာဉ်ခအပါအဝင်စရိတ်စက အားလုံးကိုပြပွဲကျင်းပရေးကော်မတီမှ ကျခံပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပြပွဲသို့သွားရောက်ပြသမည့် မြန်မာလုပ် ငန်းရှင်များအနေဖြင့် မိမိတို့နိုင်ငံထုတ် စက်မှုထုတ်ကုန်ပစ္စည်းများ၏အရည်အသွေးနှင့်ဆန်းသစ်မှုတို့အား ပြသခွင့်ရ နိုင်ငံတကာမော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းပြပွဲ ၂ဝ၁၁ကျင်းပခြင်း မည်ဖြစ်ပါသည်။ထို့အပြင် တရုတ်နိုင်ငံ ၏ မော်တော်ယာဉ်ထုတ်လုပ်မှုနှင့်အပို ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကိုပါသိရှိနိုင်မည်ဖြစ်ပါသည်။ယခုအခါမြန်မာ နိုင်ငံတွင်လည်း စက်မှုဇုန်များမှမော် တော်ယာဉ်များကို ထုတ်လုပ်လျက်ရှိရာ လိုအပ်သောနည်းပညာများကုန်ကြမ်း ပစ္စည်းများအပြင်တရုတ်နိုင်ငံနှင့်ပူပေါင်း ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများရရှိနိုင်မည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍အဆိုပါ ပြပွဲသို့သွားရောက်ပြသလိုပါကပြသမည့် ပစ္စည်းအမျိုးအမည်၊ပြသမည့်အမည်စာ ရင်းများကို ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းခုျပ်သို့ ၅-၈-၂ဝ၁၁ နေ့နောက်ဆုံးထား၍ပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Tuesday, 7 Jun 2011

ဂျပန်စားသောက်ကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် မြန်မာကုမ္ပဏီ (၆) ခု ရွေးချယ်ခြင်းခံရ                     အာဆီယံ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှ ၃ဝ ရက်နေ့ အထိ ကျင်းပပြုလုပ်မည့် ASEAN Food & Beverage ပြပွဲနဲ့ ၂ဝ၁၂ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ပြုလုပ်မဲ့ ၤSpecial Exhibition Foodex  ပြပွဲတွေကို တက်ရောက်ဖို့ အတွက် မြန်မာကုမ္ပဏီ ၆ ခုကို မေလ 4၂ဝ ရက်နေ့မှာ ဂျပန်နိုင်ငံကျွမ်းကျင်သူ အဖွဲ့မှ လာရောက်ရွေးချယ်ခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ် တိုကျိုမြို့မှာ ကျင်းပမဲ့ ASEAN Food & Beverage ပြပွဲအတွက် ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီ ၃ ခုမှာပျားရည်တင်ပို့တဲ့ Nay Phone Tauk Int'l Trading ရေထွက်ကုန် ပစ္စည်း ကုမ္ပဏီတွေဖြစ်တဲ့ Grand Wynn Manufacturing နဲ့ Min Zar Niတို့ဖြစ်ကြပါတယ်။ ၂ဝ၁၂ ခုနှစ် Chiba မြို့မှာ ကျင်းပမဲ့ ှSpecial Exhibition Foodex အတွက် သီဟိုဠ်စေ့ကုမ္ပဏီ Moe Hein  သကြားလုံးနဲ့ ဝေဖာထုတ်လုပ် တဲ့ Tin Ye Win Manufacturing (IBC Int'l) နဲ့ လယ်ယာနဲ့ ရေထွက်ကုန် ပစ္စည်းတင်ပို့တဲ့ Asia Winner Industrial ကုမ္ပဏီ (၃) ခုရွေး ချယ်ခြင်း ခံရပါတယ်။ ဂျပန်ကျွမ်းကျင် သူအဖွဲ့က ကုန်ပစ္စည်းအရည်အသွေး၊ ထုတ်လုပ်မှုစွမ်းအား၊ ထုပ်ပိုးမှုပုံစံ၊ ပြည်တွင်းပြည်ပဈေးကွက်ရရှိမှု၊ ကုန်ပစ္စည်း ထိန်းသိမ်း သိုလှောင်မှုစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။                     ရွေးချယ်ခြင်းခံရတဲ့ ကုမ္ပဏီတွေ က ၎င်း ကုန်စည်ပြပွဲတွေကို စရိတ်ငြိမ်း သွားရောက် ပြသခွင့် ရရှိမှာဖြစ်ပါ တယ်။ အလားတူ အခြားအာဆီယံ နိုင်ငံများမှလည်း စားသောက်ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ တစ်စုတစ် စည်းတည်း ပါဝင်ပြသကြမှာ ဖြစ်ရာ မြန်မာလုပ်ငန်းရှင်များအနေနဲ့ ဂျပန် ဈေးကွက်အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ကုန် ပစ္စည်းတွေကိုပါ ထိတွေ့ခွင့်ရရှိမှာ ဖြစ်ပါတယ်။ MMS(IT)

Tuesday, 23 Nov 2010

ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ရောင်းလိုအားကျဆင်းမှုကြောင့် ရော်ဘာဈေးတက်၏        တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက နှစ်ရက်ဆက်တိုက်ကျဆင်းနေရာမှ အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ဂျပန်ယန်းငွေက အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားတာကြောင့် ရော်ဘာဈေးနှုန်း ပြန်တက်သွားကြောင်း သတင်းရရှိပါတယ်။ တိုကျိုကြိုပွိုင့်ရောင်းဝယ်ရေးတွင် ဧပြီလသင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၂ ဒသမ ၈ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၄၃၇၅ ကိုရောက်ရှိသွားခဲ့ပါတယ်။ ရှန်ဟိုင်းကြိုပွိုင့် ရောင်းဝယ်ရေးတွင် မေလ သင်္ဘောတင်မဲ့ ရော်ဘာဈေးနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းဈေးတက်သွားပြီး တစ်တန်ကို ကန်ဒေါ်လာ ၅၂၄၁ နဲ့ ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။        ဂျပန်ယန်းငွေတန်ဖိုးကျဆင်းခြင်းက ဈေးကွက်ဝယ်လိုအားကိုတက်သွားစေခဲ့ကြောင်း DS Futures Co မှသုတေသီ Chaiwat Muenmee  မှပြောကြားလိုက်ပါတယ်။ ဒါ့ပြင် ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့မှ ရောင်းလိုအား တင်းကြပ်မှု ကြောင့်လည်း ရော်ဘာဈေးနှုန်းကို တွန်းအားပေးလိုက်ပါတယ်။          ယခုနှစ်တွင် ရော်ဘာကြိုပွိုင့်ဈေးနှုန်းများ ၃ဝ ရာခိုင်နှုန်းတက်သွားရခြင်းမှာ အရှေ့တောင်အာရှနိုင်ငံများ တွင် မိုးရွာ သွန်းမှုနဲ့ ရေလွှမ်းမိုးမှုကြောင့် ရော်ဘာထုတ်လုပ်မှုထိခိုက်ခဲ့ရာ ရော်ဘာထုတ်လုပ်သူများမှ ရော်ဘာ ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်ပါတယ်။           ထိုင်းနိုင်ငံတွင်လည်း စတုတ္တလေးလပတ်တွင် ရော်ဘာထုတ်လုပ်မှုက ၁ဝ ရာခိုင်နှုန်းကျဆင်းသွားကာ တန်ချိန် ၈၇ဝဝဝဝ သာရောက်ရှိနိုင်ပြီး တစ်နှစ်လုံးအတွက်မူ ထုတ်လုပ်မှု ၅ ရာခိုင်နှုန်းကျဆင်းကာ တန်ချိန် ၃ သန်းသာရှိနိုင်ကြောင်း ထိုင်း ရော်ဘာအသင်းရဲ့ ခန့်မှန်းချက်အရသိရှိရပါတယ်။ လာမဲ့ ၇ နှစ်အတွင်းတွင် ထိုင်းနိုင်ငံ ရဲ့နှစ်စဉ်ရော်ဘာရောင်းလိုအားက အပင်သစ်များမရင့်မချင်း တန်ချိန် ၅ဝဝဝဝ ကျော်ကျဆင်းသွားနိုင်ကြောင်း ထိုင်းနိုင်ငံရော်ဘာအသင်းဥက္ကဌ ူLuckchai Kittipol  မှသုံးသပ်လိုက်ပါတယ်။          နိုဝင်ဘာလ ၁၅ ရက်နေ့က ထိုင်းရော်ဘာလက်ငင်းဈေးနှုန်းက တစ်ကီလိုဂရမ်ကို သုည ဒသမ ၈ ရာခိုင်နှုန်း ဈေးကျ သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၄၃၇ဝ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ထိုင်းရော်ဘာသုတေသန တက္ကသိုလ်အရ သိရှိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ရောင်းလိုအားက ဆက်လက်ကျဆင်းနေဦးမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။          ဂျပန်နဲ့ တရုတ်နိုင်ငံတို့တွင် ရော်ဘာသိုလှောင်ထားမှုလက်ကျန်လျော့နည်းလာခြင်းမှာ စဉ်ဆက်မပြတ် ဝယ်ယူမှုများ ကြောင့် ဖြစ်ကြောင်း DS Futures  ကြိုပွိုင့်ရောင်းဝယ်ရေးအရ သိရှိရပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သိုလှောင် ထားမှုက နိုဝင်ဘာလ ၁ဝ ရက်နေ့က တန်ချိန် ၇၅၅၂ သာရှိတော့ကြောင်း ဂျပန်ရော်ဘာသတင်းအချက်အလက်များအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ရုံများတွင်လည်း ရော်ဘာသိုလှောင်ထားမှုက လျော့နည်းသွားခဲ့ကြောင်း သုတေသနပြူမှုများ အရ သိရှိရပါတယ်။ Source:bloomberg.com, အေးမွန်မွန်လှိုင် 

Tuesday, 23 Nov 2010

RSS(၃) နဲ့ (၅) နယ်စပ်မှ တင်ပို့မှုမြင့်       RSS (1) (3) (5)၊ MSR (20) (50) စသဖြင့် ရော်ဘာအဆင့်စုံများကို မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်တွေက တစ်ဆင့်တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါတယ်။ နိုဝင်ဘာလ ၁ဝ ရက်မှ ၁၆ ရက်ထိကာလ အတွင်းမှာRSS (3)  တန်ချိန် ၃ဝဝ ကျော်နဲ့ RSS (5)  တန်ချိန် ၁၂ဝ ကျော် ယခင်အပတ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တစ်ဘက်နိုင်ငံ ရာသီဥတုအခြေအနေပြောင်းလဲမှုကြောင့် ရော်ဘာထွက်ရှိမှု လျော့နည်းခဲ့သလို အခြားရော်ဘာ ထွက်ရှိတဲ့ နိုင်ငံများမှာလည်းရော်ဘာထွက်နှုန်း လျော့တာကြောင့်မို့ ဝယ်လို အားတက်နေတယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ရော်ဘာ တင်ပို့နိုင်မှု ကတော့RSS (1)  ၁၅ တန်၊ RSS (3)  ၅၅၇ ဒသမ ၈ တန်ကျော်၊ RSS (5) တန် ၁၁ဝ၊ MSR (20) တန် ၃၈ဝ နဲ့ MSR (50)  တန် ၄ဝ တင်ပို့နိုင်ခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၆၇ တန်ကျော်၊ RSS (5) တန် ၄ဝ နဲ့ MSR (50)  ၂၂ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စုစုပေါင်း အခုအပတ်မှာ နယ်စပ်မှ ရော်ဘာ တန် ၁၃၃ဝ တန်ကျော် တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၄ ဒသမ ၁၄ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက်တန် ၅ဝဝ ကျော် တင်ပို့မှုပိုမိုခဲ့တယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်                                                            မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု              ယခင်         ပြောင်းလဲမှု       %         ယခု           ယခင်   ပြောင်းလဲမှု      %RSS(3)       ၃၂၅၆၄၄၅        ၃၂၃၆၈ဝဝ       ၁၉၆၄၅       ဝ .၆      ၃၆၁၄         ၃၅၈၄         ၃ဝ         ဝ .၈RSS(5)       ၃၁၂ဝ၇၅၉       ၃၁ဝဝ၈ဝဝ        ၁၉၉၅၉       ဝ .၆      ၃၄၆၄          ၃၄၃၄         ၃ဝ        ဝ .၉MIRT (DOBT)

Wednesday, 1 Sep 2010

အိန္ဒိယမိုးရာသီပဲမိုျးစုံစိုက်ဧရိယာပိုမိုခြင်းနဲ့ ဒေသတွင်း လှောင်လက် များက ဝယ်လိုအားနည်းပါး နေခြင်းကြောင့် ကုလားပဲဈေး သိသိသာသာ ကျဆင်း ခဲ့ပါတယ်။ ဃြီနဌ ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရူပီး ၅ဝဝ  (ကန်ဒေါ်လာ ၁၁) ကျဆင်းပြီး၊ ရူပီး ၂၁၆၅ဝ (ကန်ဒေါ်လာ ၄၆၅)၊ အောက်တိုဘာလကြိုပွိုင့်ဈေးဟာ ရူပီး ၂၂၄၁ဝ (ကန်ဒေါ်လာ ၄၈၁) နဲ့ ဈေးပိတ် ခဲ့တယ်လို့ သိရပါတယ်။     အလားတူ လက်ငင်းဈေးကွက်မှာလည်း ကာဘူလီကုလားပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၁ဝဝဝ(ကန်ဒေါ်လာ၂၁) ကျဆင်းပြီး ရူပီး ၄၆ဝဝဝ-၄၇ဝဝဝ  (ကန်ဒေါ်လာ ၉၈၈-၁ဝဝ၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မိုးရာသီ ပဲမိုျးစုံ ဝင်ရောက် ်မှုစတင်လာပြီဖြစ်ပြီး မိုးရေအလုံအလောက်ရရှိတာကြောင့် အထွက်တိုးတက်နိုင်ဖွယ်ရှိခြင်းက ဈေးနှုန်းမတက်အောင် ထိန်းထားခြင်းဖြစ်ပါ တယ်။     ဒါပေမဲ့ ပြည်တွင်းလှောင်လက်များက ဈေးအကျမှာ ပြန်လည်ဝယ်ယူ ဖွယ်ရှိပြီး ပွဲတော်အတွက် အဝယ်လည်း တက်နိုင်တာကြောင့် စက်တင်ဘာလလယ်  ကာလလတ်အတွင်း ဈေးပြန်လည်ခိုင်မာလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။                                                                                                                  ယမင်းခင်။ Sources: commodityonline

Wednesday, 1 Sep 2010

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပဲတီစိမ်းစိုက်ပိုျးထွက်ရှိမှုအား ကောင်းသကဲ့သို့ ဈေးနှုန်းများလည်း တည်ငြိမ်နေ လျက်ရှိပါတယ်။ ဈေးကွက်မှာ ဒေသထွက်ပဲနဲ့ မြန်မာပဲ (၂)မိုျးသာရှိပြီး ဒေသထွက်ပဲများကို ပိုမို ကြိုက်နှစ်သက်စွာ စားသုံး ကြပါတယ်။ တရုတ်ပြည် ဒေသထွက်အရည်အသွေးမီ ပဲတီစိမ်းများမှာ လက်လီ  (၁) ကီလိုကို  (၂၃) ယွမ်ရှိပြီး မြန်မာ့ပဲ လက်လီဈေးမှာ(၁) ကီလိုကို (၁၆ မှ ၁၈) ယွမ်အတွင်း ရောင်းဝယ်မှု ရှိနေတယ်လို့ သိရပါတယ်။ ယခင်နှစ် ပဲတီစိမ်းဈေးကွက်တွင် တရုတ်ပြည်တွင်းထွက်ပဲများမှာ မြန်မာ့ပဲတီစိမ်းထက် အရည်အသွေးပိုမိုသော်လည်း ဈေးနှုန်းမှာ (၁) ကီလို (၁) ယွမ်သာ ပိုမိုခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ ကူမင်း ဈေးကွက်အတွင်း  (၁) ကီလို (၅) ယွမ်ခန့် ကွာခြားနေတယ်လို့ သိရပါတယ်။ မြန်မာ့ပို့ကုန်ပဲတီစိမ်း တရုတ်ဈေးကွက် မှာ နေရာယူနိုင်ဖို့အတွက်အရည်အသွေးတိုးမြှင့်ထိန်းသိမ်းဖို့လိုအပ်နေပြီဖြစ်ကြောင်းအသိပေးလိုက်ရပါတယ်။                                                                                                                     စမ်းစမ်းအေး၊ Sources: ယူနမ်ချွမ်းချိန်ဝမ်ပေါင်

Pages