Main menu

Background

Friday, 3 Feb 2017

တရုတ်ယွမ်
    တရုတ်နှစ်သစ်ကူးပွဲတော် မတိုင် မီ အရောင်းအဝယ်ပါးသဖြင့် ဇန်နဝါရီ ၂၆ ရက်က အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ငွေကြေးတန်ဖိုး ခိုင်မာလာသည်။ တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန် တစ်ဒေါ်လာလျှင် ၆ ဒသမ ၈၅၈၈ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ ယခင်နေ့က သတ်မှတ်ခဲ့သော အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၅၉၆ ယွမ်နှုန်းနှင့် နှိုင်းယှဉ် ပါက ဒေါ်လာတန်ဖိုး ကျဆင်းပြီး ယွမ်တန်ဖိုးမြင့်တက်ခဲ့ သ ည်။ ငွေလက်  ငင်းဈေးကွက်တွင် အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၆၉၁ ယွမ်နှုန်း ဖြင့် ဈေးဖွင့်ခဲ့ပြီး ၆ ဒသမ ၈၇၉၉ ယွမ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

Monday, 23 Jan 2017

ဇန်နဝါရီ ၂၀ ရက်တွင် အာရှငွေ ကြေးအများစု တန်ဖိုးမြင့်တက်လာ သည်။ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်၏ ဝေဖန်သုံးသပ်ချက် များက အများမျှော်မှန်းထားသလောက် ပြင်းထန်မှု မရှိတော့သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏ စတုတ္ထသုံးလပတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အများ ခန့်မှန်းထားသည်ထက် အနည်းငယ် တိုးတက်ကောင်းမွန်လာသည့်အတွက် ကြောင့်လည်းကောင်း ယခုကဲ့သို့ မြင့် တက်လာခြင်းဖြစ်သည်။

Thursday, 19 Jan 2017

   အမေရိကန်ပြည်ထောင်စု ရွေး ချယ်ခံသမ္မတ     ဒေါ်နယ်ထရမ့်၏ သတင်းစာရှင်းလင်းပွဲပြီးနောက် ဇန်န ဝါရီ ၁၂ ရက်မှာ အာရှငွေကြေး အများစု ၏တန်ဖိုးများ  မြင့်တက်လာသည်ကို တွေ့ရသည်။  အမေရိကန်သမ္မတတာဝန် ကို လွှဲပြောင်းယူတော့မည့် ထရမ့်သည် ဇန်နဝါရီ ၁၁ ရက်တွင် သတင်းစာရှင်း လင်းပွဲကို ကျင်းပရာတွင် ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒများကို  အသေးစိတ်ပြော ကြားခြင်း၊ အခွန်လျှော့ချမှုနှင့်  အခြေခံ အဆောက်အအုံ အသုံး စရိတ်နှင့် ပတ် သက်၍ အကျယ်တဝင့် ရှင်းလင်းပြော ကြားခြင်း  မရှိသည့်အတွက် ရင်းနှီးမြှုပ်နှံ သူတို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။

Monday, 24 Oct 2016

        အာရှဒေသရှိ ထွန်းသစ်စ ငွေကြေးများမှာ အောက်တိုဘာ ၂၁ ရက်တွင် တန်ဖိုးကျဆင်းခဲ့သည်။ အဆမတန် ဖြေလျော့ထားသော ငွေကြေးမူဝါဒကို ဆက်လက်ကျင့်သုံးရန် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)က ဆုံးဖြတ်ချက်ချ ပြီး နောက်ပိုင်း ယူရိုတန်ဖိုးကျဆင်းကာ အမေရိကန် ဒေါ်လာ တန်ဖိုးမြင့်တက်မှု ကြောင့်လည်းကောင်း၊ ရေနံဈေးနှုန်းများ ကျဆင်းမှုကြောင့် လည်းကောင်း ယခုကဲ့သို့ အာရှငွေကြေးများ တန်ဖိုးကျဆင်းခဲ့ခြင်း ဖြစ်သည်။ တရုတ် ယွမ် ငွေကြေးတန်ဖိုးက ခြောက်နှစ်အတွင်း အနိမ့်ဆုံးကျဆင်းခဲ့ပြီးနောက် ဒေသတွင်း ငွေကြေးများ အပေါ် ဖိအားပေးမှုများ ကျရောက်ခဲ့ပြီး စင်ကာပူ ဒေါ်လာတန်ဖိုးက မတ်လ နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ သည်။ အီးစီ ဘီ၏ မူဝါ

Wednesday, 12 Oct 2016

       ထွန်းသစ်အာရှငွေကြေး အများစု ၏ တန်ဖိုးမှာ အောက်တိုဘာ ၇ ရက်က ကျဆင်းခဲ့သည်။  အမေရိကန်ပြည် ထောင်စု၏  အလုပ်အကိုင် အခြေအနေ ပြ ကိန်းဂဏန်းများ မထုတ်ပြန်မီ ရင်းနှီး မြှုပ်နှံသူတို့က ငွေကြေးတွန်း အားပေးမှု အစီအစဉ်ကို  လျှော့ချမည့် အလားအလာကို စိုးရိမ်တကြီး စောင့်ကြည့်နေ ခြင်းကြောင့် အာရှဒေသတွင်း ငွေကြေး များတန်ဖိုး ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှစတာလင်ပေါင်  တန်ဖိုး က ၃၁  နှစ်အတွင်း အနိမ့်ဆုံး သို့ ကျ ရောက်ခဲ့ရခြင်းကလည်း ဒေသတွင်း ငွေကြေးများ တန်ဖိုးကျဆင်းစေမည့် အကြောင်းအရင်းတစ်ခုအဖြစ် ထပ်မံပါဝင်ခဲ့သည်။

Tuesday, 27 Sep 2016

အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ် အတိုးနှုန်းမြှင့်တင်ရေး  ကိစ္စကို ဆုံးဖြတ်ချက်   မချနိုင်သည့်အတွက် ထွန်းသစ်စ အာရှငွေကြေးများ၏ ဝယ် လိုအားကို ပိုမိုမြင့်မားလာစေသဖြင့် စက်တင်ဘာ ၂၃ရက်တွင် ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း အာရှငွေကြေး များ၏ တန်ဖိုးများ မြင့်တက်ခဲ့သည်။ အမေရိကန်ဗဟိုဘဏ်  အရာရှိ များက ၂၀၁၇ ခုနှစ်အတွင်း အတိုးနှုန်း မြှင့်တင်ပေးမည့် အကြိမ်အရေအတွက် ကိုလည်း သုံးကြိမ်မှ နှစ်ကြိမ်အထိ ရှိမည် ဟုလျှော့ချခန့်မှန်းပြီးနောက်   အာရှ ငွေကြေးများ၏   တန်ဖိုးက   နှစ်လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။တရုတ်ယွမ်ကို အပြည်ပြည်ဆိုင် ရာ   ငွေကြေးရန်ပုံငွေအဖွဲ့၏   အထူး ထုတ်လုပ်ခွင့်    (Special Drawing Right

Wednesday, 21 Sep 2016

       စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအသီးသီးရှိ အဓိက ဗဟိုဘဏ်တွေက ထောက်ပံ့ကူညီနိုင် မယ့် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်မှု နဲ့ ေ ရနံ ဈေးနှုန်းများကျဆင်းမှုတို့ကြောင့် စွန့်စားမှုများတဲ့ အာ ရှငွေကြေးတွေကိုဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံသူတွေက တွန့်ဆုတ်လျက်ရှိပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၅ ရက်မှာ ထွန်း သစ်စ အာရှငွေ ကြေးအများစု တန်ဖိုးကျဆင်းပါတယ်။ အမေရိကန်ဗဟိုဘဏ်နဲ့ ဂျပန်ဗဟို ဘဏ်တို့က စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မူဝါဒတွေကို ပြန်လည်သုံးသပ်မှာ ြ ဖစ်ပါတယ်။ အိန္ဒိယပို့ကုန်တွေကို အထောက်အကူဖြစ်စေဖို့အတွက် ရူပီးငွေကြေးကို တန်ဖိုးချမယ်လို့ စီးပွားရေးနှင့် ကူးသန်းရေ

Thursday, 1 Sep 2016

      အာရှငွေကြေး အများစုက သြဂုတ် ၂၅ ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည် ထောင်စု ဗဟိုဘဏ် အတိုးနှုန်းနဲ့ ပတ် သက်ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက  ဘယ်လို ဆောင်ရွက်ဦးမယ် ဆိုတာ ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေ သေးတဲ့အတွက် တန်ဖိုးမြင့်တက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ်က ၂၀၁၅ခုနှစ် ဒီဇင်ဘာက ဗဟို ဘဏ် အတိုးနှုန်းကို  ဆယ်နှစ်အတွင်း ပထမ ဆုံး အကြိမ်အဖြစ် တိုးမြှင့်ပေးခဲ့ ပါတယ်။ ယခုနှစ်အတွင်း အတိုးနှုန်း ထပ်မံ တိုးမြှင့်ပေးဖို့ ရှိ/မရှိက မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုဘဏ်များရဲ့ နှစ်ပတ်လည် ကွန်ဖရင့်ကို ဝိုင်ယိုမင်း ပြည်နယ်၊ ဂျက်ကဆန်ဟိုး မှာ သြဂုတ

Pages