Main menu

Background

Thursday, 4 Oct 2012

ဂျပန်စီးပွားရေးကို မြှင့်တင်ပေးနိုင်အောင် ဂျပန်ယန်း ၁၀ ထရီလီယံ (ဒေါ်လာ ၁၂၈ ဘီလီယံ) ငွေကြေး စာချုပ်စာတမ်းများဝယ်ယူရေး အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်မှာ ဖြစ်ကြောင်းစက်တင်ဘာ ၁၉ ရက်က ဂျပန် ဗဟိုဘဏ်က ပြောပါတယ်။ ဂျပန်ဗဟိုဘဏ်ရဲ့ ဆောင်ရွက်မှုက ဥရောပနဲ့ အမေရိကန် ပြည်ထောင်စု ဘဏ်များအတိုင်း လိုက်ပြီးဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

Thursday, 4 Oct 2012

ဂျပန်ဗဟိုဘဏ်က ဆောင်ရွက် မည်ဟုယူဆရတဲ့ ငွေကြေးမူဝါဒတွန်း အားပေးအစီအစဉ်များ မှေးမှိန်လာတဲ့ အတွက် ထွန်းသစ်စငွေကြေးအများစု က စက်တင်ဘာ ၂၀ ရက်နေ့မှာ တန်ဖိုး ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် တချို့ငွေ ကြေးတွေ တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဗဟိုဘဏ်တွေက ဝင်ရောက် ကိုင်တွယ်မဲ့ အလားအလာတွေရှိနေ သေးတဲ့အတွက်  နည်းနည်းသတိထား ပြီး ဆောင်ရွက်နေပါတယ်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ တရုတ်နိုင်ငံ တွေရဲ့ စီးပွားရေးကိန်းဂဏန်းတွေက ကမ္ဘာ့စီးပွားရေးတိုးတက် မှုနှေးကွေးနေ တာကို  ပိုဆိုးလာနေတဲ့  သဘောမျိုး တွေ့နေရပါတယ်။ ဒါကြောင့် အာရှငွေ ကြေးတွေက  တစ်လကျော်အတွင်းမှာ ရက်သတ္တပတ်အလိုက်  တန်ဖိုးကျဆင်း မှုများပြားခဲ့ပါတယ်။

Monday, 1 Oct 2012

အာရှဗဟိုဘဏ်များက အခိုင်အမာအဖြစ်ထားရှိရာတွင် ငွေကြေးကိုအမျိုးမျိုးခွဲဖြန့်ထားရှိပြီး ယွမ်ငွေကြေးကိုပါ အသုံး ပြုလာပါတယ်။ သို့ဖြစ်ရာ ယွမ်ငွေကြေးကို အပြည်ပြည် ဆိုင်ရာ ငွေကြေးအဖြစ် တစ်စစ ဦးတည်လာစေခဲ့ပါတယ်။

Monday, 1 Oct 2012

လက်ရှိသတ်မှတ်ထားသော ပေါ်လစီအတိုးနှုန်းသည် သင့်တင့်သောအနေ အထားတွင်ရှိ သဖြင့် နောက်ထပ်အတိုးနှုန်းလျှော့ချရမည့် ကိစ္စကိုတောင်ကို ရီးယား ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးက အသေအချာသတိ ထားပြီး ဆောင်ရွက်မှာ ဖြစ်ပါတယ်။

Monday, 1 Oct 2012

ဒေါ်လာနဲ့ ဖလှယ်ရာမှ ယန်းငွေ တန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ဂျပန်အာဏာပိုင်တွေက ကြိုးပမ်းလျက် ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်ဗဟို ဘဏ်က ဘွန်းစာချုပ်တွေဝယ်ယူဖို့ ဆုံး ဖြတ်ချချပြီးတဲ့နောက်ပိုင်း စက်တင်ဘာ ၁၄ ရက်က အာရှဈေးကွက်မှာ ဒေါ် လာတန်ဖိုးကျဆင်းလျက်ရှိပါတယ်။ အာရှငွေကြေးများရဲ့ ရက်သတ္တပတ်အ လိုက်တန်ဖိုးမြင့်တက်မှုက ဇွန်လနောက် ပိုင်းအမြင့်ဆုံးဖြစ်ပါတယ်။

Friday, 28 Sep 2012

ဂျပန်ယန်းငွေတန်ဖိုး မြင့်မားတာကြောင့် ဂျပန်နိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုကိုလျော့ကျစေတဲ့အပြင် ကော်ပိုရေးရှင်းတွေရဲ့ အကျိုးအမြတ်တွေလည်း ကျဆင်းစေတယ်။ ဒါ့အပြင် စီးပွားရေးယုံကြည်ချက်လည်း ယိုယွင်းကျဆင်းနေလျက်ရှိရာ ဂျပန်ဗဟိုဘဏ်  (BOJ) အနေနဲ့ ယန်းငွေ တန်ဖိုးမြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဂရုတစိုက်လေ့လာထိန်းချုပ်ဖို့ လိုအပ်တယ်လိ့ု BOJ  Masaaki Shirakawa  က ပြောကြားတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဂျပန်ယန်းက ကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ တန်ဖိုး ၄၅ ရာခိုင်နှှုန်းဝန်းကျင် မြင့်မားခဲ့တယ်။ ဒါကြောင့် Sony နဲ့ Toyota  ကော်ပိုရေးရှင်းများ အပါအဝင် ပို့ကုန်တင်ပို့သူတွေရဲ့ အကျိုးအမြတ် ကျဆင်းခဲ့တယ်။

Sunday, 9 Sep 2012

နိမ့်ကျနေတဲ့ အတိုးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေး နေတာတွေက နောက်ထပ် ၁၂ လ ကနေ ၁၈ လအထိ အမေရိကန်ဘဏ်လုပ်ငန်းကဏ္ဍကို ထိခိုက်နေဦးမှာဖြစ်တဲ့ အတွက်အမေရိကန်ဘဏ်တွေရဲ့ရှေ့အလားအလာက အနုတ် လက္ခဏာဆက်ပြနေဦးမှာဖြစ်ကြောင်း   Moody's Invester Services ကပြောပါတယ်။ပြည်ထောင်စု ဘတ်ဂျက် လိုအပ် ငွေအတွက်ဥရောပကြွေးမြီအတွက် ရေရာတဲ့စီမံချက်မရှိတာ အမေရိကန်ဘဏ်များအတွက် ခက်ခဲတဲ့ပတ်ဝန်းကျင်ကို ပေါ် ပေါက်လာစေပါတယ်။

Sunday, 9 Sep 2012

ယခုတစ်ပတ်အတွင်းတွင် ငွေလဲစင်တာများ၌ ဈေးနှုန်းမှာ တည်ငြိမ်နေခဲ့သော်လည်း ပြင်ပငွေဈေးကွက်တွင်မူ အနည်းငယ် ဈေးကျခဲ့သည်ကို တွေ့ရသည်။ ပုဂ္ဂလိကဘဏ်များ၏ ငွေလဲစင်တာများတွင် အမေရိကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၆၇ ကျပ်၊ ဝယ်ဈေး ၈၆၄ ကျပ်ဖြင့် ရောင်းဝယ်နေခဲ့သော် လည်း ပြင်ပငွေဈေးကွက် တွင်မူ စက်တင်ဘာ ၃ ရက်က ရောင်းဈေး ၈၆၁ကျပ် ဝယ်ဈေး ၈၅၉ ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည်ကိုတွေ့ရသည်။ စက်တင်ဘာ ၇ ရက်တွင်မူ ရောင်းဈေး ၈၇၁ ကျပ် ဝယ်ဈေး ၈၆၉ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

Wednesday, 5 Sep 2012

အရှေ့တောင်အာရှနိုင်ငံများက တရုတ်ငွေကြေးကို အမေရိကန်ဒေါ်လာနဲ့ယူရိုငွေကြေးနေရာ မှာ နောက်ဆုံးတွင် အစားထိုးလာနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေကပြောပါ တယ်။ ရေရှည်မှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေကုန်သွယ်ရာ မှာ ယွမ်ငွေကြေးကို ပိုမိုအသုံးချလာဖွယ်ရှိကြောင်း သြဂုတ် ၁၅ ရက်ကပြုလုပ်တဲ့ ထိုင်း- တရုတ် ကုန်သွယ်ရေးရင်းနှီးမြှုပ် နှံမှုနဲ့ ဘဏ္ဍာရေးဆက်ဆံမှုဆိုင်ရာ ဆွေးနွေးပွဲမှာ ထိုင်း ဗဟို ဘဏ် ( Bank of Thailand)မှ အဆင်မြင့်အရာရှိ ပထနာဖွန် ဖူစူဝန်က ပြောပါတယ်။

Wednesday, 5 Sep 2012

အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင် ဘာနန်ကီက သြဂုတ် ၃၁ ရက်နေ့မှာ မိန့်ခွန်းပြောဖို့ရှိပါတယ်။ သူမိန့်ခွန်းပြော တဲ့အခါ စီးပွားရေးတွန်းအားပေးအစီအ စဉ်သစ်တွေအကြောင်း ပြောလိမ့်မယ် လို့ခန့်မှန်းကြတဲ့အတွက် သြဂုတ် ၃၁ ရက်က အာရှဒေသမှာ ဒေါ်လာငွေကြေး တန်ဖိုးအားနည်းခဲ့ပါတယ်။

Pages