Main menu

Background

Monday, 3 Sep 2012

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများတွင် ယခုအခါ၌ နိုင်ငံခြားငွေများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

Friday, 31 Aug 2012

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အထူးသဖြင့် တောင်ကိုရီး ယား ဘဏ်များက ထိုင်းနိုင်ငံပေါ်လစီ အတိုးနှုန်း ကိစ္စပြတ် ပြတ်သားသားဖြစ်တဲ့ အခြေအနေနဲ့ နိုင်ငံခြားငွေဖလှယ်နှုန်း အလားအလာကို စောင့်ကြည့်နေတဲ့အတွက် ဘတ်ငွေနဲ့ ထုတ်ဝေထားတဲ့ ဘွန်းစာချုပ်များကိုရောင်းချတာ နှေးကွေး လာပါတယ်။ တောင်ကိုရီးယား ရင်းနှီး မြှုပ်နှံသူတွေက လုပ် ငန်း ဆောင်ရွက်မှု နှေးကွေးကျဆင်းလာပေမဲ့ ယခုနှစ်ပထမ နှစ်ဝက် မှာ နိုင်ငံခြားသားတွေက ဘတ်ငွေနဲ့ ဘွန်းစာချုပ်တွေ ထုတ်ဝေရာမှာ အဓိကနေရာမှာ ရှိနေဆဲဖြစ်ကြောင်း ထိုင်း ဘွန်း ဈေးကွက်အသင်း ဥက္ကဌနီဝပ်ကန်ဂျန်နာဖူးမင်းက ပြော ပါတယ်။

Friday, 31 Aug 2012

ယွမ်ရန်ပုံငွေအဖွဲ့များရဲ့ နိုင်ငံခြားငွေလက်ကျန်က ဇူလိုင်လကုန်က ယွမ် ၂၅ ဒသမ ၆၆ ထရီလီယံ (ဒေါ်လာ ၄ ဒသမ ၀၇ ထရီလီယံ) ရှိခဲ့ရာ လအလိုက် ယွမ် ၃ ဒသမ ၈၂ ထရီလီယံနီးပါးကျဆင်းခဲ့ကြောင်း တရုတ်ဗဟိုဘဏ်က သြဂုတ် ၁၄ ရက်က ပြောပါတယ်။ ဒီလိုကျဆင်းရတာဟာ ကမ္ဘာ့စီးပွားရေး အခက်အခဲ တွေ့နေချိန်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေးနဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကျဆင်းမှုကြောင့်ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်ရဲ့ ဝက်ဘ်ဆိုက်မှာဖေါ်ပြထားပါတယ်။

Friday, 31 Aug 2012

ဒေသတွင်းမှာ အကြီးမားဆုံးဖြစ် တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအ တွက် အထောက်အပံ့ဖြစ်စေမဲ့ အစီ အမံများကို တရုတ်နိုင်ငံကဆောင်ရွက် မဲ့ လက္ခဏာကို ယခုရက်သတ္တပတ်တွင် မတွေ့ရပါ ။ထို့ကြောင့် ဒေသတွင်း ပို့ကုန် လုပ်ငန်းများကျဆင်းမည်ကို စိုးရိမ်တဲ့ အတွက် အာရှငွေကြေးများက တစ်လ ကျော်ကာလအတွင်း ပထမဆုံး ရက် သတ္တပတ်အဖြစ် အကျဘက်သို့ဦး တည်လာခဲ့ပါတယ်။

ဇူလိုင်အတွင်းမှာ တရုတ်နိုင်ငံရဲ့ သွင်းကုန်များ သုံးလအတွင်း အနည်း ဆုံးနှုန်းသို့ ကျခဲ့ပြီးနောက်ပိုင်း ဘလွမ်း ဘတ်-ဂျေပီမော်ဂန်တို့ ပြုစုထားတဲ့ Asia Dollar အညွှန်းကိန်းက လွန်ခဲ့တဲ့ ငါးရက်အတွင်းသုညဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။အိန္ဒိယ၊တောင်ကိုရီး ယား၊အင်ဒိုနီးရှားနဲ့ တရုတ်(တိုင်ပေ)တို့ ကသူတို့နိုင်ငံများရဲ့ ပို့ကုန်များကျဆင်း ခဲ့ကြောင်း အစီရင်ခံကြပါတယ်။ငွေ ကြေး မူဝါဒဆောင်ရွက်မှုတွေလုပ်ဖို့ အများကြီးရှိေ သးကြောင်းတရုတ်ဝန်ကြီး ချုပ်ဝမ်ကျားပေါင်က ဇီကျန်းပြည်နယ် ခရီးစဉ်အတွင်းပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဝမ်ငွေကြေးက ယခုနှစ် အတွင်း သုည ဒသမ ၉ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ "တရုတ်နိုင်ငံက စီးပွားရေးတွန်း အားပေးအစီအစဉ်ကို မဆောင်ရွက် တာ စိတ်မကောင်းစရာဘဲ။ တရုတ်နိုင်ငံ ကသူ့ငွေကြေးကို မြန်မြန်ကြီး တန်ဖိုး မြင့်လိမ့်မယ်လို့  မထင်ကြဘူး။ ဒါ ကြောင့် အာရှငွေကြေးတွေလည်း တန် ဖိုးတက်လာဖို့ လမ်းသိပ်မမြင်ဘူး'' လို့ စင်ကာပူရှိ မစ်ဇုဟို ကော်ပိုရိတ်ဘဏ် လီမိတက်မှ စီးပွားရေးပညာရှင် ဗစ်ရှ နူးဝါရာသန်က ပြောပါတယ်။တရုတ်ယွမ် ဥရောပဒေသ ကြွေးမြီ အကျပ် အတည်းဖြေရှင်းဖို့အတွက် ဥရောပဗဟို ဘဏ်ရဲ့ ချဉ်းကပ်ဖြေရှင်းမှုကို ဂျာမန် ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ထောက်ခံ ခဲ့ပြီးနောက် တရုတ်ပို့ကုန် တွေရဲ့ အလားအလာတိုးတက်ကောင်း မွန်လာတဲ့ အတွက် သုံးရက်အတွင်း ပထမအကြိမ်အဖြစ် တရုတ်ယွမ်ငွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ် ။မာကယ်ရဲ့ ဝေဖန်ချက်ထွက်ပေါ်ပြီးနောက် တရုတ် ယွမ်ငွေကြေးရဲ့ ရက်သတ္တပတ် အလိုက် တန်ဖိုးကျဆင်းမှု ရပ်တန့်သွားခဲ့ပါတယ်။ဥရောပက တရုတ်နိုင်ငံရဲ့ ပို့ကုန် တင်ပို့ ရာ အဓိကဒေသတစ်ခုဖြစ်ပါ တယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနမှ ထုတ်ပြန်ချက်အရ ရှန်ဟဲမှာ သြဂုတ် ၁၇ ရက်မနက် ၁၀ နာရီ ၀၂  မိနစ်က ယွမ်ငွေတန်ဖိုးကသုည ဒသမ ၀၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၃၆၁၇ ယွမ်နှုန်း ရှိခဲ့ပါတယ်။ယခင်ရက်သတ္တပတ် အကုန်က တစ်ဒေါ်လာကို ၆ ဒသမ ၃၆၀၀ ယွမ်နှုန်းရှိခဲ့တာကြောင့်ယွမ်တန် ဖိုး အပြောင်းအလဲ အနည်းငယ်သာရှိခဲ့ ပါတယ်။ဈေးနှုန်းအတက်အကျအတွက် ပြဒါးတိုင်တစ်ခုအဖြစ် သတ်မှတ်ထား တဲ့ ယွမ်ငွေကြေးရဲ့ တစ်လပျှမ်းမျှ အတက်အကျက သုညဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ပြီး ၁ ဒသမ ၂၆ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။အိန္ဒိယရူပီး အမေရိကန်ဒေါ်လာက ပင်လယ် ရပ်ခြားမှာ တန်ဖိုးကျဆင်းခဲ့တဲ့အတွက်  သြဂုတ် ၁၇ ရက် မနက်ပိုင်းမှာ ရူပီး တန်ဖိုးက သုညဒသမ ၀၇ ရူပီးနှုန်း မြင့် တက်ပြီး တစ်ဒေါ်လာကို ၅၅ ဒသမ ၆၈ ရူပီးနှုန်းရှိခဲ့ပါတယ်။ထို့ပြင် ပို့ကုန် လုပ်ငန်းရှင်များနဲ့ ဘဏ်များက ဒေါ် လာများကို ထုတ်ရောင်းခြင်းနဲ့ အိန္ဒိယ ရှယ်ယာဈေးများ မြင့်တက်ခြင်းတို့က ရူပီးဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ ခဲ့ကြောင်းနိုင်ငံခြားငွေဝယ်ရောင်းသမား တို့က ပြောပါတယ်။ဂျပန်ယန်း ဥရောပ ဗဟိုဘဏ် (အီးစီဘီ) ဆောင်ရွက်မှုကို ထောက်ခံတဲ့ ဂျာမန် ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ကြောင့် သြဂုတ် ၁၆ ရက်မှာ ယူရို တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ မြင့်တက်ခဲ့ပါ တယ်။ ဒေါ်လာ/ ယန်း ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးသုညဒသမ ၅ ရာခိုင် နှုန်း မြင့်တက်ပြီးတစ်ဒေါ်လာကို ၇၉ ဒသမ ၃၃ ယန်းနှုန်းရှိခဲ့ပါတယ်။ယူရို/ ဒေါ်လာဖလှယ်နှုန်းက နယူးယောက် မှာ သြဂုတ် ၁၅ ရက်က တစ်ယူရိုကို ၁ ဒသမ ၂၂၈၅ ဒေါ်လာနှုန်းရှိရာမှ သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး ၁ ဒသမ ၂၃၅၈ ဒေါ်လာနှုန်း ရှိခဲ့ပါ တယ်။ ယူရို ယန်းဖလှယ်နှုန်းမှာ လန်ဒန် မှာ မနက် ၇ နာရီ ၂၃ မိနစ်က သုည ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ယူရိုကို ၉၈ ဒသမ ၁၈ ယန်းနှုန်းရှိခဲ့ပါ တယ်။မလေးရှားရင်းဂစ် သြဂုတ် ၁၇ ရက်မနက်ပိုင်းဈေး ကွက်မှာ အမေရိကန် ဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးအနည်း ငယ်မြင့်တက်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုး ကသြဂုတ် ၁၆ ရက်ဈေးပိတ်ချိန်က တစ်ဒေါ်လာကို ၃ ဒသမ ၁၂၇၅ ရင်း ဂစ်နှုန်းရှိခဲ့ရာမှ ၁၇ ရက် မနက်မှာ ၃၇ မိနစ်အကြာ အရောင်းအဝယ်ဖြစ်ပြီး နောက် တစ်ဒေါ်လာကို ၃ ဒသမ ၁၂၆၅ ရင်းဂစ်နှုန်းထိ ရှိခဲ့ပါတယ်။ဒါပေမယ့် ဈေးတက်မယ့်အလားအလာ များပေါ်မလာဘဲ ဈေးကွက်က အတက် အကျမရှိ တန့်နေခဲ့ကြောင်း ဝယ်ရောင်း သမားတို့က ပြောပါတယ်။တောင်ကိုရီးယားဝမ် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူတို့က တောင် ကိုရီးယားရှယ်ယာများကို တိုးမြှင့်ဝယ် ယူလာကြတဲ့ အတွက် တောင်ကိုရီးယား စီးပွားရေးက ဥရောပ ကသောင်းကနင်း ဖြစ်မှုကို ကြံ့ကြံ့ခံနိုင်လိမ့်မယ်ဆိုတဲ့ ယူဆချက်ကြောင့် ရက်သတ္တပတ်အ လိုက် ကျဆင်းနေတဲ့ ကိုရီးယားဝမ် တန်ဖိုးပြန်တက်လာပါတယ်။ယခုလ အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ က ကိုရီးယားရှယ်ယာများကို ပြန် အရောင်းထက် အဝယ်က ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံဖိုး ပိုမိုခဲ့ကြောင်း ဒိုင် စာရင်းတွေအရသိရပါတယ်။ဘလွမ်း ဘတ်ကပြုစုထားတဲ့ စာရင်းအရ သြ ဂုတ် ၁၇ ရက်မနက် ၉ နာရီ ၂၁ မိနစ် က တစ်ဒေါ်လာကို ၁၁၃၂ ဒသမ ၁၀ ဝမ် နှုန်းဖြင့် တန်ဖိုးသုညဒသမ ၂ ရာခိုင် နှုန်း မြင့်တက်ခဲ့ပါတယ်။ထိုင်းဘတ် ထိုင်းပို့ကုန်တင်ပို့မှု အခြေအနေ က ဇူလိုင်မှာ ကျဆင်းမဲ့အခြေအနေရှိ နေတဲ့ အတွက် ထိုင်းဘတ်ငွေတန်ဖိုးက ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်းခဲ့ ကြောင်းဘလွမ်းဘတ်မှ စီးပွားရေးပညာ ရှင်တို့က ခန့်မှန်းပါတယ်။ဘတ်ငွေတန် ဖိုးကသြဂုတ် ၁၀ ရက်က ရှိခဲ့တဲ့ အခြေ အနေနဲ့ နှိုင်းယှဉ်ကြည့်ရင် သုညဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာ ကို ၃၁ ဒသမ ၅၄ ဘတ်နှုန်းရှိခဲ့ပါတယ်။Sources.bloomberg,xinhua,AFP, bernama
 

Monday, 27 Aug 2012

ယခုတစ်ပတ်အတွင်း  ပြည်တွင်း ငွေလဲနှုန်းများသည်ပြောင်းလဲမှုအနည်း  ငယ်မျှဖြင့်သာ  အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

Monday, 27 Aug 2012

ယူရိုဇုန်အကျပ်အတည်းကို ကုစား ဖို့အတွက် ဥရောပ ဗဟိုဘဏ်(ECB) က လတ်တလောဆောင်ရွက်မဲ့အလား အလာမတွေ့ရတဲ့အတွက် သြဂုတ် ၃ ရက်နေ့က အာရှငွေကြေးအများစုတန် ဖိုးကျဆင်းခဲ့ပြီး ရင်းနှီးမြှုပ်နံှသူတို့က စွန့် စားမှုများတဲ့ ငွေကြေးများကို လျှော့ချ လာခဲ့ကြပါတယ်။

Monday, 27 Aug 2012

ယန်းငွေတန်ဖိုး   ကျသွားအောင်  ဂျပန်ဗဟိုဘဏ်ကို နိုင်ငံခြား ဘွန်းစာချုပ်တွေဝယ်ခိုင်းဖို့တိုက်တွန်းချက်ကို ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမိက ငြင်းဆို ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်မယ်ဆိုရင် ငွေလဲလှယ်နှုန်းမူဝါဒနဲ့ ပတ်သက် တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စီရင်ခွင့်ကိုချိုးဖေါက်ရာ ရောက် နိုင်တယ်လို့ သူက ပြောပါတယ်။

Sunday, 29 Jul 2012

    ထိုင်းနိုင်ငံ ဗဟိုဘဏ်က အခြေခံအတိုးနှုန်းကို ဇူလိုင် ၂၅ ရက်က အပြောင်းအလဲမရှိ ဆက်လက်ထား ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆိုးဝါးလျက်ရှိနေတဲ့ ကမ္ဘာ့စီးပွားရေးအခြေအနေက အာရှပို့ကုန်များအပေါ် ဖိစီးလျက်ရှိကြောင်း သတိပေးလျက် ရှိပါတယ်။ ထိုင်းဗဟိုဘဏ်ကလိုအပ်လျင် ဝင်ရောက်ကိုင်တွယ် ဖြေရှင်းဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပေမဲ့ အခြားအာရှ ဗဟိုဘဏ်များရဲ့ လမ်းစဉ်အတိုင်း တရားဝင်ချေးငွေစရိတ်များ ကို လျှော့ချပေးခြင်းကို ရပ်ဆိုင်းထားပါတယ်။

Sunday, 29 Jul 2012

    ချေးငွေအတိုးနှုန်းများကိုယူပြီး အကျိုးအမြတ်များကို မမှန်မကန်ယူနေ ကြောင်း စွပ်စွဲပြီး၊ ပြည်တွင်းဘဏ်များ ကို တောင်ကိုရီးယားရှိ ပြည်သူများက ဝေဖန်မှု တစ်စစကြီးထွားလျက်ရှိပါတယ်။

Wednesday, 25 Jul 2012

    တရုတ်ယွမ်ငွေကို အာရှဒေသမှာ ကုန်သွယ်မှုငွေပေး ငွေချေပြုလုပ်ရာမှာ တစ်စစ တိုးတက် အသုံးပြုလာလို့ အာရှဒေသရဲ့ နိုင်ငံခြားအရန်ငွေကြေးတစ်ခုအဖြစ် ရောက်ရှိ လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဇူလိုင် ၁၉ ရက်က ပြောပါ တယ်။

Pages