Main menu

Background

Sunday, 24 Jun 2012

      ယခုတစ်ပတ်အတွင်းတွင် အမေရိကန် ဒေါ်လာဈေးသည် ဇွန် ၁၅ ရက် တစ်နေ့တည်းအတွင်းမှာပင် အတက် အကျသုံးကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။မနက်ပိုင်းဗဟိုဘဏ်မှ ငွေဈေးဖွင့်သည့်အချိန်တွင် အမေရိကန်ဒေါ်လာဈေး သည် ၈၄၂ ကျပ် ဖြစ်သည့်အတွက် ငွေလဲစင်တာတွ င်ရောင်းဈေး ၈၅၃ ကျပ်၊ ဝယ်ဈေး ၈၄၄ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ရာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ ရောင်း ဈေး ၈၆၀ ကျပ် ဝယ်ဈေး ၈၅၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။

Sunday, 24 Jun 2012

    ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း International Finance Corporation (IFC) က  ဗီယက်နမ်မှာ ကော်ဖီစက်ရုံထူထောင်ဖို့ ကန်ဒေါ်လာ ၁၈ သန်းကို ခွင့်ပြုပေးသွားမှာဖြစ်ကြောင်းနဲ့ ဗီယက်နမ်က ကုန်ထုတ်လုပ်မှုစွမ်း ရည် မြှင့်တင်နိုင်ကာ ပြည်တွင်းအလုပ်သမားတွေအတွက် အလုပ်အကိုင် ပိုမိုဖန်တီးပေးနိုင်တော့မှာဖြစ် ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက IFC   ရင်းမြစ်ကိုအခြေခံကာ ပြောကြားလိုက်တယ်။    

Sunday, 24 Jun 2012

    ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ပိုမိုတင်းကျပ်သော ထိန်းသိမ်းကွပ်ကဲရေး စည်းမျဉ်းဥပဒေများ အကောင်အထည်ဖော်ခြင်းကို တရုတ်အစိုးရရွှေ့ဆိုင်းထားခဲ့ပါ တယ်။ တစ်ရိပ်ရိပ်မြင့်တက်နေသော ကမ္ဘာ့စီးပွားရေး မရေရာ မှုကြောင့် စီးပွားရေး ဆက်လက်နှေးကွေးေ နတဲ့အတွက် ဒုတိယအကြိမ်ဆက်လက်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်ပါ တယ်။ ကမ္ဘာ့ထိန်းသိမ်း ကွပ်ကဲရေး စံနှုန်းများကိုအခြေခံထားသော စည်းမျဉ်းဥပဒေ သစ်များကို နိုင်ငံတော် ကောင်စီ (ဝန်ကြီးအဖွဲ့) က ဇွန် ၆ ရက်က ကြေညာခဲ့ပါတယ်။ ဒီ စည်းမျဉ်းမှာ ငွေထုတ်ချေးသူ ရဲ့ ငွေအရင်းအနှီး လုံလောက်မှုလျာထားချက် များ၊ ချေးငွေဖြည့်ဆည်းမှုနဲ့ ငွေဖြစ်လွယ်မှုအခြေအနေများကို သတ်မှတ်ပြဌာန်းထား ပြီး ၂၀၁၃ ခုနှစ်ကစပြီး အကျိုးသက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

Sunday, 24 Jun 2012

    အရှေ့အလယ်ပိုင်း၊ မြောက်ပိုင်းအာဖရိကနဲ့ ယူရေးရှား ဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဇွန် ၅ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးမှာ ယူရို၊ ဒေါ်လာနဲ့ ယွမ်ငွေကြေးတို့ရဲ့ အပြည်ပြည်ဆိုင်ရာ အခန်း ကဏ္ဍမှာမရေရာမှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်စောင် ကို တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာမှာ ဒီငွေကြေး နယ်မြေ အသီးသီးမှာရှိကြတဲ့ မူဝါဒရေးဆွဲသူတွေရဲ့ အမျိုးမျိုးတုံ့ပြန် ဆောင်ရွက်မှုတွေကြောင့် ၂၀၃၀ ပြည့်နှစ် အပြည်ပြည်ဆိုင် ရာ ငွေကြေးစနစ်မှာ စိန်ခေါ်မှုရှိမဲ့ အလားအလာတွေ တွေ့ရ မယ်လို့ ဆိုပါတယ်။

Wednesday, 20 Jun 2012

      အီးယူဒေသနိုင်ငံတွေမှ ခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရဲ့ ကြွေးမြီအကျပ်အတည်းကို  ဘယ်လိုရင်ဆိုင် ဖြေရှင်းရမယ် ဆိုတဲ့ ဆွေးနွေးမှုတွေအတွက် သဘောတူညီမှုမရသေးခြင်း၊ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေ တိုးလာခြင်းနဲ့ တရုတ်နိုင်ငံမှာ ကုန်ထုတ်လုပ် မှုမဟုတ်တဲ့ လုပ်ငန်းတွေရဲ့ တိုးတက်နှုန်းကျဆင်းခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုအပေါ် စိုးရိမ်ပူပန်မှုပိုမို လာကြတယ်။

Thursday, 7 Jun 2012

    ဂရိနိုင်ငံက ယူရိုဇုန်က စွန့်ခွာမယ်ဆိုရင် ဂရိနိုင်ငံ သားတွေရဲ့ လက်ရှိ တစ်ဦးချင်းဝင်ငွေက ၅၅ ရာခိုင်နှုန်း ခန့် ကျဆင်းနိုင်ကြောင်း ဂရိအမျိုးသားဘဏ် ( NBG) က အေသင်မြို့မှာ မေ၂၉ ရက်က ပြောပါတယ်။

Thursday, 7 Jun 2012

    တရုတ်နဲ့ ဂျပန်နိုင်ငံတို့က ဇွန် ၁ ရက်ကစပြီး ငွေကြေးတိုက်ရိုက်ကုန်သွယ်မှုကို စတင်ခဲ့ပါတယ်။ယခုလှုပ်ရှားမှုကတစ်စစ ကြီးထွားနေတဲ့စီးပွားရေးထိုးနှက်ချက်ကို ဖြေ ရှင်းနိုင်ဖို့ယွမ်ငွေကြေးခရီးလမ်းမှာ တရုတ်နိုင်ငံက ခြေတစ်လှမ်းကို စတင်လိုက်တာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ပါဝင် လှုပ်ရှားနေသူတွေက ဒေါ်လာကို ကြားခံအနေနဲ့ ထားနေစရာမလိုဘဲ တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို တိုက်ရိုက်ဖလှယ်နိုင်တော့မှာ ဖြစ် ပါတယ်။ ဒါကြောင့် နိုင်ငံခြားကုန်သွယ်မှု ငွေပေးချေရာမှာ ပိုမိုအဆင်ပြေပြီး ကုန်ကျ စရိတ်တွေလည်း လျော့ကျလာမှာ ဖြစ်ပါတယ်။

Thursday, 7 Jun 2012

      မေ ၃၀ ရက်က ဗီယက်နမ်နိုင်ငံ Nha Trang မှာ ကျင်းပပြုလုပ်တဲ့ စက်မှုကွန်ဖရင့်မှာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့  သီဟိုဠ်စေ့များ တင်ပို့ရန် စာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုင်ဂုံတိုင်း သတင်းစဉ်က ထုတ်ပြန်ခဲ့ပါ တယ်။

Thursday, 7 Jun 2012

    အိန္ဒိယနိုင်ငံရဲ့ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှု (ဂျီဒီပီ) ကိန်းဂဏန်းများ ကျဆင်းနေပြီး နောက်ပိုင်း အိန္ဒိယရူပီး တန်ဖိုးသည် မေ ၃၁ ရက်က တစ်ဟုန်ထိုးကျဆင်းခဲ့ပြီး  BSE Sensex အညွှန်းကလည်း ကျဆင်းခဲ့ပါတယ်။ မနက်ပိုင်း ဈေးကွက်မှာ ရူပီးတန်ဖိုးက စံချိန်တင်အနိမ့်ဆုံးဖြစ်တဲ့ ၅၆ ဒသမ ၅၂ ရူပီးနှုန်းအထိ ကျဆင်းပြီးနောက် တစ်ဒေါ်လာကို ၅၆ ဒသမ ၀၈ ရူပီးထိ ပြန်ရောက်လာပါတယ်။ ရူပီးဈေးက မေ ၃၀ ရက်က တစ်ဒေါ်လာကို ၅၆ ဒသမ ၂၃ ရူပီးနှုန်းရှိ ခဲ့ပါတယ်။

Wednesday, 30 May 2012

    မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတို့က မိခင် နိုင်ငံသို့ ငွေပြန်လွှဲရာတွင် တရားဝင်ဘဏ်လုပ်ငန်းလမ်းကြောင်းမှ တိုးမြှင့်ဆောင် ရွက်ခြင်းဖြင့် နိုင်ငံတွင်းသို့ လွှဲငွေများ ပိုမိုစီးဝင်လာမည့်  နည်းလမ်းများကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံကြိုးစားဆောင်ရွက်နေပါတယ်။ဒီအစီအစဉ်ကို ဇွန် ၁၃ ရက်မှ ၁၅ ရက် အထိ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမှာ  ကျင်းပမဲ့ Second Show Case Bangladesh 2012   ပြပွဲမှာ စတင်ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်-မလေးရှားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌဟောင်း ဆယတ် မိုအာဇမ်ဟူစိန်က ပြောပါတယ်။

Pages