Main menu

Background

Monday, 26 Mar 2012

    ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတော်ပိုင်ငွေချေးဘဏ်ကြီးတစ်ခုဖြစ်တဲ့ Rayal Bank Of Scotland Group Plc က တောင်ကိုရီးယား၊ အင်ဒိုနီးရှားနဲ့စင်ကာပူနိုင်ငံတွေက တချို့လုပ်ငန်းတွေကို ပိတ်သိမ်းပြီး ထိုလုပ်ငန်းတွေကို စောစောပိုင်းက ပြန်ရောင်း မယ်လို့ ပြောခဲ့တဲ့အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ဗြိတိသျှငွေချေးကုမ္ပဏီကြီးက ကိုရီးယားနိုင်ငံရှိ ငွေကြေးရှယ်ယာများ၊

Sunday, 25 Mar 2012

    ၂၀၁၂ ခုနှစ်မှာ ယွမ်တန်ဖိုးကျဆင်းမဲ့ ဖိအားပေးမှုတွေနဲ့ တိုးတက်ရင်ဆိုင်နေရကြောင်းနဲ့ ယွမ်ငွေကို နိုင်ငံခြားငွေ ဝယ်ယူဖို့ အတွက် ထိန်းသိမ်းထားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဖွံ့ဖြိုးမှု နှစ်ခုစလုံးလည်း ထက်ဝက်ခန့်ကျဆင်းနိုင်ကြောင်း အာဏာ ပိုင်တွေ နီးစပ်သူအကြီးတန်း သုတေသီတစ်ဦးက မတ် ၁၄ ရက်က ပြောပါတယ်။ ဤခန့်မှန်းချက်ကို ဗဟိုဘဏ်က ရရှိခဲ့ ကြောင်း ဗဟိုအစိုးရÓဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ တရုတ်လူမှုသိပ္ပံ အကယ် ဒမီအဖွဲ့မှ ဘဏ္ဍာရေးဆိုင်ရာ ဘဏ်လုပ်ငန်းအဖွဲ့ ညွှန်ကြားရေးမှူး လျူယူဟိုင်းက ပြောပါတယ်။

Friday, 23 Mar 2012

ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲ မှုအများဆုံး တရုတ်နိုင်ငံရဲ့ ပို့ကုန် တင်ပို့မှုက ခန့်မှန်းထားတာထက် နှေး ကွေးသွားတယ်ဆိုတဲ့ သတင်းကြောင့် မတ် ၁၂ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းတွေ အနည်းငယ် အားနည်းသွား တယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ ဧပြီလ သင်္ဘောတင်ရမယ့် ရေနံစိမ်းက တစ်စည်ကို ၇၉ ဆင့်အထိ ကျဆင်းသွားပြီး ၁၀၆ ဒသမ ၅၅ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။

Friday, 23 Mar 2012

အမေရိကန်  ဒေါ်လာဈေးအား ဈေးနှုန်းအရှင် သတ်မှတ်မည်ဆိုခြင်း ကြောင့် ငွေလဲစင်တာများတွင် ဈေးနှုန်း များတစ်ပတ်အတွင်း အပြောင်းအလဲ မရှိခဲ့ဘဲ ငြိမ်သက်လျက်ရှိပြီး ပြင်ပဈေး ကွက်တွင်မူ  အပြောင်းအလဲအနည်း ငယ်သာရှိခဲ့ကြောင်း သိရသည်။ယခုတစ်ပတ်အတွင်းတွင် ငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ ဈေးမှာ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၇ကျပ် ဝယ်ဈေး ၈၁၃ ကျပ်ဖြင့် အ ပြောင်းအလဲမရှိဘဲ ငြိမ်သက်နေသည် ကို တွေ့ရသည်။

Tuesday, 13 Mar 2012

    ယန်းငွေတန်ဖိုးမြင့်တက်မှုနဲ့ အထွေထွေစီးပွားရေးကျဆင်းမှုကြောင့် ဂျပန် နိုင်ငံမှ စက်အစိတ်အပိုင်းနဲ့ အပိုပစ္စည်းတွေကိုတင်သွင်းနေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေက ပစ္စည်းတင်သွင်းမှုတွေကို လျှော့ချဖို့ကြိုးစားနေတယ်လို့မတ် ၈ ရက် က ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Tuesday, 13 Mar 2012

    နိုင်ငံကုန်သွယ်မှုမှာ တရုတ်ငွေကြေးအသုံးပြုမှုကို မြှင့် တင်ရန်အတွက် ယွမ်နဲ့ဆောင်ရွက်တဲ့ နယ်စပ်ကုန် သွယ်မှုကို လျင်မြန်စွာတိုးတက်အောင်ဆောင်ရွက်ဖို့ တရုတ်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အမေရိကန်ငွေတိုက် ဘွန်းစာချုပ်တွေကို အများဆုံးကိုင်ဆောင်ထားတဲ့ တရုတ် နိုင်ငံက အမေရိကန်ဘွန်းစာချုပ် ၈ ဒသမ ၂ ဘီလီယံကို လျှော့ချခဲ့ပါတယ်။

Monday, 12 Mar 2012

ယခုတစ်ပတ်တွင်လည်း အမေရိကန်ဒေါ်လာဈေးကွက်သည် လှုပ်လှုပ်ရှား ရှား သိပ်မရှိလှဘဲ ငြိမ်ချက်သားကောင်းနေဆဲပင်ဖြစ်သည်။ ပြီးခဲ့သည့်ရက်သတ္တ ပတ် အတွင်းကလည်း အမေရိကန်ဒေါ်လာဈေးကွက်သည် ငြိမ်ချက်သား ကောင်း နေခဲ့သည့်အတွက် ကုန်သည်များ စိတ်ကြိုက်တွေ့နေသည့် ကာလတစ်ရပ်အဖြစ် တည်ရှိခဲ့သည်။ မတ် ၅ရက်က သိမ်ဖြူငွေလဲစင်တာတွင် ရောင်းဈေး ၈၂၉ ကျပ်၊ ဝယ်ဈေး ၈၁၅ ကျပ်ရှိခဲ့ရာ မတ် ၉ ရက်နေ့အထိ အဆိုပါဈေးနှုန်းမှာ ပြောင်းလဲခြင်း မရှိခဲ့သည်ကိုတွေ့ရသည်။

Monday, 5 Mar 2012

    "ပုံမှန်မဟုတ်တဲ့" နယ်စပ်ဖြတ်ကျော်ငွေကြေး စီးဝင်မှုများအတွက် အထူးဦးစား ပေးဆောင်ရွက်ပြီး ဒီလို စီးဝင်တာကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ်ထားကြောင်း တရုတ်နိုင်ငံခြားငွေကြီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၂၇ ရက်က ပြောပါတယ်။

Monday, 5 Mar 2012

    မကြာသေးမီရက်များအတွင်းက ထိုင်းဘတ်တန်ဖိုးလျင် မြန်စွာ တန်ဖိုးမြင့်တက်ခဲ့ကြောင်းနဲ့ ကုမ္ပဏီများက ရရှိ လာတဲ့ အခွင့်အရေးကို အရအမိဆုပ်ကိုင်ကာ ရေလွှမ်းမိုးမှုကာလလွန် ပြန်လည်တည်ဆောက်ရေးအတွက် စက်ယန္တရားနဲ့လိုအပ်တဲ့ ပစ္စည်းများကို ဝယ်ယူထားသင့်ကြောင်း ထိုင်းဗဟိုဘဏ် ဒုတိယအုပ်ချုပ်ရေးမှူး ဆူချာဒါကီရာခူးက ပြောပါတယ်။ဂရိ နိုင်ငံတော် ကြွေးမြီပြဿနာအတွက် အဖြေကိုရှင်းလင်းတွေ့ မြင်ရတဲ့အတွက် ဘတ်ငွေအပါအဝင် အာရှဒေသတွင်း ငွေ ကြေးတွေခိုင်မာလာစေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေ အမြောက်အမြား အာရှဒေသထဲကို စီးဝင်လာပါတယ်။

Monday, 5 Mar 2012

    အမေရိကန်စီးပွားရေးတိုးတက်တဲ့ အတွက် အမေရိကန် ဗဟိုဘဏ်က နောက်ထပ်ငွေကြေးမူဝါဒလျှော့ချမှုအစီ ရင်ခံစာများကို လုပ်တော့မည့်လက္ခဏာ ကိုမတွေ့တဲ့အတွက် ဒေါ်လာဝယ်လို အားမြင့်တက်လာပြီးနောက်ပိုင်း ထိုင်း ဘတ်ငွေကဦးဆောင်ပြီး အာရှငွေကြေး များ တန်ဖိုးကျဆင်းခဲ့ပါတယ်။

Pages